ရှေ့သို့
Image

အာဆင်နယ်-ဝက်စ်ဟမ်းပွဲစဉ်အပေါ် သူ့ရဲ့ ခန့်မှန်းချက်ကို ပြောပြလိုက်တဲ့ အိုဝင်

3:50 PM, 14 December

လီဗာပူးနဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ ပွဲစဉ်ဟာ ၁ဂိုးစီ သရေနဲ့ ပြီးဆုံးသွားမယ်လို့ ယုံကြည်နေပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ပွဲမှာ ၃ပွဲနိုင်ပြီး ၃ပွဲရှုံးထားကာ နောက်ဆုံးပွဲမှာတော့ ဆောက်သမ်တန်ကို ၃ဂိုးပြတ် နိုင်ခဲ့ပါတယ်။

ယခုနှစ်ရာသီ အထူးခြေစွမ်းပြနေပြီး ချဲလ်ဆီးနဲ့ လီဗာပူးတို့ကို အနိုင်ယူထားတဲ့ ဝက်စ်ဟမ်းကတော့ တနင်္ဂနွေညက ဘန်လေကို ဂိုးမရှိ သရေကျခဲ့ါတယ်။ အိုဝင်က “ဒီပွဲက ပွဲကောင်း၁ပွဲ ဖြစ်သင့်ပါတယ်။ အာဆင်နယ်ထံကနေ ဘာတွေ မျှော်လင့်လို့ရလဲဆိုတာ လုံး၀ မသိပါဘူး။ သူတို့ အဲဗာတန်နဲ့ပွဲမှာ ခြေစွမ်းဆိုးခဲ့ပြီး ဆောက်သမ်တန်ကိုတော့ ပြန်ချေမှုန်းခဲ့ပါတယ်။ အဲ့ဒါက သူတို့အတွက် ဝက်စ်ဟမ်းကို ကျော်နိုင်မယ့် အခွင့်ကောင်းပါပဲ”

“ဘန်လေကို အဝေးကွင်းမှာ ကစားရတာက ဘယ်တော့မှ မလွယ်ပေမဲ့ မိုရက်စ်ကတော့ ၁မှတ်တည်းနဲ့ ပြန်ခဲ့ရလို့ စိတ်ပျက်နေဦးမှာပါပဲ။ ဝက်စ်ဟမ်းက အဆင့်၄နေရာမှာပဲ ရှိနေပေမဲ့ နောက်က အသင်းတွေ လိုက်လာပါပြီ။ ဝက်စ်ဟမ်းက ဒီပွဲကို မရှုံးအောင် အသည်းအသန်ကစားပြီး အာဆင်နယ်ကို အခက်တွေ့အောင် လုပ်မှာပါ။ အာဆင်နယ်တို့ ၁မှတ်ပဲ ရခဲ့လို့ စိတ်ပျက်နေတဲ့ပုံစံကို ကျွန်တော် မြင်နိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ယခုနှစ်ရာသီ အာတီတာလက်ထက် တိုးတက်လာပေမဲ့ အာဆင်နယ်ဟာ ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ရာမှာ ရုန်းကန်နေရပါတယ်။  ဂန်းနားတွေဟာ မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီးတို့ကို ဂိုးပြတ်တွေ ရှုံးခဲ့ပြီး ယူနိုက်တက်ကိုလည်း ၃-၂ဂိုးနဲ့ ရှုံးခဲ့ပါတယ်။

နွေရာသီအတွင်း ပေါင် သန်း၁၂၀ သုံးထားတဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ်ဝင်ခွင့် စိန်ခေါ်နိုင်အောင် ဝက်စ်ဟမ်းကို အနိုင်ယူပြဖို့ လိုအပ်နေခဲ့ပါတယ်။

#လီဗာပူး #ဝက်စ်ဟမ်း #မိုက်ကယ်အိုဝင်