ရှေ့သို့
Image

တစ်ဦးတည်းလေ့ကျင်ရေးတွေ ဆက်တိုက်ဆင်းပြီး ပွဲကစားဖို့ တဖြည်းဖြည်းနီးစပ်လာနေတဲ့ လီဗာပူးကွင်းလယ်လူ အီလီယော့

2:41 PM, 14 December

လီဗာပူးကွင်းလယ်လူ အီလီယော့က ပြင်းထန်တဲ့ ခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်လည်သက်သာဖို့ အတော်လေးနီးစပ်နေပြီး တနင်္လာနေ့မှာ တစ်ဦးချင်း လေ့ကျင်ရေးမှာ ဆက်ဆင်းနေခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းထံ အငှားသွားကစားရာတွင် ခြေစွမ်းပြခဲ့ပြီး လီဗာပူးရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ပါလာခဲ့ပြီး ပရီးမီးယားလိဂ်ရာသီအစ ပွဲတွေမှာလည်း ကလော့ပ်ရဲ့ ယုံကြည်စွာ ပွဲထွက်ပေးခြင်းကို ရရှိခဲ့ပါတယ်။

သြဂုတ်နှင့်စက်တင်ဘာလတွေမှာ ကလော့ပ်ရဲ့လီဗာပူးအသင်းအတွက် ၃ပွဲဆက်တိုက် ပါဝင်ကစားခွင့်ရခဲ့ပြီး လိဒ်စ်နဲ့ပွဲမှာ ကံမကောင်းစွာ လိဒ်စ်ကစားသမား စထရူဂျက်နဲ့ထိခိုက်မိကာ ခြေကျင်းဝတ်လည်ထွက်ကာ ပြင်းထန်တဲ့ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာအနေအထားအရ ရာသီအကုန်ထိ နားရနိုင်တယ်လို့ ယူဆခဲ့ပေမယ့် လက်ရှိမှာတော့ အီလီယော့ဟာ ဒဏ်ရာသက်သာကာ တစ်ဆင့်ချင်း လေ့ကျင်ရေးတွေ ဆင်းနိုင်ပြီ ဖြစ်ပါတယ်။

လီဗာပူးရဲ့ ဝက်ဆိုက်ဒ်ကနေ တဆင့်ဖော်ပြထားရာတွင် ခွဲစိတ်ကုသထားတာ ၃လသာ ရှိသေးသော်လည်း အီလီယော့ဟာ လေ့ကျင်ရေးပြန်ဆင်းလာခဲ့ပြီး တစ်ကိုယ်တည်း သီးသန့် လေ့ကျင်နေပါတယ်။

အသက်၁၈နှစ်သားဟာ အပြေးလေ့ကျင်မှုများစွာ၊ဘောလုံးထိချက်လုပ်ငန်းစဉ်တွေလည်း လုပ်ခဲ့ပြီး အပြည့်အ၀ ကြံခိုင်မှုရဖို့ နီးစပ်လာနေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ မကြာသေးခင်က ကလော့ပ်ရဲ့ အတည်ပြုချက်အရ အီလီယော့ ပွဲကစားနိုင်ဖို့ဟာ အချိန်အတော်ယူရအုံးမည်ဟု ပြီးခဲ့တဲ့လက အတည်ပြုခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့ ရေရှည်ရူထောင်မှာတော့ သူပါဝင်ပါတယ်။  နေ့တိုင်း အစောဆုံးအနေနဲ့ သူကို တွေ့နေရတာက သိပ်ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သူကို ပွဲကစားဖို့အတွက် အစောတလျင် ထည့်သုံးသွားမှာ မဟုတ်ပါဘူး။"

ဟု ပြောကြားခဲ့ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် နောက်ဆုံးရ အခြေအနေတွေကတော့ အီလီယော့ရဲ့ပုံစံက ပြန်လည်ကစားနိုင်ဖို့ နီးစပ်တဲ့ဟန် ရှိလာပါတယ်။

လာမယ့်လမှာ လီဗာပူးကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ ဆာလက်နှင့် မာနေးတို့ဟာ အာဖရိကဖလားသွားကစားရမှာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် ၂၀၂၂ အစောပိုင်းကာလတွင် အီလီယော့ ပြန်ကစားနိုင်မယ်ဆိုရင် ယခုနှစ်အတွင်း မန်စီးတီး၊ ချဲလ်ဆီးတို့နှင့်အပြိုင် ပရီးမီးယားလိဂ် တိုက်ပွဲဝင်နေတဲ့ လီဗာပူးအတွက် သတင်းကောင်းတစ်ခု ဖြစ်လာမှာပါ။

#လီဗာပူး #ဆာလက် #အီလီယော့