ရှေ့သို့
Image

လင်ဂတ်လို အဖြစ်မျိုး မဖြစ်စေရန် ဂေါ်လတ်ဟာကို သတိပေးလိုက်တဲ့ ဆမ်အလာဒိုက်စ်

10:57 AM, 14 December

လာမယ့်နွေရာသီတွင် မိခင်ကလပ်ဖြစ်တဲ့ ချဲလ်ဆီးအသင်းထံ ပြန်သွားပြီး ပုံမှန်ကစားခွင့် မရဘူးဆိုရင် ဂေါ်လတ်ဟာလည်း လင်ဂတ်အတိုင်း ဖြစ်သွားလိမ့်မယ်လို့ဆမ်အလာဒိုက်စ်က သတိပေး ပြောဆိုလိုက်ပါတယ်။ အင်္ဂလန်သား ဂေါ်လတ်ဟာသည် ခရစ္စတယ်ပဲလေ့စ်အသင်းမှာ အငှား သွားရောက်ကစားနေပြီး ယခုနှစ်အတွင်း သိမ်းငှက်သားအတွက် ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။

အသက်၂၁နှစ်သားဟာ ပရီးမီးယားလိဂ်တွင် ပြီးခဲ့တဲ့ တနင်္ဂနွေက အဲဗာတန်ကို ၃-၁ဂိုးဖြင့် အနိုင်ရခဲ့ရာတွင် ခြေစွမ်းပြဂိုးတွေ အပါဝင် ၆ဂိုးအထိ ပဲလေ့စ်အတွက် သွင်းယူထားပါတယ်။ ယခုနှစ်အတွင်း သူရဲ့ ခြေစွမ်းပြမှုတွေကြောင့် နည်းပြဆောက်ဂိတ်က ပြီးခဲ့တဲ့လက ဆန်မာရီနိုနဲ့ပွဲမှာ အင်္ဂလန် ပွဲဦးထွက်ရအောင် ရွေးချယ်သုံးစွဲထားခဲ့ပါတယ်။

၎င်းဟာ ရာသီအကုန်မှာ ချဲလ်ဆီးအသင်းထံ ပြန်သွားမှာဖြစ်ပြီး အသင်းမှာ ပွဲထွက်ခွင့်ရရန် မျှော်လင့်ထားသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးနည်းပြ တူချယ်က ဂေါ်လတ်ဟာရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်ပါ့မလားဆိုတာ ခန့်မှန်းရ ခက်နေပါတယ်။ အဆိုပါအခြေအနေနဲ့ ပတ်သက်လို့အလာဒိုက်စ်က ဂေါ်လတ်ဟာကို သတိပေး ပြောကြားလိုက်ပါတယ်။

“ကျွန်တော်အနေနဲ့ ပထမအသင်းမှာ နေရာမရခဲ့ရင် အချိန်အကြာကြီး ဆက်နေမှာ မဟုတ်ပါဘူး။ သူ အသင်းထံ ပြန်သွားပြီး နေရာရအောင် ကြိုးစားမှာပါ။ ဒါပေမဲ့ သူ ဒီလိုလုပ်မယ်ဆိုရင် ပထမအသင်းမှာ ကစားခွင့်ရမယ့် အချိန်တွေ ရှိမှာပါ။ ဒါပေမဲ့ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဂျက်စီလင်ဂတ်လို နောက်ပြန်သွားသလို ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အချိန်မှန်မှာ သင်အနေနဲ့ရွေးချယ်မှုကို ဂရုတစိုက် ရှိဖို့လိုပါတယ်။ လက်ရှိ ကော်နာ ကစားရနေသလို ဆက်လက်ပွဲထွက်ခွင့်ရမယ်။ ပဲလေ့စ်မှာလည်း သူ ပျော်ရွှင်နေတယ်ဆိုရင် ကျွန်တော်ကတော့ သူကို ဆက်ကစားသွားစေချင်ပါတယ်”ဟု ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်က လင်ဂတ်ဟာ မန်ချက်စတာယူနိုက်တက်ကနေ ဝက်စ်ဟမ်းသို့ဒုတိယရာသီဝက်မှာ အငှားထွက်ကစားခဲ့ပြီး ၉ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။ ဒါပေမဲ့ ရာသီအကုန်မှာ လင်ဂတ်က မန်ချက်စတာယူနိုက်တက်ကို ပြန်ကာ နေရာတစ်နေရာရဖို့တိုက်ပွဲဝင်ရန် ဆုံးဖြတ်ပြီး အသင်း မပြောင်းခဲ့ပါဘူး။

ဒါပေမဲ့ သရဲနီအသင်းမှာ ၂၀၂၁-၂၂ရာသီအတွင်း လင်ဂတ်ဟာ လိဂ်ပွဲတစ်ပွဲမှတောင် မကစားရသေးဘဲ လာမယ့်ဂျွန်လ စာချုပ်ကုန်ဆုံးချိန်မှာ အသင်းကနေ ထွက်ခွာသွားဖွယ် ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #လင်ဂတ် #ဆမ်အလာဒိုက်စ် #ဂေါ်လတ်ဟာ