ရှေ့သို့
Image

စည်းကမ်းအဆိုးဆုံးအသင်းအဖြစ် ရပ်တည်နေပေမဲ့ လိဒ်စ်က ကြမ်းကြမ်းတမ်တမ်း ကစားတတ်တဲ့ အသင်းမဟုတ်ဘူးလို့ ဘီယဲလ်ဆာဆို

9:48 AM, 14 December

မာဆယ်လို ဘီယဲလ်ဆာက လိဒ်စ်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် စည်းကမ်းပိုင်း အဆိုးဆုံးအသင်းအဖြစ် ရပ်တည်နေမေဲ့ ညစ်ပတ်ပြီး ကစားတတ်တဲ့အသင်း မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ လိဒ်စ်ဟာ စနေည ချဲလ်ဆီးနဲ့ ပွဲအပြီးမှာ ၂သင်းကြား တွန်းထိုးမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် အဝါကတ် ၅ကတ်ပြသခံခဲ့ရပါတယ်။

အသင်းမှာ အဝါထပ်ထိရင် ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရနိုင်တဲ့ ကစားသမား ၇ဦးအထိ ရှိနေပြီး ယခုနှစ်ရာသီ အဝါကတ်ပြခံရမှု ၄၆ကြိမ်အထ ရှိကာ ပရီးမီးယားလိဂ်မှာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးဖြစ်တဲ့ နယူးကာဆယ်ထက် ၇ကတ်ထိ ပိုများနေခဲ့ပါတယ်။ ဘီယဲလ်ဆာ ကိုင်တွယ်နေတဲ့ အသင်းကို ပြစ်ဒဏ်ကျူးလွန်မှု များပြားလွန်းတာကြောင့် ညစ်ပတ်တဲ့ လိဒ်စ်အသင်းအဖြစ် နာမည်တပ်မှုတွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဘီယဲလ်ဆာက “ကျွန်တော်တို့ ကြမ်းကြမ်းတမ်းတမ်း ကစားတတ်တဲ့အသင်းလို့ မထင်ပဲ ဒီလိုအရာမျိုးလည်း ကျွန်တော် မမြင်မိပါဘူး။ တစ်ခါတစ်လေ တမင် အဝါကတ်ယူလိုက်ရတာမျိုးလည်း ရှိပြီး တစ်ခါတစ်လေကျ ခံစားချက်များလွန်းတာကြောင့် ပြခံလိုက်ရတာလည်း ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

ရာဖင်ဟာ၊ တိုင်လာ ရောဘတ်၊ ဖာပို၊ လော်ရန်တေး၊ ရှယ်လက်တန်တို့ဟာ ယခုနှစ်ရာသီ အဝါကတ်၄ကြိမ်စီ ပြသခံထားရပြီး ဒဏ်ရာရနေတဲ့ ကူပါးနဲ့ ရိုဒီရဂိုတို့လည်း တူတူပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် စည်းမျဉ်းအရ ၁၉ပွဲကစားပြီးချိန် အဝါကတ် ၅ကတ်ထိတဲ့ ကစားသမားအနေနဲ့ ၁ပွဲပယ်ပြစ်ဒဏ် ကျခံရမှာ ဖြစ်မေဲ့ ဘီယဲလ်ဆာက အဆိုပါ အဝါကတ်၄ကတ် ပြခံထားရတဲ့ ကစားသမားတွေကြောင့် ယနေ့ည မန်စီးတီးနဲ့ ပွဲစဉ် လူစာရင်းရွေးချယ်မှုကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဘီယဲလ်ဆာက “အဝါကတ်ထပ်ထိနိုင်တယ်ဆိုပြီး ပုံမှန် ကစားနေကျ ကစားသမားတွေ ထပ်ပြီး မှာနေစရာ မလိုပါဘူး။ သူတို့ ပွဲပယ်ပြစ်ဒဏ်နဲ့ မနီးစပ်နေရင်တောင် အလွန်အကျွံလုပ်စရာတွေ မလိုတာကြောင့် ကစားသမားတွေ အဝါထိနိုင်တဲ့အပေါ် ထွေထွေထူးထူး မှာစရာ မလိုပါဘူး။ အဝါကတ်မပြခံရဖို့က အမြဲတမ်း ကြိုးစားရမယ့် အရာဖြစ်ပါတယ်”

#လိဒ်စ်ယူနိုက်တက် #ဘီယဲလ်ဆာ