ရှေ့သို့
Image

ကိုဗစ်ကူးစက်မှုနှုန်း မြင့်မားနေပေမဲ့ ကြာသပတေးည တော့တင်ဟမ်နဲ့ ပွဲကို ကစားရမယ်လို့ ရော်ဂျာစ် မျှော်လင့်ထား

9:35 AM, 13 December

ဘရန်ဒန် ရော်ဂျာ်စ်က ကိုဗစ်ကူးစက်မှုနှုန်း မြင့်မားနေပေမဲ့ တော့တင်ဟမ်နဲ့ ကြာသပတေးညပွဲစဉ်ကို ကစားရဖို့ မျှော်လင့်ထားကြောင်း ပြောခဲ့ပါတယ်။ လက်စတာအသင်းမှာ ကိုဗစ်ကြောင့် အပါအဝင် ကစားသမား ၇ဦးအထိ မပါပဲ ကစားခဲ့ရပြီး နယူးကာဆယ်နဲ့ပွဲကို ၄ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

အဆိုပါပွဲစဉ် လွဲချော်ခဲ့တဲ့ ကစားသမားတွေထဲ အမာတေး တစ်ယောက်သာ တော့တင်ဟမ်နဲ့ပွဲ ပါဝင်နိုင်ဖွယ် ရှိတယ်လို့ ရော်ဂျာစ်က ယုံကြည်နေပါတယ်။ ဒါပေမဲ့ တော့တင်ဟမ်မှာ ကိုဗစ်ပိုးကူးစက်ခံရသူ များနေတာကြောင့် ရန်းနက်စ်၊ ဘရိုက်တန်တို့နဲ့ ပွဲစဉ်တွေကို ကစားနိုင်ခြင်း မရှိသလို လက်စတာနဲ့ပွဲကလည်း မသေမချာ ဖြစ်နေခဲ့ပါတယ်။

ရော်ဂျာစ်က “ဘယ်နှယောက် ကူးစက်ခံရတယ်ဆိုတာ ပြောလို့ မရပါဘူး။ ဒါကဆေးပညာဆိုင်ရာ ဖြစ်ပြီး ကျွန်တော် ကြေညာစရာ မလိုတဲ့အရာ မဟုတ်ပေမဲ့ ကိုဗစ်နဲ့ ဒဏ်ရာပြဿနာတွေ ရောနေသလို ဖြစ်တာကြောင့် အဲ့ဒီလောက်ပဲ ကျွန်တော် ပြောနိုင်ပါတယ်။ ကျွန်တော် တော့တင်ဟမ်နဲ့ပွဲ မကစားရဘူးဆိုပြီး ပြောသံတော့ မကြားပဲ ဒါကလည်း ယူအီးအက်ဖ်အေနဲ့ ဆိုင်ကာ ဒီပွဲက ဆက်ကစားစြ်မယ်လို့ ထင်ပါတယ်။ အခြားတော့ ကျွန်တော်တို့ကို ဘာမှမပြောထားပါဘူး”လို့ ပြောခဲ့ပါတယ်။

လက်စတာအသင်းဟာ ယခုလအတွင်း ပွဲကျပ်တွေ ဆက်တိုက်ကစားရမှာ ဖြစ်ပြီး ၉ပွဲအထိ ကစားရဖို့ ပွဲစဉ်ဇယား ရေးဆွဲထားပါတယ်။ ဆက်လက်ပြီး ရော်ဂျာစ်က “ကျွန်တော်တို့ maks တပ်တာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ သီးခြားစီ နေခြင်းတို့လို ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားပါတယ်။ ကျွန်တော်တို့ ကိုဗစ်ပိုးတွေ့ရှိမှုတွေ အများအပြား ရှိနေတာ ကံမကောင်းတာ ဖြစ်ပြီး ဆောင်းရာသီပြီးရင် ဘာဖြစ်လာမလဲ ကြည့်ရပါမယ်”လို့ ဆိုခဲ့ပါတယ်။

#တော့တင်ဟမ် #လက်စတာ #ရော်ဂျာ