ရှေ့သို့
Image

မန်စီးတီးနဲ့ ပွဲမှာ ပရီးမီးယားလိဂ် အထူးဆန်းဆုံး အနီကဒ်ပြသခြင်းတွေထဲက တစ်ခုနဲ့ ကြုံခဲ့ရတဲ့ ဂျီမီနက်ဇ်

10:58 AM, 12 December

စနေနေ့က မန်စီးတီး အသင်းရဲ့ အိမ်ကွင်းသို့ သွားရောက်ကစားခဲ့တဲ့ပွဲမှာ ဝုဗ်ကစားသမား ဂျီမီနက်ဇ်ဟာ အဓိပ္ပါယ်မဲ့ စွာ ၂ဝါ၁နီ ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ ကွင်းလယ်ဒိုင်လူကြီးဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ မက္ကဆီကိုတိုက်စစ်မှုးကို အဝါကဒ် ၂ ကဒ်ပြသခဲ့တာဖြစ်ပါတယ်။

ဂျီမီနက်ဇ်ဟာ ပြိုင်ဘက်ကစားသမား ရိုဒရီကို ပထမပိုင်းပြီးခါနီး ကွင်းလယ်စက်ဝိုင်းနားမှာ ဖြတ်ထုတ်ခဲ့တာဖြစ်ပါ တယ်။ ပထမအကြိမ်ဖြတ်ထုတ်မှုက အငြင်းပွားဖွယ်ရာဖြစ်ခဲ့သော်လည်း ဘောလုံးကန်ဖို့ ပိတ်ပင်သလိုဖြစ်နေခဲ့တဲ့ ဂျီမီနက်ဇ်ကို ဒိုင်လူကြီးက နောက်ထပ် အဝါကဒ်ပြားထပ်မံပြသခဲ့ပါတယ်။

ရူဘန်ဒီးရက်စ်နှင့် ရိုဒရီတို့ဟာ ဖြတ်ထုတ်ခြင်းခံခဲ့ရပြီး ဂျီမီနက်ဇ်အတွက်ကတော့ ဆိုးရွားခဲ့ရကာ ရူဘန်နေဗက်စ် ကလည်း အဝါကဒ်ပြသခြင်းခံခဲ့ရပါတယ်။ ဝုဗ်နည်းပြ ဘရူနီလာ့ဂျ်ကလည်း ဂျီမီနက်ဇ်က ကွင်းအပြင်ဘက်သို့ လျှောက်လာတဲ့အချိန်မှာ အရမ်းကိုအံ့ဩသွားခဲ့ ကာ သူ့ရဲ့အသင်းဟာ ကျန်ရှိနေတဲ့ မိနစ်တွေကို ကစားသမား ၁၀ ဦးတည်းနှင့် ကစားရမှာဖြစ်ပြီး ပထမပိုင်းကတော့ ဂိုးမရှိသရေနှင့် ပြီးဆုံးခဲ့ပါတယ်။

သို့သော်လည်း ဂိုးဧရိယာအတွင်းမှာ မော်တင်ဟိုက လက်ထိခဲ့တယ်လို့ ကွင်းလယ်ဒိုင်က ဆုံးဖြတ်ခဲ့တဲ့အတွက် မန်စီးတီးအသင်းက ပင်နယ်တီရရှိခဲ့ပြီး စတာလင်က အမှားအယွင်းမရှိကန်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးဟာ နိုင်ပွဲဆက်နိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ထိပ်ကနေ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာကနေ ပြန်လည်သက်သာလာတဲ့ ဂျီမီနက်ဇ်ကို မန်စီးတီးနှင့်ပွဲမှာ ပါဝင်ဖို့ ကြံ့ခိုင်မှုပြည့်ဝတယ်လို့ နည်းပြ ဘရူနီလာ့ဂျ်က ပြောဆိုခဲ့ပြီး တိုက်စစ်မှုးကလည်း ပွဲထွက်စားရင်းမှာ ပါဝင်လာခဲ့တာ ပါ။

“တစ်ခါတစ်လေမှာ အကောင်းဆုံးဆိုတာက မေးခွန်းမေးဖို့အတွက် အခွင့်အရေးတစ်ခုပါ၊ ကြည့်လိုက်ပါ မန်စီးတီး နဲ့ပွဲမှာ သူက ဒီလောက်အထိ ပေးဆပ်လိုက်ရတယ်လို့ ကျွန်တော်မပြောချင်ပါဘူး။ ဂွါဒီယိုလာက ငွေကြေးတွေနဲ ရောက်လာပြီး ရာအူးလ်ကို ဝယ်လိုက်တာပါ။ သူ့အတွက် အကြံဉာဏ်လည်းမပေးချင်ပါဘူး၊ သူ့ကိုစာချုပ် ချုပ်ဆိုပြီး ဝုဗ်အတွက် နောက်ထပ် ၁၀ လောက် ကစားစေချင်ပါတယ်”

“ကျွန်တော့်အတွက်ကတော့ သူက ဘယ်အသင်းမှာမဆိုကိုက်ညီတဲ့သူပါ။ သူလိုကစားသမားမျိုးရှိရတဲ့အတွက် လည်း ပျော်ရွင်မိပါတယ်။ ကျွန်တော်တို့အသင်းမှာ ငွေကြေးမရှိတဲ့အတွက် ဘင်ဖီကာကနေ သူ့ကိုရောင်းချခဲ့ရပါ တယ်။ အခုတော့ သူနဲ့အတူ အသင်းတစ်သင်းထဲမှာရှိရတဲ့အတွက် ပျော်ရွင်မိပါတယ်။ သူဟာ ထိပ်တန်းကစားသမားဖြစ်လိုတဲ့ ကစားသမားတွေအတွက်တော့ စံပြပါပဲ၊ လွန်ခဲ့တဲ့ ၅နှစ်လောက်က အကြောင်းကို ပြောရမယ်ဆိုရင် ချန်ပီယံလိဂ်မှာ ရာအူးလ်က ဘိုင်ယန်မြူးနစ်ဘက်သို့ ဘင်ဖီကာအသင်းအတွက် ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်”

“ကျွန်တော်တို့အသင်းအတွက် ကစားပေးနေ့တဲ့ ကမ္ဘာ့အကောင်းဆုံးစကားသမားတွေထဲက တစ်ဦးအကြောင်းကို ကျွန်တော်တို့က ပြောနေကြတာပါ။ ဒါဟာ ဘောလုံးသမားဖြစ်လာချင်တဲ့သူတွေအတွက်တော့ အတုယူစရာပါ။ ဒါဟာ ထိပ်တန်းကစားသမားဖြစ်လာဖို့ စံပြပဲဖြစ်ပြီး အဲ့ဒီထဲမှာ ရာအူးလ်လည်းပါဝင်ပါတယ်လို့ အရင်က ကျွန်တော် ပြောခဲ့ဖူးပါတယ်”လို့ ဘရူနိုလာ့ဂျ်က ပြောပါတယ်။

#မန်စီးတီး #ဂျီမီနက်ဇ်