ရှေ့သို့
Image

ကာဗာနီ၊ ဗာရာနီနဲ့ ဝမ်ဘစ်ဆာကာတို့ ပြန်လာမယ့်အချိန်ကို ရန်နစ် ထုတ်ဖော်ပြောကြား

3:01 PM, 11 December

ရန်နစ်ကတော့ ယူနိုက်တက်အသင်းနဲ့အတူ ပထမဆုံးအဝေးကွင်းပွဲအဖြစ် စနေနေ့မှာ နောဝစ်ချ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ရန်နစ်ကတော့ ပထမဆုံးပွဲအဖြစ် ပဲလေ့စ်အသင်းနဲ့ပွဲမှာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ ချန်ပီယံလိဂ်ပွဲမှာတော့ ၁-၁ ဂိုးသရေကန်နိုင်ခဲ့ပါတယ်။

ဂျာမန်သားဟာ ပဲလေ့စ်နဲ့ပွဲမှာ အကယ်ဒမီထွက်ကစားသမားနည်းနည်းသာ အသုံးပြုခဲ့ရပါတယ်။ ဒါပေမယ့် နောဝစ်ချ်နဲ့ပွဲမှာတော့ ကစားသမား ၆ ဦးလောက်အထိ ဒဏ်ရာရရှိနေပါတယ်။ ဝမ်ဘစ်ဆာကာကတော့ ယန်းဘွိုှင်းလ်နဲ့ပွဲမှာ ဒဏ်ရာ ရရှိခဲ့တာဖြစ်ကာ နောဝစ်ချ်နဲ့ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။

ဒါ့အပြင် မာတစ် ၊ ဗာရာနီ ၊ ကာဗာနီ နဲ့ မာရှယ်တို့လည်း ဒဏ်ရာရရှိနေကာ ပေါ့ဂ်ဘာပါ လွဲချော်ဖွယ်ရှိနေပါတယ်။ မာရှယ်ကတော့ ဒူးဒဏ်ရာရရှိနေပြီး ကာဗာနီက အရွန်ဒဏ်ရာ နဲ့ ဗာရာနီက ပေါင်ခြံဒဏ်ရာရရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်မှာ ဒဏ်ရာရကစားသမားတွေများပြားနေပြီး လူငယ်တွေကိုသာ အားထားရဖွယ်ရှိနေပါတယ်။  ပေါ့ဂ်ဘာကတော့ ကာလရှည်နားရမှာဖြစ်နိုင်တယ်လို့ ရန်နစ်က ပြောကြားထားကာ ကျန်ကစားသမားတွေက မကြာခင်မှာ ပြန်လာမယ်လို့ဆိုထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကာဗာနီ #ရန်နစ် #ဝမ်ဘစ်ဆာကာ