ရှေ့သို့
Image

ပေါ့ဂ်ဘာရဲ့ စိတ်ကို ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ရန်နစ် အခိုင်အမာပြောကြား

11:24 AM, 11 December

ယူနိုက်တက်နည်းပြ ရန်နစ်က ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့စိတ်ကိုပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ကာ နွေရာသီမှာ ထွက်ခွာချင်တယ်ဆိုရင် ထွက်ခွာခွင့်ပေးသွားမယ်လို့ ဆိုလိုက်ပါတယ်။ ပေါ့ဂ်ဘာဟာ သောကြာနေ့တုန်းက ၃ ပတ်တာ ပြန်လည်ကြံ့ခိုင်မှုပြုလုပ်ပြီးနောက် ဒူဘိုင်းကနေ ပြန်လာခဲ့တာဖြစ်ကာ ရန်နစ်က ယူနိုက်တက်ဒဏ်ရာရကစားသမားတွေအနေနဲ့ ကာရင်တန်မှာပဲ ဆေးကုသမှုခံယူရမယ်လို့ သတိပေးခဲ့ပါတယ်။

ပြင်သစ်သားရဲ့စာချုပ်သက်တမ်းဟာ ရာသီအကုန်မှာကုန်ဆုံးမှာဖြစ်ကာ ၂၀၁၆ တုန်းက  ယူနိုက်တက်ကို ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ယာယီနည်းပြ ရန်နစ်က ယူနိုက်တက်အနေနဲ့ အသင်းမှာဆက်မနေချင်တဲ့ကစားသမားကို ဆက်ထိန်းမှာမဟုတ်ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

"ယူနိုက်တက်လိုအသင်းကြီးတစ်သင်းမှာ ကစားသမားတိုင်းကစားချင်ပါတယ်။ ဒီအသင်းမှာ မကစားချင်တဲ့သူတစ်ယောက်ကို ဆက်မထိန်းချင်သလို သူ့စိတ်ကိုလည်း မပြောင်းချင်ပါဘူး"လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

ရန်နစ်ဟာ အင်္ဂါနေ့တုန်းက ပေ့ါဂ်ဘာနဲ့ ဖုန်းပြောဖြစ်ခဲ့ကြကာ တနင်္ဂနွေနေ့မှာ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြပါတယ်။ ပေါ့ဂ်ဘာဟာ ပေါင်ခြံဒဏ်ရာကို ဒူဘိုင်းမှာ ကုသခဲ့ပေမယ့် ရန်နစ်က ကစားသမားတွေအနေနဲ့ အသင်းရဲ့ဆေးအဖွဲ့မှာပဲ ကုသမှုခံယူရမယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။

"အသင်းကစားသမားတွေကို နိုင်ငံခြား ဒါမှမဟုတ် ဘယ်ကိုမှမသွားစေချင်ပါဘူး။ ဒါပေမယ့် ပေါ့ဂ်ဘာရဲ့ဆုံးဖြတ်ချက်က ကျွန်တော်မလာခင်ကတုန်းပါ။ အသင်းရဲ့ဆေးအဖွဲ့နဲ့ စကားပြောပြီးပါပြီ။ အနာဂတ်မှာ ဒဏ်ရာရကစားသမားတွေကို ဒီမှာရှိတဲ့ဆေးအဖွဲ့နဲ့ပဲ ဆေးကုသရပါမယ်"လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၁၅ ပွဲကစားပြီးချိန်မှာ ၂၄ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေကာ ပထမဆုံးပွဲမှာ ပဲလေ့စ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ စနေနေ့မှာတော့ ယူနိုက်တက်ဟာ နောဝစ်ချ်အသင်းနဲ့ အဝေးကွင်းပွဲရင်ဆိုင်ရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပေါ့ဂ်ဘာ #ရန်နစ်