ရှေ့သို့
Image

ဒဏ်ရာရခဲ့ပြီးနောက် ယခုလို ရုန်းကန်ရတာမျိုး တစ်ခါမှမကြုံဖူးဘူးလို့ ဝါနာ ဖွင့်ဟ

2:40 PM, 10 December

တီမို ဝါနာက ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ယခုလို ရုန်းကန်ရတာမျိုး တစ်ခါမှ မကြုံဖူးပါဘူးလို့ ဖွင့်ဟသွားခဲ့ပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူးဟာ တံကောက်ကြော ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် ၃ဂိုး ပြန်သွင်းထားနိုင်ခဲ့ပါတယ်။ ဇင်းနစ်နဲ့ပွဲမှာ ချဲလ်ဆီးတို့ ကစားပုံ ဆိုးခဲ့ပေမဲ့ ဝါနာကတော့ ၂ဂိုးသွင်း ၁ဂိုးဖန်တီးကာ စွမ်းဆောင်ရည်ကောင်းကို ပြသခဲ့ပါတယ်။

ဝါနာက “ဒဏ်ရာရပြီးတဲ့နောက် ၁လအကြာ ပြန်ကစားနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ အဲ့ဒီလို ကျွန်တော် တစ်ခါမှ မကြုံဖူးပါဘူး။ အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်ဖို့ အရေးကြီးပြီး ဒဏ်ရာကနေ ပြန်လာပြီးနောက် ၂ဂိုး သွင်းနို်ငခဲ့တာက လိုချင်တဲ့ အဆင့်တစ်ခုကို ပြန်ရောက်အောင် ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘောလုံးက အသင်းလိုက် ကစားတာဖြစ်တာကြောင့် နိုင်ပွဲမရတဲ့အခါ စိတ်ပျက်ရပါတယ်”လို့ ပြောခဲ့ပါတယ်။

နည်းပြ တူချယ်ကလည်း ဇင်းနစ်နဲ့ပွဲစဉ်က ခြေစွမ်းအပေါ် ပေါက်ကွဲနေက လိဒ်စ်နဲ့ပွဲမှာ အလှည့်အပြောင်းတစ်ခုအဖြစ် ပြန်လာနိုင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

တူချယ်က “ကျွန်တော်တို့ အရမ်းကောင်းတဲ့ ၁၅မိနစ်ကို ကစားခဲ့ပြီး ဘယ်လို ဖြစ်သွားလဲ မသိပါဘူး။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော်တို့ အခွင့်အရေးတွေ ရချိန် အသုံးမချနိုင်ခဲ့တာကြောင့် နိုင်ပွဲနဲ့ လွဲချော်ခဲ့ပါတယ်။ အဲ့ဒီနောက် ကျွန်တော်တို့ ယုံကြည်မှု တော်တော်လေး ပျောက်ဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားပုံ ပိုကောင်းခဲ့ပါတယ်။ ပထမပိုင်းအပြီး ၃-၂ဂိုးနဲ့ ဦးဆောင်နေချိန် ပွဲကို နိုင်ကို နိုင်ရမှာပါ”လို့ ဆိုခဲ့ပါတယ်။

#ချဲလ်ဆီး #ဝါနာ