ရှေ့သို့
Image

ဇန်နဝါရီမှာ ခေါ်ယူသွားဖွယ်မရှိပေမယ့် အနာဂတ် အပြောင်းအရွှေ့ပစ်မှတ်အဖြစ် ဘိုဝမ်နှင့် ရာဖင်ဟာတို့ကို စောင့်ကြည့်နေတဲ့ လီဗာပူး

10:22 AM, 10 December

လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းတောင်ပံကစားသမား ဂျာရုဒ် ဘိုဝမ်ကို အနာဂတ် အပြောင်းအရွှေ့ပစ်မှတ်အဖြစ် စောင့်ကြည့်နေတယ်လို့Liverpool Echo က ဖွင့်ဟသွားခဲ့ပါတယ်။ နည်းပြကလော့ပ်ရဲ့ အသင်းဟာ လိဒ်စ်မှာ ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား ရာဖင်ဟာကိုလည်း စောင့်ကြည့််နေပြီး လာမယ့်လမှာ အပြောင်းအရွှေ့စဖွင့်မယ့် ဇန်နဝါရီမှာတော့ ကမ်းလှမ်းဖွယ်မရှိဘူးလို့ဆိုပါတယ်။

လီဗာပူးအသင်းဟာ လာမယ့်နှစ်နွေရာသီမှာ အရန်ကစားသမားဖြစ်တဲ့ အိုရီဂီကို ဆုံးရှုံးရဖွယ်ရှိတာကြောင့် အစားထိုးကစားသမားကို ရှာဖွေနေတာ ဖြစ်ပါတယ်။ အသက်၂၄နှစ်အရွယ် ဘိုဝမ်ဟာ ဝက်စ်ဟမ်းအသင်း ပရီးမီးယားလိဂ် အဆင့်၄နေရာ၊ ယူရိုပါလိဂ်၁၆သင်းအဆင့် ရပ်တည်နေရာမှာ အဓိက ပါဝင်ကစားနေသူဖြစ်ပြီး ပြိုင်ပွဲစုံ ၄ဂိုး သွင်းယူထားခဲ့ပါတယ်။

၂၀၂၀တွင် ဟူးလ်စီးတီးကနေ ခြေစွမ်းပြကာ ဝက်စ်ဟမ်းအသင်းထံ ပေါင်သန်း၂၀ဖြင့် ဘိုဝမ် ရောက်လာခဲ့ပြီး ချန်ပီယံရှစ်တွင် ၂၂ဂိုးအထိ သွင်းယူပေးခဲ့ကာ ဝက်စ်ဟမ်းကို မရောက်ခင် ပထမရာသီဝက်မှာလည်း ၁၆ဂိုးအထိ သွင်းယူခဲ့ပါတယ်။ LiverpoolEchoရဲ့ဖော်ပြချက်အရ ကလော့ပ်ရဲ့အသင်းဟာ ဘိုဝမ်အား ပြီးခဲ့တဲ့ရာသီကတည်းက စောင့်ကြည့်နေခဲ့တာဖြစ်ပြီး တိုက်စစ်ပိုင်းအတွက် အစားထိုးမှုတစ်ရပ်အဖြစ် ရှိနေခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီက အိုရီဂီသာ ထွက်ခွာသွားပါက ဘိုဝမ်ကို လီဗာပူး ခေါ်ယူမယ့် အနေအထား ရှိခဲ့ပြီး ဘယ်လ်ဂျီယံသားကို ကမ်းလှမ်းမယ့်အသင်း မရှိခဲ့တာကြောင့် ဖြစ်ပေါ်မလာခဲ့တာပါ။ ယခုနှစ်အတွင်း အိုရီဂီဟာ ပွဲကစားခွင့် သိပ်မရပေမယ့် လီဗာပူးအတွက် အရေးပါတဲ့ဂိုးတွေ သွင်းပေးနေဆဲ ဖြစ်ပြီး ဝုဗ်နဲ့ပွဲမှာ အနိုင်ဂိုးသွင်းခဲ့သလို အေစီမီလန်ကို ၂-၁ဂိုးဖြင့် အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း အနိုင်ဂိုးသွင်းယူထားပါတယ်။

သို့သော် ပထမအသင်းမှာ နေရာရမယ့် အခွင့်အရေး မရှိတာကြောင့် ကလပ်မှာ ရေရှည်ဆက်နေသွားဖွယ် မရှိဘဲ ၂၀၁၉ခုနှစ်က ၅နှစ်စာချုပ်အထိ ချုပ်ထားသော်လည်း လာမယ့်အပြောင်းအရွှေ့တွေမှာ ထွက်ခွာသွားနိုင်တာ ဖြစ်ပါတယ်။ ဘိုဝမ်အပြင် လီဗာပူးဟာ လိဒ်စ်အတွက် ပရီးမီးယားလိဂ်၁၃ပွဲမှာ ၆ဂိုးသွင်းယူထားတဲ့ ရာဖင်ဟာကို စောင့်ကြည့်လျက် ရှိပါတယ်။

#လီဗာပူး #လိဒ်စ်ယူနိုက်တက် #ရာဖင်ဟာ #ဘိုဝမ်