ရှေ့သို့
Image

ပရီးမီးယားလိဂ်ရှိ ကစားသမားအားလုံးထက် ဆာလက် လစာပိုရသင့်တယ်လို့ ခရော့ချ် ပြော

3:53 PM, 9 December

လီဗာပူးအသင်းကြယ်ပွင့် မိုဟာမက်ဆာလက်ဟာ ပရီးမီးယားလိဂ်မှာ လစာအကောင်းဆုံး ကစားသမားအဖြစ် ရှိနေသင့်တယ်လို့ပီတာခရောချ်က ပြောဆိုလိုက်ပါတယ်။

ကြိုးကြာနီကစားသမားဟာ စာချုပ်မှာ ၁၈လကျန်နေသေးပြီး လက်ရှိတွင် စာချုပ်သစ်အတွက် လီဗာပူးနဲ့ဆွေးနွေးမှု လုပ်လျက် ရှိပါတယ်။ လီဗာပူးကစားသမားဟောင်းခရော့ချ်က အီဂျစ်သားဟာ အင်္ဂလန်ဘောလုံးလောကရှိ မည်သည့်ကစားသမားထက်မဆို လစာပိုရရန် ထိုက်တန်သူဟု ယုံကြည်နေပါတယ်။

ဘီတီစပေါ့တ်သို့အင်္ဂလန်တိုက်စစ်မှူးဟောင်းက ပြောရာမှာ “လက်ရှိ လိဂ်မှာ ဆာလက်လောက် ဘယ်သူမှ မကောင်းပါဘူး။ လိဂ်မှာ ဒီလိုအကောင်းဆုံးကစားသမား ရှိနေတယ်ဆိုရင် သူကို တစ်ခုခုပေးရမှာပါ”ဟု ဆိုသည်။

လက်ရှိ ပရီးမီးယားလိဂ်တွင် လစာအကောင်းဆုံး ကစားသမားက ခရစ္စတီယာနို ရော်နယ်ဒိုဖြစ်ပြီး တစ်ပတ်လစာ ပေါင်၄၈၅၀၀၀ ရရှိနေပါတယ်။ ရော်နယ်ဒိုဟာ ဒုတိယနေရာလစာ အကောင်းဆုံးဖြစ်နေတဲ့ ဒီဘရိုင်းထက် ပေါင်၁သိန်းလောက်ပိုရနေပြီး တတိယနေရာမှာ ဒီဂီယာက ပေါင်၃၇၅၀၀၀ ရနေပါတယ်။

အဲဒီနောက်မှာ ဆန်ချို၊ အူဘာမီယန်း၊ လူကာကူ၊ ကိုင်ဟားဗက်ဇ်၊ ရာဟမ်စတာလင်တို့က ပေါင်၃သိန်းနှင့်အထက် အသီးသီး ရရှိနေပါတယ်။ အဲဒီနောက် လစာအကောင်းဆုံးရနေတဲ့ ထိပ်ဆုံး၁၀ ယောက် အတွင်း ကန်တေ၊ ပေါ့ဂ်ဘာတို့ရှိနေပြီး ချဲလ်ဆီးတိုက်စစ်မှူး ဝါနာကတောင် ဆာလက်ထက် လစာပိုများနေကာ တစ်ပတ်ကို ပေါင်၂သိန်း၇သောင်း ရနေပါတယ်။

ယခုနှစ်အတွင်း ဆာလက်ဟာ ၂၁ပွဲမှာ သွင်းဂိုး၂၀ရှိထားပြီး ၂၀၁၈ နွေရာသီကာလက ချုပ်ခဲ့တဲ့ စာချုုပ်အရ အီဂျစ်သားဟာ တစ်ပတ်ပေါင် ၂သိန်းခန့်ရနေပါတယ်။ Mirror ရဲ့ဖော်ပြချက်အရ ဆာလက်ရဲ့အေဂျင့်ဖြစ်သူ အက်ဘက်စ်ဟာ သူရဲ့ကစားသမားကို စာချုပ်သစ်အတွက် တစ်ပတ်ကို ပေါင်၅သိန်းခန့်ရရှိလိုနေပါတယ်။

ယခုတပတ်အစောပိုင်းက လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က ဖွင့်ဟရာတွင် ဆာလက်ရဲ့စာချုပ်အခြေအနေနဲ့ပတ်သက်လို့မိုလိုကစားသမားမျိုးကို စာချု့ပ်ချုပ်တာက ချက်ချင်းလက်ငင်း အဖြေရှာလို့မရကြောင်း ဆိုထားခဲ့ပါတယ်။ ဆာလက်ကိုယ်တိုင်လည်း အီဂျစ်ရှိမီဒီယာတစ်ခုနဲ့အင်တာဗျူးထားရာတွင် လီဗာပူးအသင်းမှာဘဲ ဆက်လက် ကစားချင်တယ်လို့ဖွင့်ဟထားပါတယ်။

ပရီးမီးယားလိဂ်ရှိ လစာအကောင်းဆုံး ကစားသမား (၁၀)ဦး
=============
ခရစ္စတီယာနို ရော်နယ်ဒို (မန်ချက်စတာယူနိုက်တက်) -  ပေါင်၄၈၅၀၀၀
ကယ်ဗင် ဒီဘရိုင်း (မန်စီးတီး) - ပေါင်၃၈၅၀၀၀
ဒေးဗစ် ဒီဂီယာ (မန်ချက်စတာယူနိုက်တက်)  - ပေါင်၃၇၅၀၀၀
ဂျာဒန် ဆန်ချို (မန်ချက်စတာယူနိုက်တက်) - ပေါင် ၃၅၀၀၀၀
အူဘာမီယန်း ( အာဆင်နယ်) - ပေါင်၃၅၀၀၀၀
လူကာကူ (ချဲလ်ဆီး) - ပေါင် ၃၂၅၀၀၀
ကိုင်ဟားဗက်ဇ် (ချဲလ်ဆီး) - ပေါင်၃၁၀၀၀၀
ရာဟမ်စတာလင် (မန်စီးတီး) - ပေါင် ၃၀၀၀၀၀
ပေါလ်ပေါ့ဘာ (မန်ချက်စတာယူနိုက်တက်) - ပေါင် ၂၉၀၀၀၀
အန်ဂိုလို ကန်တေ (ချဲလ်ဆီး) - ပေါင် ၂၉၀၀၀၀

#လီဗာပူး #ဆာလက် #ပီတာခရော့ချ်