ရှေ့သို့
Image

ကြော်ငြာဘုတ်ကို တိုက်မိပြီး ဒဏ်ရာ ပြင်းထန်စွာ ရကာ ထမ်းစင်နဲ့ထွက်ခဲ့ရတဲ့ ယူနိုက်တက်နောက်ခံလူ ဝမ်ဘစ်ဆာကာ

12:57 PM, 9 December

ယန်းဘွိုင်းနဲ့သရေကျတဲ့ ချန်ပီယံလိဂ်ပွဲတွင် မန်ချက်စတာယူနိုက်တက်နောက်ခံလူဟာ ကြော်ငြာဆိုင်းဘုတ်နဲ့ တိုက်မိပြီး  စိုးရိမ်ဖွယ်ရာကောင်းတဲ့ ဒဏ်ရာရရှိကာ ထမ်းစင်နဲ့ ထုတ်သွားခဲ့ရပါတယ်။ နောက်ခံလူဟာ ၁-၁နဲ့ပွဲပြီးလို့ ခရာမှုတ်ချိန်မှာ ဘောလုံးဆက်ကစားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘစ်ဆာကာဟာ စိုးရိမ်ဖွယ်ဒဏ်ရာရကာ အိုးထရက်ဖို့ဒ်ပရိသတ်တွေရှေ့မှောက်မှာပင် ကွင်းထဲကနေ ဥမင်လှိုဏ်ခေါင်းအတွင်းသို့ဝင်ရောက်ခဲ့ရပါတယ်။ ၎င်းဟာ ကြမ်းပြင်ပေါ် လဲကျနေစဉ်မှာ နာကျင်နေတဲ့ပုံစံကို တွေ့ခဲ့ရပြီး ဆေးအဖွဲ့ရောက်လာပြီး ကုသရာတွင် ထမ်းစင်ပါ သယ်လာခဲ့ရတာကြောင့် စိုးရိမ်ဖွယ်အနေအထား ရောက်ခဲ့ပါတယ်။

ပရိသတ်တွေကလည်း ဘစ်ဆာကာအား ကွင်းထဲကနေ ထမ်းစင်နဲ့ထုတ်လိုက်တာကို စိုးရိမ်တကြီး ကြည့်နေခဲ့ပါတယ်။ ယူနိုက်တက်နည်းပြ ရန်းနစ်အတွက်လည်း ပွဲကျပ်တွေမလာခင် ကစားသမားတစ်ယောက် ဒဏ်ရာထပ်ရတာကြောင့် အခက်အခဲ ဖြစ်ပေါ်လာနိုင်ပါတယ်။

ပွဲအပြီး ဝမ်ဘစ်ဆာကာနဲ့ပတ်သက်လို့ရန်းနစ်က ပြောရာမှာ “သူ ကံမကောင်းစွာနဲ့ လက်ကောက်ဝတ်မှာ တစ်ကြိမ်၊ ဒူးမှာ တစ်ကြိမ် ထိသွားခဲ့ပါတယ်။ အဝတ်အစားလဲခန်းမှာ သူ ဆေးကုသမှု ခံယူနေတယ် ဒါပေမဲ့  ထိသွားတဲ့ ဒဏ်ရာနှစ်ခုက ဘယ်လိုဖြစ်မလဲဆိုတာ မနက်ဖြန်မှာ စောင့်ကြည့်ရပါမယ်။ ဒါပေမဲ့ မနက်ဖြန်အပြီးနောက်နေ့မှာ သူ လေ့ကျင်ရေးပြန်ဆင်းနိုင်ပြီး နောဝစ်ချ်နဲ့ပွဲမှာ ပြန်လည်ပါဝင်နိုင်မယ်လို့အကောင်းမြင် မျှော်လင့်ထားပါတယ်”ဟု ပြောကြားခဲ့ပါတယ်။

အာဆင်နယ်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲတွေမှာ ဒါးလော့ ပွဲထွက်ခွင့်ရပြီးနောက် ဘစ်ဆာကာဟာ ချန်ပီယံလိဂ်ပွဲမှ ဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ်အတွင်း ဝမ်ဘစ်ဆာကာဟာ ယူနိုက်တက်အတွက် ၁၈ပွဲ ပါဝင်ကစားထားပါတယ်။ ဒါပေမဲ့ နောက်ပွဲတွေမှာသာ ဆက်လွဲမယ်ဆိုရင် ဒါးလော့ဟာ နောဝစ်ချ်နဲ့ပွဲတွင် ညာနောက်ခံနေရာမှာ ပါလာနိုင်ပါတယ်။

အရင်တုန်းက ပွဲတွေမှာလည်း နောက်ခံလူ ဘိုင်လီဟာ ညာခြမ်းမှာ ကစားဖူးပါတယ်။ အလားတူ ဆန်ချိုကို ဆိုးလ်ရှားက wingback အသွင်နဲ့ထားသုံးခဲ့ဖူးသလို ရန်းနစ်အနေဖြင့် နောက်တန်း ၅ ယောက်ဖြင့် စမ်းသုံးသွားဖို့စိတ်ကူးနိုင်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချန်ပီယံလိဂ် #ယန်းဘွိုင်းလ် #ဝမ်ဘစ်ဆာကာ