ရှေ့သို့
Image

ကွင်းလယ်သမားအဖြစ် ပြောင်းကစားခဲ့တဲ့နောက်ခံလူ ရီစီဂျိမ်းစ်အား အက်စီယန်နဲ့ ခိုင်းနှိုင်းလိုက်တဲ့ ဟားဂရေ့ဗ်

9:40 AM, 9 December

ဇင်းနစ်နဲ့ ပွဲမှာ ပုံမှန်နေရာမဟုတ်တဲ့ ကွင်းလယ်မှာ ကစားလာခဲ့တဲ့ နောက်ခံလူရီစီဂျိမ်းစ်အား ဖာဒီနန်နှင့် အိုဝင်ဟားဂရေ့ဗ်တို့က အသီးသီး ချီးကျူးခဲ့ကြပါတယ်။

ဗုဒ္စဟူးညမှာ ကစားခဲ့တဲ့ပွဲတွင် ခြင်္သေ့ပြာတွေဟာ ရုရှားကလပ်နဲ့ ၃- ၃သရေကျခဲ့ပြီး ကွင်းလယ်မှာ ကန်တေ၊ ကိုဗာဆစ်တို့ဒဏ်ရာရခဲ့တာကြောင့် နောက်ခံလူ ရီစီဂျိမ်းစ်ကို ကွင်းလယ်တွင် ပြောင်းကစားလာပြီး လိုတပ်ချီကတော့ ပွဲထွက်မှာ မပါခဲ့ပါဘူး။ နေရာပြောင်းကစားပေမယ့် ရီစီဂျိမ်းစ်ဟာ သန်မာတဲ့ စွမ်းဆောင်ရည်တွေ ပြသနေဆဲလို့ဖာဒီနန်က ပြောပါတယ်။

“သူက အရည်အသွေးပိုင်းမှာ မတရားရှိနေပါတယ်။ အဓိကကျတဲ့ပွဲတွေမှာ ကျွန်တော်တို့ဒီနိုင်ငံတွင် ညာနောက်ခံလူအကြောင်းကို ပြောခဲ့ကြပါတယ်။ သူက ကွင်းလယ်မှာ ကစားခဲ့ပြီး အဲဒီနေရာမှာ ကစားခဲ့ဖူးသလို ပုံစံပါဘဲ သူ လွှမ်းမိုးခဲ့တယ် ပြိုင်ဘက်ကို ကျော်လွှားတယ် ပေးပို့မှုလုပ်တယ်။ သူက ချဲလ်ဆီးအသင်းမှာ အရေးပါတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်နေပါတယ်။ သင်အနေနဲ့ကွင်းလယ်မှာ စိန်ခေါ်မှုတွေကို အသာရပြီး ပွဲများစွာ အနိုင်ရနိုင်ပါတယ် ချန်ပီယံလိဂ်လိုပွဲမျိုးကို သူကစားခဲ့ပြီး လူတွေကပြောကြမယ့် ခြေစွမ်းမျိုး ထုတ်ပြခဲ့ပါတယ်။ ဒီလိုမျိုးက ထိပ်တန်းကစားသမားတွေသာ လုပ်နိုင်ပြီး မတူညီတဲ့ နေရာတွေမှာ ကစားဖို့ဆိုတာ ဉာဏ်ရည်ကောင်းရပါမယ်။ မတူညီတဲ့ နေရာတွေမှာ ရီစီဘောလုံးသယ်သွားပုံတွေ ကွင်းလယ်မှာ သူဘောလုံးလက်ခံရယူပုံတွေ ကြည့်ရတာ တကယ့်ကို သက်တောင်သက်သာပုံစံပါဘဲ”ဟု ဆိုသွားခဲ့ပါတယ်။

သုံးသပ်သူ အိုဝင်ဟားဂရေ့ဗ်ကလည်း ချဲလ်ဆီးကစားသမားဟောင်း အက်စီယန်နဲ့ရီစီဂျိမ်းစ်ကို ခိုင်းနှိုင်းသွားခဲ့ပါတယ်။ “သူ ကွင်းလယ်မှာ ကစားသွားတာ အက်စီယန်ကို သတိရစေပါတယ် ပါဝါအားကောင်းတယ် ကွင်းလယ်မှာ ကာဗာလုပ်နိုင်တယ် သူကိုယ်ပိုင် ကစားနိုင်တယ် တစ်ယောက်ချင်းမှာ အသာရတယ် သူက တကယ့်ကို ထူးချွန်တဲ့ ကစားသမားပါ”

ဘယ်နေရာမှာ အားနည်းချက် ရှိနိုင်သလဲဟု ဖာဒီနန်က မေးရာမှာ “ဟားဂရေ့ဗ်က မရှိပါဘူး သူ အားနည်းချက်တစ်ခုတောင် ရှိတယ်လို့မထင်ဘူး သူက အင်္ဂလန်မှာ တိုက်ပွဲဝင်မှုအရှိဆုံး ညာနောက်ခံသမားပါဘဲ ကွင်းလယ်မှာလည်း မေးခွန်းထုတ်စရာမရှိ ကစားနိုင်ပါတယ်”ဟု ပြောကြားသွားခဲ့ပါတယ်။

#ဖာဒီနန် #ရီစီဂျိမ်းစ် #ချန်ပီယံလိဂ် #ဇင်းနစ် #ဟားဂရေ့ဗ်