ရှေ့သို့
Image

ဇင်းနစ်ကို သရေကျခဲ့တဲ့ပွဲမှာ မန်ဒီကို အရန်ခုံပို့ခဲ့တဲ့ တူချယ်ရဲ့ ဆုံးဖြတ်ချက်ကို ဂျိုကိုးလ် အံ့အားသင့်နေ

9:30 AM, 9 December

ချဲလ်ဆီးတောင်ပံကစားသမားဟောင်း ဂျိုကိုးလ်က ဇင်းနစ် အသင်းကို သရေကျခဲ့တဲ့ပွဲမှာ မန်ဒီကို အရန်ခုံပို့ခဲ့တဲ့ တူချယ်ရဲ့ဆုံးဖြတ်ချက်ကို အံ့အားသင့်မိတယ်လို့ ပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးဟာ ရုရှားမြှော နောက်ကျမိနစ်ချေပဂိုးပေးလိုက်ရပြီး ၃-၃ ဂိုးသရေကျခဲ့ကာ ချန်ပီယံလိဂ် နောက်တစ်ဆင့်ကို ဒုတိယနေရာနဲ့သာ တက်ရောက်နိုင်ခဲ့တာကြောင့် ၁၆ သင်း အဆင့်မှာ ခက်ခဲဖွယ်ရှိနေပါတယ်။ မန်ဒီဟာ ဝက်စ်ဟမ်းကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ အမှားတွေပြုလုပ်ခဲ့တာဖြစ်ကာ ဂျိုကိုးလ်က မန်ဒီအစား ကီပါကိုသုံးခဲ့တဲ့ တူချယ်ရဲ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

"မန်ဒီတစ်ယောက် အမှားတွေလုပ်ခဲ့တာက ပထမဆုံးအကြိမ်ပါ။ ပွဲတစ်ပွဲဆိုးဝါးယုံနဲ့ နောက်တစ်ပွဲမှာလည်း အခုလိုထပ်မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မန်ဒီက အာဖရိကဖလားပွဲသွားရမယ့်အချိန်ဆို သူပွဲတွေလွဲချော်မှာပါ။ ဒါကြောင့် ကီပါက ပွဲကစားချိန်တွေလိုပါတယ်။ ကီပါက ထိပ်တန်းဂိုးသမားတစ်ဦးဆိုတာ သံသယရှိဖို့မလိုပါဘူး။ သူ့မှာ အရည်အချင်းတွေအများကြီးရှိနေပါတယ်။ ဒုတိယဂိုးသမားနေရာရောက်ပြီးကတည်းက သူပါဝင်တိုင်း အကောင်းဆုံး လုပ်ဆောင်ပြခဲ့ပါတယ်"လို့ ဂျိုကိုးလ်က ပြောကြားခဲ့ပါတယ်။

ပီတာခရော့ကလည်း "တူချယ်က စွန့်စားရမယ့် ရွေးချယ်မှုမျိုးလုပ်ခဲ့ပါတယ်။ သူ့အနေနဲ့ အခုအပတ်မှာကစားမယ့် လိဒ်နဲ့ပွဲကို အာရုံပိုစိုက်သင့်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဂလင်းဟော်ဒယ်ကတော့ ကီပါဟာ ပွဲကစားချိန်အတွင်း အဓိက ကာကွယ်မှုတွေပြုလုပ်ပေးခဲ့တယ်လို့ ထောက်ခဲ့ပါတယ်။ "ကီပါက ဂိုးပေါက်မှာ အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပါတယ်။ ချဲလ်ဆီးက ကံမကောင်းလို့သာ မနိုင်ခဲ့တာပါ"လို့ ဂျိုကိုးလ်က ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #မန်ဒီ #တူချယ် #ချန်ပီယံလိဂ် #ဇင်းနစ် #ဂျိုကိုးလ်