ရှေ့သို့
Image

ယူနိုက်တက်ခန့်လိုက်တဲ့ အားကစားဆိုင်ရာစိတ်ပညာရှင်က ဝါနာရဲ့ ယောက္ခထီးလောင်းဖြစ်နေ

8:25 PM, 8 December

ယူနိုက်တက်အသင်းရဲ့ အားကစားဆိုင် စိတ်ပညာရှင်သစ်ဖြစ်တဲ့ ဆာချာလန်ဆေးဟာ ချဲလ်ဆီးကြယ်ပွင့်လည်းဖြစ်၊ ယူနိုက်တက်ကိုရောက်နိုင်တယ်လို့ ကောလာဟလသတင်းတွေလည်း ထွက်ပေါ်နေတဲ့ တိုက်စစ်မှူး တီမိုဝါနာရဲ့ ယောက္ခထီးလောင်းဖြစ်နေပါတယ်။

ရန်းနစ်ဟာ ယူနိုက်တက်ယာယီနည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက် နည်းပြအဖွဲ့ဝင်နှစ်ဦး ခန့်အပ်ထားပြီးဖြစ်ကာ လန်ဆေးကလည်း လိုက်ပ်ဇစ်အသင်းကို ဟာဆန်ဟက်တဲလ်တာဝန်မယူခင် ၂၀၁၅ မှာ အဲဒီကလပ်ကို ရောက်လာကာ ရန်းနစ်နဲ့ လက်တွဲအလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။

သူဟာ မကြာသေးခင်ကလည်း ဂျာမန်ကလပ်တွေဖြစ်တဲ့ ဒိုင်နမိုဒရက်စ်ဒန်နဲ့ ရှော်လ်ကေးအသင်းတွေမှာ တာဝန်ယူခဲ့ဖူးပါတယ်။

သူဟာ ဂျာမနီလက်ရွေးစင် ဝါနာရဲ့ ယောက္ခမလောင်းဖြစ်ပြီး ၂၀၁၆ ကနေ ၂၀၂၀ အတွင်း လိုက်ပ်ဇစ်အသင်းမှာ ကစားခဲ့စဉ်က ဝါနာဟာ လာဆေးရဲ့သမီးဖြစ်သူ ပေါ်လာနဲ့ တွေ့ဆုံခဲ့တာဖြစ်ကာ ၂၀၁၇ မှာ စတင်ချစ်ကြိုးသွယ်ခဲ့ကြပါတယ်။

၂၀၂၀ နွေရာသီက လိုက်ပ်ဇစ်ကနေ ချဲလ်ဆီးကို ဝါနာ ပြောင်းရွှေ့လာတော့လည်း ပေါ်လာတစ်ယောက် ဂျာမနီကနေ လန်ဒန်ကို ရောက်လာကာ အင်္ဂလိပ်စာတွေလည်း လေ့လာသင်ယူနေပါတယ်။

အခုလည်း အသက် ၄၆ နှစ်အရွယ်ရှိ လန်ဆေးဟာ အင်္ဂလန်ကို ရောက်လာတော့မှာဖြစ်ရာ သမီးဖြစ်သူ ပေါ်လာအပြင် သားမက်ဖြစ်သူ ဝါနာနဲ့ပါ တွေ့ဆုံဖွယ်ရှိနေပါတယ်။

ဂျာမနီအခြေစိုက် BILD သတင်းဌာနကတော့ ယာယီနည်းပြအဖြစ် ၆လကြာတာဝန်ယူပြီးရင် ယူနိုက်တက်ရဲ့အကြံပေးအဖြစ် ၂နှစ်ကြာ ဆက်လက်တာဝန်ယူမယ့် ရန်းနစ်ဟာ လာမယ့်နွေရာသီမှာ ဝါနာကို ခေါ်ယူရေးအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

#မန်ချက်စတာယူနိုက်တက် #တီမို၀ါနာ #ရန်းနစ်