ရှေ့သို့
Image

ကိုဗာဆစ်တွင် ကိုဗစ်ပိုး တွေ့ရှိခဲ့တာကြောင့် ကွင်းလယ်ပိုင်း လူအင်အားနည်းနေဆဲ ချဲလ်ဆီး

1:15 PM, 8 December

ကွင်းလယ်လူ မက်တီယို ကိုဗာဆစ်ဟာ ကိုဗစ်၁၉ positive ရှိနေကြောင်း တွေ့ရှိခဲ့ရပြီး အဓိကကွင်းလယ်လူတွေ ဆုံးရှုံးထားရတဲ့ ချဲလ်ဆီးအသင်းအတွက် နောက်ထပ်ထိုးနှက်ချက် တစ်ခု ဖြစ်လာပါတယ်။

တံကောက်ကြောဒဏ်ရာကြောင့် ချဲလ်ဆီးအသင်းရဲ့ ပွဲစဉ်၈ပွဲခန့် လွဲထားခဲ့ရတဲ့ ကိုဗာဆစ်ဟာ အခုမှ အသင်းနဲ့အတူ လေ့ကျင်ရေးဆင်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက်၂၇နှစ်အရွယ် ခရိုအေးရှားလက်ရွေးစင်ဟာ ၁၀ရက်တာ သီးခြားခွဲနေရတာ့မှာ ဖြစ်ပြီး အသင်းရဲ့ နောက်ထပ်ပွဲစဉ် ၃ပွဲခန့်လွဲချော်သွားဖွယ် ရှိပါတယ်။

၂၀၂၁မကုန်မီ ဒီဇင်ဘာပွဲကျပ်ကာလအတွင်း ၇ပွဲခန့် ဆက်တိုက်ကန်ရမယ့်အနေအထားတွင် တခြားသောအသင်းဖော်တွေနဲ့အတူ ကိုဗာဆစ်တစ်ယောက် ဒဏ်ရာရနေခဲ့တာ ဖြစ်ပါတယ်။

နည်းပြတူချယ်ရဲ့အသင်းတွင် အန်ဂိုလိုကန်တီ၊ ဂျော်ဂျင်ဟို အစရှိတဲ့ ကွင်းလယ်လူတွေ ဒဏ်ရာရနေပြီး ကိုဗာဆစ်က တတိယမြောက်စီနီယာကွင်းလယ်လူတစ်ဦး အဖြစ် လက်လွတ်ရမှာ ဖြစ်ပါတယ်။

ဇင်းနစ်နဲ့ ချန်ပီယံလိဂ်ပွဲမတိုင်မီ တူချယ်က ပြောရာမှာ “မက်တီယိုက မနေ့က ပြုံးရွှင်စွာနဲ့လေ့ကျင်ရေးဆင်းထားပါတယ်။ သူပြန်လာတဲ့အတွက် ဝမ်းသာပါတယ်။

ဒါပေမဲ့ ဒီနေ့မှာ ကိုဗစ်ပိုး တွေ့တဲ့အတွက် ခု သီးခြားနေနေပါတယ်။” ဟု ဆိုသည်။

ဂျာမန်ဘော့စ်ရဲ့ ချဲလ်ဆီးအသင်းမှာ လက်ရှိကွင်းလယ်တွင် ဒေါင်ဒေါင်မြည်နေတဲ့ သူအဖြစ် လိုတပ်ချီနှင့် ဆာအူးလ်နီဂွက်ဇ်တို့သာ ရှိပြီး ဘာကလော၊ မေဆင်မောင့်တို့အနေနဲ့ကွင်းလယ်ပိုင်းကို ဆင်းကစားရဖွယ် ရှိပါတယ်။

ဥရောပချန်ပီယံတွေဟာ အုပ်စု H တွင် ပထမနေရာရဖို့အနိုင်ကစားရန်လိုအပ်နေပြီး ဂျူဗင်တပ်စ်အသင်းက ဇယားအောက်ခြေက မဲလ်မိုနဲ့ရင်ဆိုင်ရမှာ  ဖြစ်ပါတယ်။

လာမယ့် လိဒ်စ်ယူနိုက်တက်၊ အဲဗာတန်ပွဲတွေမှာလည်း တူချယ်အနေဖြင့် ဒူးဒဏ်ရာရနေတဲ့ ကန်တီ၊ နောက်ကျောဒဏ်ရာရနေတဲ့ ဂျော်ဂျင်ဟိုတို့ကို ဆက်လက်လက်လွတ်ရဖွယ် ရှိသလားဆိုတာတော့ မသိရသေးပါဘူး။

ဇင်းနစ်နဲ့ပွဲအတွက် နောက်ခံလူ ချာလိုဘတ်နှင့် ချီဝဲလ်တို့လည်း လွဲချော်သွားမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့မှာ ဒဏ်ရာတွေနဲ့ပွဲချိန်တွေ ပြည့်ကျပ်နေပါတယ်။ တစ်ချိုနေရာတွေဖြစ်တဲ့ ကွင်းလယ်ပိုင်းမှာ ဒဏ်ရာတွေရှိနေတာကြောင့်် အခက်အခဲတွေ ရှိပါတယ်။ မနက်ဖြန်ပွဲအတွက် ပြဿနာမရှိပါဘူး စနေနေ့မှာ ပွဲတွေ ဆက်ရှိလာမှာပါ။”

ဟု ပြောပါတယ်။

ချဲလ်ဆီးပရိသတ်တွေဟာ အသင်းထံ အငှားဖြင့်ရောက်လာတဲ့ စပိန်သားကွင်းလယ်လူ ဆာအူးလ်ရဲ့ ခြေစွမ်းအပေါ် စောင့်ကြည့်လျက်ရှိပါတယ်။

“ကျွန်တော်တို့ သူကို တွန်းအားပေးပါတယ် သူက ချဲလ်ဆီးအသင်းမှာ တဖြည်းဖြည်း ပိုကောင်းလာပါပြီ။ သူကို တွန်းအားပေးဖို့ရပ်သွားမှာမဟုတ်ဘဲ အကောင်းဆုံးခြေထွက်လာအောင် ကြိုးစားသွားမှာပါ မနက်ဖြန်မှာ သူ တိုးတက်လာမယ်ဆိုတာ ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ်။”

ဟု ပြောကြားသွားခဲ့ပါတယ်။


#ချဲလ်ဆီး #ကိုဗာဆစ် #ချန်ပီယံလိဂ် #ဇင်းနစ်