အက်တီလာဇာလိုင်းဟာ ချဲလ်ဆီး ရောက်ဖို့ နီးစပ်နေပြီလို့ ဟန်ဂေရီနည်းပြ မာကိုရိုဆီ အတည်ပြု
1:03 PM, 7 December
ဟန်ဂေရီနောက်ခံလူ အက်တီလာဇာလိုင်းဟာ ချဲလ်ဆီးကိုရောက်ဖို့ တော်တော်လေးနီးစပ်နေပြီလို့ နိုင်ငံအသင်းနည်းပြ မာကိုရိုဆီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဖီနာဘာချီ ကစားသမားရဲ့အေးဂျင့်ဟာ ပြီးခဲ့တဲ့လတုန်းက လန်ဒန်ကိုရောက်ရှိလာခဲ့ပြီး ချဲလ်ဆီးနဲ့ ဆွေးနွေးခဲ့ကာ ဇန်နဝါရီမှာ ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။
အီတလီသတင်းဌာနတစ်ခုနဲ့အင်တာဗျူးမှာ ဟန်ဂေရီအသင်းနည်းပြ မာကိုရိုဆီက "အခုချိန်မှာ အက်တီလာဇာလိုင်းဟာ ချဲလ်ဆီးကို ပြောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့ကို စပိန်အသင်း တော်တော်များများက လိုက်ခဲ့ပါသေးတယ်။ ဒါပေမယ့် ချဲလ်ဆီးကိုပြောင်းဖို့က သေချာသလောက်ဖြစ်နေပါပြီ"လို့ မာကိုက ပြောကြားခဲ့ပါတယ်။
အရပ် ၆ ပေ ၄ လက်မရှိတဲ့ ဇာလိုင်းဟာ သြစတြီးမြေမှာကစားသမားဘ၀ စတင်ခဲ့ကာ နိုင်ငံအသင်းအတွက် ၁၆ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၃ ယောက်တန်းခံစစ်မှာ အံဝင်တဲ့ကစားသမားဖြစ်ပါတယ်။ ချဲလ်ဆီးဟာ သီယာဂိုဆေးလ်ဗား ၊ ရူဒီဂါ ၊ ခရစ္စတီယန်ဆန် နဲ့ မာလန်ဆားကို အေစီမီလန်က စိတ်ဝင်စားနေတာကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးနေပါတယ်။
အခြားတစ်ဖက်မှာတော့ ချဲလ်ဆီးကွင်းလယ်လူ ကိုဗာဆစ်ဟာ အသင်းနဲ့ လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနေပြီဖြစ်ကာ အခုအပတ်မှာပါဝင်လာဖွယ်ရှိနေပါတယ်။