ရှေ့သို့
Image

လာမယ့်နှစ်မှာ မေဂျာလိဂ် အသင်းပိုင်ရှင်တစ်ဦးအဖြစ် ဘ၀သစ်စတော့မယ့် ဂျေမီ ဗာဒီ

12:58 PM, 7 December

ဂျေမီ ဗာဒီဟာ လာမယ့်နှစ် အသင်းပိုင်ရှင်တစ်ဦးအဖြစ် ဘ၀သစ်စတင်ဖို့ ရှိနေပြီး အသင်းသစ် ရိုချက်စတာ NYကို မေဂျာလိဂ်မှာ စတင်မိတ်ဆက်သွားဖို့ ရှိနေပါတယ်။

လက်စတာတိုက်စစ်မှူးဟာ ယခုနှစ်အစောပိုင်းက ရိုချက်စတာ NY FCအသင်းရဲ့ ရှယ်ယာအနည်းငယ်ကို ဝယ်ယူခဲ့ပြီး ယမန်နေ့ညကတော့ လာမယ့်နှစ် မေဂျာလိဂ်မှာ စတင်ယှဉ်ပြိုင်တော့မှာဖြစ်ပြီး အနာဂတ် ထိပ်တန်အဆင့်မှာ ယှဉ်ပြိုင်နိုင်ဖို့ ကစားသမားတွေကို တိုးတက်အောင် ရည်မှန်းထားတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ လိဂ်က အသင်း၂၁သင်းမှာ အသင်း၂၀က မေဂျာလိဂ်နဲ့ တိုက်ရိုက် ချိတ်ဆက်မှုတွေ ရှိနေပြီး ဗာဒီရဲ့အသင်းကသာ ဘယ်ကိုမှ မမှီခိုတဲ့ အသင်း ဖြစ်နေပါတယ်။

ဗာဒီက “ကျွန်တော်တို့ ရိုချက်စတာကို ပရောဖက်ရှင် အသင်းကောင်း၁သင်းအဖြစ် ပြသလိုပြီး ၂၀၂၂ မေဂျာ်လိဂ် Next Pro ဖွင့်ပွဲမှာ ပါဝင်ကူညီသွားမှာ ဖြစ်ပါတယ်။ ဒီလိဂ်ကို ဝင်ရောက်လိုက်တာက အဖွဲ့အစည်းတွေ၊ ပရိသတ်တွေ၊ ကစားသမားတွေ၊ ဝန်ထမ်းတွေအတွက် ကွင်းတွင်း၊ ကွင်းပြင် အခွင့်အရေးတွေ အပြည့်အ၀ ရစေမှာ ဖြစ်ပြီး အသင်းအတွက်လည်း ကြီးမားတဲ့ ဂုဏ်ယူစရာ ဖြစ်လာမှာပါ”လို့ ပြောခဲ့ပါတယ်။

ဗာဒီဟာ ဒေးဗစ် ဘက်ခမ်းလို အမေရိကန် ကလပ်တစ်ခုကို ပိုင်ဆိုင်ခြင်းနဲ့ စတင်ခဲ့ပေမဲ့ လာမယ့်နှစ်ရာသီကုန်ထိ စာချုပ်သက်တမ်း ရှိနေတဲ့ လက်စတာမှာတော့ ဆက်ကစားသွားဦးမှာ ဖြစ်ပါတယ်။ ဗာဒီဟာ လာမယ့်လ ၃၅နှစ်ပြည့်ပြီဖြစ်ပေမဲ့ ခြေစွမ်းတွေကတော့ ကျဆင်းသွားပုံမပေါ်ပဲ ယခုနှစ်ရာသီ လက်စတာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ၉ဂိုးနဲ့ ရပ်တည်နေပါတယ်။

လက်ရှိ ရိုချက်စတာရဲ့ ပိုင်ရှင် ဒေးဗစ်နဲ့ ဝင်ဒီ ဒီဝေါ်ကင်တို့ဟာ NBAအသင်း Sacramento Kingsရဲ့ ပူးတွဲပိုင်ရှင်တွေလည်း ဖြစ်ကြကာ ဗာဒီရ့ ပိုင်ဆိုင်မှု အတိအကျကို မဖော်ပြထားပေမဲ့ အဓိပ္ပါယ်ရှိတဲ့ ရှယ်ယာလို့တော့ သုံးနှုံးထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက အသင်းရှယ်ယာကို ဝယ်ယူကြောင်း ကြေညာခဲ့ပြီးနောက် ဗာဒီက “ကျွန်တော်တို့ကို ခုလိုလုပ်ဖို့ ခွင့်ပြုပေးခဲ့တဲ့ လက်စတာကို ကျေးဇူးတင်ရုံနဲ့ မလုံလောက်ပါဘူး။ ခုလိုလုပ်တာက လက်စတာ အောင်မြင်ပြီး ပရီးမီးယားလိဂ်မှာ ဂိုးတွေသွင်းနိုင်ဖို့အတွက် ရည်မှန်းထားတာကို မထိခိုက်စေနိုင်ဘူးဆိုတာ ကျွန်တော်ရော၊ သူတို့ပါ သိကြပါတယ်”လို့ ဆိုခဲ့ပါတယ်။

#လက်စတာ #ဗာဒီ