ရှေ့သို့
Image

ပွဲထွက်မှာပါဝင်ဖို့အတွက် တိုက်ပွဲဝင်ရမယ်ဆိုတာ ဒီဘရိုင်းကိုယ်တိုင် သိတယ်လို့ ဂွါဒီယိုလာဆို

11:04 AM, 7 December

မန်စီးတီးအသင်းမှာ နေရာတစ်နေရာ ပြန်ရဖို့အတွက် တိုက်ပွဲဝင်ရမယ်ဆိုတာ ဒီဘရိုင်းကိုယ်တိုင်သိထားကြောင်း နည်းပြပက်ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။

ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းဟာ ကိုဗစ်ကြောင့် တစ်လခန့် လွဲချော်နေရပြီးနောက် ယနေ့ညမှာ လိုက်ပ်ဇစ်နဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပါဝင်လာဖွယ် ရှိပါတယ်။

ဒီဘရိုင်း မပါဝင်နေတဲ့အချိန်တွင် ဘာနာဒိုဆေးလ်ဗားက အေကောင်းဆုံး ခြေစွမ်းပြထားပြီး ဂွါဒီယိုလာကိုယ်တိုင်လည်း ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ခြေစွမ်းအပြဆုံးကစားသမားဟု ချီးကျူးထားပါတယ်။

မန်စီးတီးအသင်းမှာ နိုဝင်ဘာလ၆ရက်က နောက်ဆုံး ပွဲထွက်ထားတဲ့ ဒီဘရိုင်းဟာ အသင်းအတွက် ခြေစွမ်းမပြထားနိုင်သေးဘဲ အသက်၃၀အရွယ်ကစားသမားဟာ ပွဲထွက်မှာပါဝင်ချင်ပါက နဂိုခြေစွမ်းပြန်ရောက်အောင် ကြိုးစားရမည်ဟု ဆိုပါတယ်။

“အစကတည်းက ကယ်ဗင်က ရာသီတစ်လျောက်လုံး ကစားခဲ့ပါတယ် ပြီးခဲ့တဲ့ရာသီက ခက်ခဲတဲ့ အခြေအနေနဲ့ပြန်ရောက်လာပြီး ဆက်တိုက်ကစားခဲ့ပါတယ်။

ဒါက ပုံမှန်အခြေအနေပါ ဘာလို့လဲဆိုတော့ ကိုဗစ်ဝေဒနာခံစားရတဲ့သူတွေက နောက်တစ်နေ့တွေမှာ သူတို့ခံစားချက်က ဟာတာတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်ဆင့်ချင်းသွားရပါမယ်။

ဝက်ဖို့ဒ်နဲ့ပွဲမှာ သူ မိနစ်၃၀ ကစားခဲ့တယ် ချန်ပီယံလိဂ်မှာ သူပွဲထွက်မှာပါ။ သူ မိနစ်ဘယ်လောက်အထိ ကစားနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။

အခု သူ ပြန်လာပြီး တခြားသူတွေလို နေရာတစ်နေရာအတွက် တိုက်ပွဲဝင်ရပါမယ်။ဒါပေမဲ့ ကယ်ဗင်က ကျွန်တော့်ဆီမှာ ဘာမှ သက်သေပြစရာတော့ မလိုပါဘူး။ သူကိုယ်တိုင် ပြန်လာရပါမယ် သူ ပြန်ကစားနိုင်ပြီဆိုတာ သက်သေပြရမယ် ပြီးတော့ သူလုပ်ရမယ့်ဂျူတီကို လုပ်ရမှာပါ။ လွန်ခဲ့တဲ့၅နှစ် ၆နှစ်က ၃ရက်တိုင်း ကစားနိုင်သလိုပေါ့။

ပြောရမယ်ဆိုရင် ဒါက ပြဿနာပါ ယှဉ်ပြိုင်မှုဆိုတာ အသင်းမှာ လိုအပ်ပါတယ် သူလည်း သိပါတယ်။ ဘာနာဒိုလည်း သိတယ် အီခေးဂမ်ဒိုဂန်လည်း သိတယ်။ ပြီးတော့ တောင်ပံကစားသမားတွေ တိုက်စစ်အားလုံးလည်း သိတယ်။

သူတို့အနေဖြင့် ၅မိနစ်၊ ၁၀မိနစ်ဘဲ ဖြစ်စေ မိနစ်၉၀ဘဲ ဖြစ်စေ အကောင်းဆုံးကစားရမယ်ဆိုတာ နားလည်တယ် ဒါပါဘဲ သူတို့အားလုံးကို ကျွန်တော်သိပါတယ် သူတို့အနေဖြင့် ကျွန်တော့်ကို ဘာမှ သက်သေပြစရာမလိုဘူး။. သူတို့ကိုယ်တိုင် ကစားဟန်ကောင်းကောင်းနဲ့သက်သေပြရမယ် ဘာလို့လဲဆိုတော့ သူလုပ်ရမယ့် အလုပ်ပါ။ သူတို့မှာ ဒီလိုကစားနိုင်ဖို့အရည်အသွေးလည်း ရှိပြီးသား ဖြစ်တယ်။ အသင်းအတွက် အသင်းဖော်တွေအတွက် အားလုံးအတွက် ကောင်းစွာကစားပေးရပါမယ်။”

အုပ်စု A ပထမနေရာနဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့တက်ရောက်ထားပြီ ဖြစ်ပေမယ့် ဂွါဒီယိုလာအနေဖြင့် ဒီဘရိုင်းနှင့် လူငယ်ကြယ်ပွင့်တစ်ချို့ကို လိုအပ်သလို ထည့်သုံးသွားနိုင်ပါတယ်။

ဒီဘရိုင်း၊ဖိုဒမ်၊ ဂရီးလစ်ရှ်တို့ဟာ ဒဏ်ရာကသက်သာပြီး ခုမှ ပြန်ကစားနိုင်ကြတဲ့သူတွေ ဖြစ်ပြီး လူငယ်တွေနဲ့အတူ ကြံခိုင်မှုအပြည့်ရဖို့ပွဲထွက်လာဖွယ် ရှိပါတယ်။

ကျွန်တော်တို့ ရမှတ်တွေ ကစားမှာမဟုတ်ဘူး။ ကျွန်တော်တို့အားကစားစိတ်ဓာတ်နဲ့ကစားနေပါတယ်။ အနိုင်လိုချင်တယ် လွန်ခဲ့တဲ့လက အမှန်တကယ် အမြင့်ဆုံးရောက်ခဲ့တဲ့ အသင်းရဲ့ အဆင့်အတန်းကို တိုးတက်ချင်တယ် ရနေတဲ့ရမ်သမ်ကိုလည်း ဆက်သွားနိုင်ဖို့ကြိုးစားချင်ပါတယ်”

ဟု ဂွါဒီယိုလာက ထပ်ဆောင်းပြောကြားသွားခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ #ဒီဘရိုင်း #ချန်ပီယံလိဂ်