ရှေ့သို့
Image

အာဆင်နယ်ကို အနိုင်ယူပြီး ဆိုးရွားတဲ့ ရလဒ်တွေကို အဆုံးသတ်နိုင်ခဲ့တဲ့ အဲဗာတန်

10:29 AM, 7 December

အဲဗာတန်အသင်းဟာ ယမန်နေ့ညက အာဆင်နယ်ကို နောက်ကနေလိုက်ပြီး အနိုင်ယူကာ စက်တင်ဘာလနောက်ပိုင်း ပထမဆုံးနိုင်ပွဲကို ရရှိသွာခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်ခဲ့တဲ့ အချက်(၃)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

ယခုအပတ်မတိုင်ခင် ပရီးမီးယားလိဂ် ပရိသတ်တွေအနေနဲ့ VARအကြောင်း မကျေမနပ် မပြောခဲ့ကြတာ ကြာပြီဖြစ်ပေမဲ့ ယမန်နေ့ညကတော့ ညည်းညူမှုတွေကို ပြန်မြင်ခဲ့ရပါတယ်။ ပထမဆုံး စောဒကအကြီးအကျယ်တက်ခဲ့တာကတော့ အာဆင်နယ်ဖြစ်ပြီး အဲဗာတန် နောက်ခံလူ ဂေါ့ဖရေး တိုမီယာဆုကို ပထမပိုင်းအတွှင်း တက်နင်းခဲ့ရာမှာ ထုတ်ပယ်ခံရခြင်း မရှိတဲ့အပြင် အဝါကတ်တောင် မပြသခံလိုက်ရတဲ့အပေါ် ဖြစ်ပါတယ်။

ဂေါ့ဖရေးတစ်ယောက် တမင်လုပ်တာမျိုးတော့ မဟုတ်နိုင်မေဲ့ ပွဲကန်နေတုန်းကြည့်ကြည့်၊ အနှေးပြကွက်မှာပဲ ကြည့်ကြည့် ပြင်းထန်တဲ့ အပြစ်ပေးမှုနဲ့ သတိပေးရမယ့် အခြေအနေ ဖြစ်ပါတယ်။ ပထမပိုင်းအတွင်းက ရစ်ချာလီဆင်ရဲ့ဂိုးကလည်း VARကြောင့် မှန်ကန်စွာ ပယ်ဖျက်ခံခဲ့ရပေမဲ့ ဒုတိယပိုင်းမှာ တူညီတဲ့ အခြေအနေနဲ့ ထပ်မံပယ်ဖျက်ခြင်းခံခဲ့ရလို့ အဲဗာတန်အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်ဆိုရင်တောင် ခြေချောင်းလေး ကျွံနေတာကို နည်းပညာကို အသုံးပြုခဲ့ပေမဲ့ နောက်ခြေချောင်းက တစ်ယောက်ယောက်ရဲ့ မျက်နှာကို ကန်မိတဲ့အချိန်မှတော့ နည်းပညာကို အသုံးပြုခဲ့ခြင်းမရှိတာကတော့ နည်းနည်း စဉ်းစားစရာ ဖြစ်နေခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ဘုတ်အဖွဲ့နဲ့ ပရိသတ်တွေကြား ပြင်းထန်တဲ့ တင်းမာမှုတွေ ဖြစ်ပေနေပေမဲ့ ဒီမာရိုင်း ဂရေးရဲ့ အချိန်ပို သွင်းဂိုးကြောင့် ဂွတ်ဒင်ဆင်ပတ်ခ်က အသီးအပွင့်တွေ ပြန်လည် ဝေဆာခဲ့ပါယ်။

ပွဲပြီးချိန်ထိ အစွမ်းကုန်ုတိုက်ပွဲဝင်ခဲ့တဲ့ အခြေအနေမှာ ခုလို ရလဒ်ကောင်းရခဲ့တာက ထိုက်တန်တယ်လို့တော့ ပြောနိုင်ပါတယ်။ ဂရေးန့ ရစ်ချာလီဆင်တို့ အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ကစားနိုင်ခဲ့သလို ဒုတိယပိုင်း တောင်ဆန်နေရာ လူစားဝင်လာတဲ့ အန်ဒရေ ဂိုမက်စ်ကလည်း စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ပါတယ်။

မီနာ ဒဏ်ရာရနေပြီး ပရိသတ်တွေထံကနေ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရင်ဆိုင်နေရချိန် ယခုနိုင်ပွဲကြောင့် ဘင်နီတက်ဇ် နည်းနည်း အသက်ရှူချောင်ခဲ့ပါတယ်။ နောက်ကျသွင်းဂိုးက အာဆင်နယ်အတွက် နာကျင်စရာပဲ ဖြစ်ပေမဲ့ အသင်းကို မိုင်တွေအဝေးကြီးကနေ လာအားပေးတဲ့ ပရိသတ်တွေကတော့ မြင်လိုက်ရပါတယ်။

တီယာနေးရဲ့ ဖြတ်တင်ဘောကနေ အိုဒီဂတ် ပိတ်သွင်းနိုင်ခဲ့ခြင်းက ဂန်းနားတွေအတွက် တောက်ပတဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းဟာ ပွဲကို ထိန်းချုပ်နိုင်လောက်အောင် ကောင်းမွန်ခြင်းမရှိတဲ့ လူငယ်အသင်းသာ ဖြစ်နေပြီး ခုလို ပြင်းထန်တဲ့ ပွဲစဉ်မျိုး မကစားခဲ့ဖူးပါဘူး။

အာတီတာအတွက်တော့ မာတင်နယ်လီ ဒဏ်ရာရသွားတာကြောင့် လူလဲလိုက်ရသလို အန်ကီတီယာကလည်း အသင်းအတွက် ဦးဆောင်နိုင်ခွင့်ကို လွဲချော်ခဲ့ပြီး အူဘာမီယန်းလည်း ချေပဂိုးရနိုင်တဲ့ အခွင့်အရေးကို လွဲခဲ့ပါတယ်။ အာတီတာကို ယုံကြည်မှုက အများအပြား ရှိနေသေးပေမဲ့ ထင်ထားတာထက် အများကြီး ပိုကြာနေပြီး တစ်ခါတစ်လေါ ကြည့်ရတာ ပျော်ဖို့မကောင်းပဲ ဖြစ်နေခဲ့ပါတယ်။

#အာဆင်နယ် #အဲဗာတန် #တီယာနေး