ရှေ့သို့
Image

ယူနိုက်တက်ကို နည်းပြအဖွဲ့ဝင်သစ်တွေ စတင်ခန့်အပ်ဖို့ စီစဉ်လာတဲ့ ရန်နစ်

9:10 AM, 7 December

ရက်ဖ် ရန်နစ်ဟာ ယခုအပတ်အတွင်း ယူနိုက်တက် နည်းပြအဖွဲ့ဝင်သစ်တွေ စတင်ခန့်အပ်နိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။ နည်းပြ ခရစ္စ အာမက်စ်နဲ့ နာမည်ကျော် အားကစားဆိုင်ရာ စိတ်ပညာရှင် ဆက်စ်ချာ လန်စီတို့ဟာ ရန်နစ်ရဲ့ နည်းပြအဖွဲ့ဝင်သစ်တွေ မဖြစ်လာခင် အလုပ်ဗီဇာ စောင့်ဆိုင်းလျက် ရှိနေပါတယ်။

လန်စီဟာ တနင်္လာနေ့က ယူနိုက်တက်ရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို လာပြီး ကစားသမားတွေကို မိတ်ဆက်ခဲ့ပါတယ်။ ၄၆နှစ်သားဟာ ယခင်က ရှော်လ်ကေးမှာ ရန်းနစ်နဲ့အတူ လက်တွဲခဲ့ပြီး ယခု ယူနိုက်တက် ကစားသမားတွေထံ နည်းစနစ်သစ်တွေ မယူဆောင်လာသေးခင် ဗီဇာကိစ္စ ရှင်းလင်းဖို့ လိုအပ်နေပါတယ်။

အာမက်စကတော့ ယခင်က နယူးယောက်ခ် ရက်ဘူးလ်နဲ့ တိုရိန်တို FCတို့ကို ကိုင်တွယ်ခဲ့ပြီး မက္ကင်နာ၊ မိုက်ဖီလန်တို့နဲ့ လက်တွဲမှုမလုပ်ခင် အလုပ်ဗီဇာ လျှောက်ထားခဲ့ပါတယ်။ ရန်နစ်တစ်ယောက် ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ နည်းပြအဖွဲ့ဝင်သစ်တွေအကြောင်း ဆွေးနွေးမယ်လို့ မျှော်လင့်ရပေမဲ့ ယူနိုက်တက်ကတော့ ဗီဇာကိစ္စတွေ ပြီးမှသာ တရားဝင် အတည်ပြုဖို့ ရှိနေပါတယ်။

ရက်ဘူးလ်မှာ လုပ်ပြခဲ့တာတွေကြောင့် အာမက်စ်ဟာ အကောင်းဆုံး လုပ်နိုင်မယ်ဆိုတာ ရန်းနစ်က သိထားပြီး မိုက်ကယ် ကာရစ် အသင်းက ထွက်သွားချိန် နည်းပြအဖွဲ့ဝင်သစ် ၃ဦး ဒါမှမဟုတ် လေ့လာသုံးသပ်သူ ၃ဦးကို ခန့်ဖို့ စီစဉ်နေပါတယ်။ မကြာသေးခင်ကမှ လိုက်ပ်ဇစ်ကနေ ထုတ်ခံလိုက်ရတဲ့ ဂျက်ဆီ မာစ်ကိုလည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပေမဲ့ နည်းပြချုပ်အဖြစ် ကိုင်တွယ်ပြီးမှ လက်ထောက်နည်းပြ ပြန်လုပ်ပါ့မလားဆိုတဲ့အပေါ် သံသယတွေ ရှိနေပါတယ်။

အာမက်စ်ဟာ ဇူလိုင်လက DC ယူနိုက်တက်အသင်းကို ၇-၁ဂိုးနဲ့ ရှုံးခဲ့ပြီးနောက် တိုရွန်တို FCကနေ ထုတ်ပယ်ခုံလိက်ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရက်ဘူးလ်ကို ကိုင်တွယ်ခဲ့စဉ်ကတော့ အသင်းဟာ မေဂျာလိဂ်မှာ ဘောလုံး အမြန်ဆုံး ဆယ်ယူနိုင်တဲ့ အသင်းဖြစ်သလို Pressing လုပ်တာ အကောင်းဆုး အသင်းဖြစ်ပြီး တိုက်ရိုက်တိုက်စစ်ဆင်တဲ့ ကစားပုံ အသုံးပြုခဲ့ကာ ရန်းနစ်ရဲ့ နည်းစနစ်တွေကို အတုယူထားခဲ့ပါတယ်။

ရန်နစ်ကတော့ ယူနိုက်တက်နည်းပြဘ၀ ပထမဆုံးပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ဂိုးနဲ့ နိုင်ခဲ့ပြီး ကောင်းမွန်တဲ့ ကစားပုံအပေါ် ပရိသတ်တွေရဲ့ ချီးကျူးခြင်း ခံခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ရန်နစ်ရဲ့ ဒုတိယပွဲစဉ်အဖြစ် ဗုဒ္ဓဟူးညမှာ ယန်းဘွိုင်း်စနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်နစ်