အန်ဖီးလ်မှာ ပြိုင်ဘက်နည်းပြအဖြစ် ပထမဆုံးရင်ဆိုင်ရမယ့်ပွဲမှာ စိတ်ခံစားချက်ကို ထိန်းသွားမယ်လို့ ဂျရတ် ဖွင့်ဟ
1:20 PM, 6 December
အက်စတွန်ဗီလာအသင်းနည်းပြ ဂျရတ်ဟာ ဗီလာနည်းပြဘ၀ ၄ပွဲမှာ ၃ပွဲမြောက်နိုင်ပွဲ ရယူနိုင်ခဲ့ပြီးနောက် ပြိုင်ဘက်အသင်းနည်းပြအဖြစ် အန်ဖီးလ်ကို ပထမဆုံးအကြိမ် ပြန်လာရမယ့်ပွဲမှာ စိတ်ခံစားချက်တွေကို ထိန်းသိမ်းသွားမယ်လို့ ဆိုပါတယ်။ ဗီလာဟာ နောက်ခံလူကွန်ဆာရဲ့ ဂိုးတွေကြောင့် လက်စတာကို ၂-၁ ဂိုးနဲ့အနိုင်ယူကာ ထိပ်ဆုံး ၁၀သင်းစာရင်းဝင်လာပြီး စနေနေ့မှာ လီဗာပူးနဲ့ အဝေးကွင်းပွဲကစားရမှာ ဖြစ်ပါတယ်။
ဂျရတ်ဟာ လီဗာပူးကစာသမားအဖြစ် ၁၇ နှစ်ကြာဖြတ်သန်းခဲ့တဲ့ကာလအတွင်း အသင်းသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး အသင်းခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပေမယ့် စနေနေ့ပွဲမှာတော့ ဗီလာအတွက်ပဲ အပြည့်စဉ်းစားသွားမယ်လို့ ဆိုပါတယ်။ ''ကျွန်တော်တို့အနေနဲ့ အန်ဖီးလ်မှာ ရနိုင်သမျှ အမှတ်တွေရယူနိုင်ဖို့အတွက် ကြိုးစားသွားမှာဖြစ်ပြီး စိတ်ခံစားချက်တွေရှိနိုင်ပေမယ့် ဒါကို ကျွန်တော် ထိန်းသိမ်းသွားမှာပါ''
''ဒီပွဲက အသင်းနဲ့ပဲသက်ဆိုင်ပြီး ရလဒ်ကောင်းတွေ ရယူနိုင်ဖို့အတွက်လည်း ပြင်ဆင်နေပါတယ်''လို့ ဂျရတ်က ပြောပါတယ်။ ဆက်လက်ပြီး ဂျရတ်က အသင်းရဲ့ ပထမပိုင်းကစားပုံနဲ့ ပတ်သက်လို့ မပျော်မရွှင်ဖြစ်ခဲ့ရတာကြောင့် ပထမပိုင်းနားချိန်မှာ အသင်းသားတွေရဲ့ အနေအထားကို လေ့လာခဲ့တယ်လို့ ပြောပါတယ်။