ရှေ့သို့
Image

ပဲလေ့စ်နဲ့ ပွဲစဉ်က ရော်နယ်ဒိုရဲ့ off the ball ကစားပုံကို ချီးကျူးလိုက်တဲ့ ရန်နစ်

8:41 AM, 6 December

ရက်ဖ် ရန်နစ်က ယူနိုက်တက် ယာယီနည်းပြဘ၀ ပထမဆုံးပွဲအဖြစ် ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ off the ball ကစားပုံကို ချီးကျူးသွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ ဖရက်ရဲ့ လှပတဲ့ သွင်းဂိုးက ယူနိုက်တက်တို့ ၃မှတ်ရစေဖို့အတွက် လုံလောက်စေခဲ့ပြီး ရန်းနစ်လည်း ယူနိုက်တက်နည်းပြဘ၀ ပထမဆုံးနိုင်ပွဲရခဲ့ပါတယ်။ ရန်နစ်ဟာ အသင်းရဲ့ ကစားပုံအပေါ် ကျေနပ်နေပြီး Pressing ကစားကွက်သစ်ကို စတင်အသုံးပြုချိန် ရော်နယ်ဒိုရဲ့ အားထုတ်ပုံအပေါ် ချီးကျူးခဲ့ပါတယ်။

ရန်နစ်က “ကျွန်တော် အသင်းကစားပုံအပေါ် အထူးသဖြင့် ပထမပိုင်းအတွက် Pressing ကစားပုံအပေါ် အလွန်ကျေနပ်ပါတယ်။ ဂိုးမရခဲ့တာပဲ ပြောစရာ ရှိပါတယ်။ ကျွန်တော်တို့ ခံစစ်ကစားပုံအပြင် ပွဲတစ်ခုလုံးကို ထိန်းချုပ်နိင်တာ၊ clean sheet ရတာတွေက အရေးကြီးဆုံး အပိုင်းတွေပါပဲ။ အဲ့ဒီနေရာတွေက ကျွန်တော်တို့ မဖြစ်မနေ တိုးတက်လာရမယ့် နေရာတွေပါ။ ကျွန်တော်တို့ clean sheetတွေ ဆက်ယူရပါမယ်”

“လေ့ကျင့်ခန်း ၁ချိန်တည်းနဲ့အသင်း ကစားပုံအပေါ် ကျွန်တော် တကယ်ကျေနပ်မိပါတယ်။ ထင်ထားတာထက်ပိုပြီး ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုက်စစ်အမြဲကစားဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံး ၅မိနစ်ကလွဲရင် ကျွန်တော်တို့ အခြားအချိန်တွေ ဘာမှမလွတ်ခဲ့ပါဘူး။ အဲ့ဒီတစ်ချိန်လုံး ကျွန်တော်တို့ ပြိုင်ဘက်ကို အဝေးမောင်းထုတ်ထားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုက်စစ်မှူး၂ယောက်နဲ့ ကစားချင်တာဖြစ်ပါတယ်။ စကားမစပ် ခရစ္စတီယာနိုရဲ့ off the ball ကစားပုံက တကယ်ကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။

ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကလည်း နည်းပြသစ်နဲ့ အကောင်းဆုံးစတင်နိုင်ခဲ့ခြင်းအပေါ် ကျေနပ်လျက် ရှိနေပါတယ်။ ဖာနန်ဒက်စ်က “ဒါကပွဲအပေါ် မူတည်ပါတယ်။ တစ်ခါတစ်လေ ပိုပြီး Press လုပ်သင့်ပြီး တစ်ခါတစ်လေ press သိပ်မလုပ်သင့်ပါဘူး။ အဲ့ဒါတွေလည်း နည်းပြ လိုချင်တဲ့အရာတွေထဲက တစ်ခုပါပဲ။ ဖိအားပိုပေးပြီး တက်တက်ကြွကြွ ကစားရမှာဖြစ်ကာ ဒီနေ့တော့ အဲ့လိုမျိုး ကျွန်တော်တို့ အဲ့ဒီလိုလုပ်နိုင်ခဲ့ပါတယ်”

“ပထမပိုင်း၂၅မိနစ်အတွင်းကတော့ မယုံနိုင်စရာ ဖြစ်ပြီး အကောင်းဆုံး ပွဲအရှိန်မြင့်နိုင်ခဲ့ကာ သူတို့ကို ဘာနေရာလွတ်မှ မပေးခဲ့ပါဘူး။ ကျွန်တော်တို့ ဘောလုံးတွေအများကြီး ဆယ်ယူနိုင်ပြီး ရှေ့ကို ပြန်ပို့နိုင်ခဲ့ပါတယ်။ ပထမပိုင်းအတွင်း အနည်းဆုံး ၃ဂိုးလောက်ထိတော့ ကျွန်တော်တို့ သွင်းနိုင်သင့်ပါတယ်။ ဒါပေမဲ့ ၃မှတ်ရခဲ့ပြီး အဲ့ဒါကအရေးကြီးဆုံးအရာပါပဲ”လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ခရစ္စတယ်ပဲလေ့စ် #ရော်နယ်ဒို #ရန်နစ်