ရှေ့သို့
Image

ပြီးခဲ့တဲ့နွေရာသီက အသင်းကနေ အိုရီဂီ ထွက်ခွာသွားဖို့ မျှော်လင့်ခဲ့တယ်လို့ ကလော့ပ်ဝန်ခံ

1:25 PM, 5 December

လီဗာပူးအသင်းနည်းပြ ဂျာဂင်ကလော့ပ်က နွေရာသီက အသင်းကနေ အိုရီဂီကို ဆုံးရှုံးရဖို့ မျှော်လင့်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အိုရီဂီဟာ စနေညမှာ ဝုဗ်အသင်းနဲ့ပွဲမှာ အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

ကလော့ပ်က ပြောပြရာတွင် “တခြားကလပ်မှာ ရှိနေမယ်ဆိုရင်တော့ ကျွန်တော်အနေနဲ့ သူ့ကို ခေါ်မှာပါ။ ကျွန်တော်ကတော့ အပြောင်းအရွှေ့ဖြစ်နိုင်တယ်လို့ တွေးမိခဲ့ပါတယ် ဒါကအမှန်ပါ ဘာလို့လဲဆိုတော့ သူအနေနဲ့ ကြီးမားတဲ့ ပွဲစဉ်တွေ မကစားခဲ့ရဘူး ဒါပေမဲ့ ထပ်ပြီးတော့ ပြောရရင် လီဗာပူးအတွက် မကစားရရင် လူတွေက ကစားပုံမကောင်းဘူးလို့ထင်နေတာကို ကျွန်တော်အနေဖြင့် မယုံကြည်နိုင်အောင်ပါဘဲ”

“အသင်းက အရမ်းထူးချွန်ပါတယ် သင်က ဦးစားပေး နံပါတ်၁၂၊ ၁၃၊ ၁၄နေရာမှာ ရှိနေရင် သင်အနေနဲ့ ထူးချွန်စွာ ကစားရပါမယ် ဒီဗော့က ဒီလိုသူပါ။ သူ အသင်းမှာ အမှန်တကယ် ရှိနေတဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီလိုဖြစ်လာမယ်လို့ကျွန်တော် မမျှော်လင့်ခဲ့ပါဘူး ဒါပေမဲ့ အရမ်းကြီးတော့လည်း အံ့အားမသင့်မိပါဘူး”

“သူက ထိပ်တန်းတိုက်စစ်မှူး သိပ်တော်တဲ့ ကောင်လေးတစ်ယောက်ပါ။ သူ လီဗာပူးမှာ နေလာတာလည်း အချိန်အတော်ကြာနေပါပြီ သူ ဒီကို ရောက်လာတာ အရမ်းငယ်သေးပေမယ့် ဒီကလပ်အတွက် အရေးပါတဲ့ သမိုင်းဝင်ဂိုးတစ်ချို့ကို သွင်းယူထားခဲ့ပါတယ် သူက အကောင်းမြင်တဲ့ ကောင်လေးဖြစ်ပြီး အရမ်းကို ကျွန်တော်ပျော်မိပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

#လီဗာပူး #အိုရီဂီ #ကလော့ပ်