ရှေ့သို့
Image

မက်ပီအသင်းက ထွက်ရင် ရော်နယ်ဒိုကိုခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ပီအက်စ်ဂျီ

1:18 PM, 5 December

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးကြီး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ပရီးမီးယားလိဂ် တစ်ကျော့ပြန်ခရီးမှာလည်း အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ကမ္ဘာ့အချမ်းသာဆုံး အသင်းကြီး တစ်သင်းရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပြီး အဆိုပါအသင်းကို ပြောင်းရွှေ့နိုင်တဲ့ အလားအလာတွေလည်း ရှိလာခဲ့ပါတယ်။

အခုဆိုရင် မန်ချက်စတာယူနိုက်တက်ရဲ့ တရားဝင်နည်းပြအဖြစ် ရာ့ဖ်ရန်နစ်ကို ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ကို ရေရှည်စီမံကိန်းတစ်ခုနဲ့ ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ high pressing ကစားဟန်နဲ့ အသင်းကို တည်ဆောက်သွားဖို့ ရှိပါတယ်။ ယာယီနည်းပြအနေနဲ့ ၆ လတာဝန်ယူပြီးရင် ရန်နစ်ကို အကြံပေးအဖြစ်နဲ့ နောက်ထပ် ၂ နှစ်အသင်းမှာ ထားရှိသွားဦးမှာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ထာဝရအကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်ပေမယ့် high pressing ကစားဟန်နဲ့ လိုက်ဖက်မှာ မဟုတ်ဘူးဆိုပြီး ဝေဖန်မှုတွေရှိနေပါတယ်။ ရန်နစ်အနေနဲ့ သူ့ရဲ့ကစားဟန်နဲ့ မလိုက်ဖက်ခဲ့ရင်တော့ ရော်နယ်ဒိုဖြစ်နေဦးတော့ အရန်ခုံမှာပို့တာဖြစ်ဖြစ် ရောင်းထုတ်တာဖြစ်ဖြစ်တောင် လုပ်ကောင်းလုပ်လာနိုင်ပါတယ်။ ရော်နယ်ဒိုရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ စူပါအေးဂျင့် ဂျော့မန်းဒက်စ်ကလည်း ကီလီယန်မက်ပီဟာ ပီအက်စ်ဂျီကနေ ထွက်ပြီး လာလီဂါထိပ်သီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ ယုံကြည်နေပါတယ်။

El Nacional ကလည်း မန်းဒက်စ်ဟာ မက်ပီဆီကရမယ့် ဝင်ငွေတွေနဲ့ ရော်နယ်ဒိုကို ဝယ်ယူဖို့ မျှော်လင့်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲ့ဒါကြောင့် ၁၂ ကျော်ကာလအတွင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေအဖြစ်နဲ့ အမြဲတမ်း ပြိုင်ဆိုင်ခဲ့တဲ့ နှစ်ယောက်ကို အသင်းတစ်သင်းထဲမှာ အတူတူ ကစားနေတာကို မြင်တွေ့ရနိုင်တဲ့ အလားအလာတွေလည်း ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ရဲ့ ဂန္တဝင်နံပါတ် ၇ ပိုင်ရှင်ဟာ အိုးလ်ထရက်ဖို့ဒ်မှာပဲ ကစားသမားဘဝက အနားယူချင်ကြောင်း ပြောခဲ့ပေမယ့် စီနီယာကစားသမားဘဝကို စတင်ခဲ့တဲ့ ငယ်ဘဝကလပ် စပို့တင်းမှာလည်း အနားယူဖို့ ဆန္ဒရှိတယ်လို့လည်း ပြောဖူးပါတယ်။

ယူနိုက်တက် ပရိသတ်တွေအတွက်တော့ ဒါက စိုးရိမ်စရာသတင်းတစ်ခု ဖြစ်ပြီး ပရိသတ်အများစုကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ယောက်ကို အသင်းမှာပဲ တတ်နိုင်သမျှ ဆက်ထိန်းသွားလိုကြပါတယ်။ တစ်ချို့ကတော့ ရော်နယ်ဒိုနဲ့ မက်ဆီကို ပြိုင်ဘက်တွေအစား အသင်းဖော်တွေအနေနဲ့ မြင်တွေ့လိုနေကြပါတယ်။

#ပီအက်စ်ဂျီ #ရော်နယ်ဒို #မက်ပီ #ရန်နစ်