ရှေ့သို့
Image

ပေါ့ဂ်ဘာရဲ့နေရာမှာ အစားထိုးဖို့ မက်ဂင်းကို ပစ်မှတ်ထားလာတဲ့ ယူနိုက်တက်နည်းပြသစ် ရန်းနစ်

11:17 AM, 5 December

ယူနိုက်တက်အသင်းနည်းပြ ရန်းနစ်ဟာ ကွင်းလယ်ပိုင်းအတွက် အက်စတွန်ဗီလာကြယ်ပွင့် ဂျွန်မက်ဂင်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ပေ့ါဂ်ဘာ၊ လင်ဂတ်နဲ့ ဗန်ဒီဘိခ်တို့ကို ဆုံးရှုံးရဖွယ်ရှိနေလို့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး ရန်းနစ်လက်ထက် ပထမဆုံး ခေါ်ယူမှုအဖြစ် လိုက်ပ်ဇစ်ကွင်းလယ်လူ ဟိုင်ဒါရာကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၂သန်းနဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။

ရာသီသစ်အတွက် အင်္ဂလန်လက်ရွေးစင်တွေဖြစ်တဲ့ ကယ်လ်ဗင်ဖီးလစ်နဲ့ ဒက်ကလန်ရိုက်စ်တို့က လူပြောများနေပေမယ့် မက်ဂင်းကလည်း ယူနိုက်တက်ရဲ့ ပစ်မှတ်ဖြစ်နေပါတယ်။ ဗီလာက မက်ဂင်းအတွက် ပေါင်သန်း ၅၀ထက် လျော့တဲ့ ဘယ်လိုကမ်းလှမ်းမှုကိုမဆို လှည့်တောင်ကြည့်မှာ မဟုတ်ဘဲ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကမှ စာချုပ်သစ် ချုပ်ဆိုထားလို့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ကလည်း ၃ နှစ်ခွဲ လိုပါသေးတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ မက်ဂင်းဟာ ယခုရာသီ ပရီးမီးယားလိဂ် ၁၃ပွဲမှာ ၃ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ပေးထားပါတယ်။

#လင်ဂတ် #ပေါ့ဂ်ဘာ #ဗန်ဒီဘိခ် #ရန်းနစ် #မက်ဂင်း