ရှေ့သို့
Image

အသတ်ခံခဲ့ရတဲ့ ဘာမင်ဂမ်အသင်းပရိသတ်လေးအတွက် ပရိသတ်တွေနဲ့ ဘောလုံးသမားတွေ ဂုဏ်ပြုနှုတ်ဆက်

11:06 AM, 5 December

ဘာမင်ဂမ်အသင်းပရိသတ်လေးကို သတ်ဖြတ်ခဲ့သူတွေ ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက် ယမန်နေ့ညက ဗြိတိန်နိုင်ငံတစ်ဝှမ်းကျင်းပခဲ့တဲ့ ပွဲတွေမှာ ဘောလုံးသမားတွေနဲ့ ပရိသတ်တွေဟာ အသက် ၆ နှစ်အရွယ်လေးနဲ့ ကွယ်လွန်သွားခဲ့ရတဲ့ ဘာမင်ဂမ်ပရိသတ် အာသာဟုချ်ကို ဂုဏ်ပြုနှုတ်ဆက်တဲ့အနက် လက်ခုပ်တီးခဲ့ကြပါတယ်။ အာသာဟာ အမ်မာတူစတင်ရဲ့ နှိပ်စက်မှုတွေကြောင့် ဦးနှောက်ဒဏ်ရာရကာ သေဆုံးသွားခဲ့ရပြီး အဲဒီမှာ သူ့ရဲ့အဖေဖြစ်သူ သောမတ်စ်ဟုချ်ကလည်း ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ဒီအမှုမှာ သားဖြစ်သူကို ရိုက်နှက်နှိပ်စက်ခဲ့ပါတယ်။

အဲဒီမှာ အဓိကလက်သည် တူစတင်ကို ကိုဗင်ထရီတရားရုံးက ထောင်ဒဏ် ၂၉ နှစ်ချမှတ်ခဲ့သလို တူစတင်ရဲ့ ပါတနာဖြစ်တဲ့ သောမတ်စ်ဟုချ်ကလည်း လူသေမှုစွဲချက်အတွက် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဘာမင်ဂမ်အသင်းဟာ စနေညက ကစားခဲ့တဲ့မီဝေါလ်နဲ့ ပွဲမတိုင်ခင် "Arthur we love you" ဆိုတဲ့ စာရေးသားထားတဲ့ တီရှပ် ဝတ်ဆင်ပြီး အာသာရဲ့ပုံ ပါတဲ့ Banner ကို ကွင်းထဲ သယ်ဆောင်ကာ ဂုဏ်ပြုခဲ့သလို ပရိသတ်တွေကလည်း လက်ခုပ်တီးပြီး ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်။

ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းတို့ရဲ့  ပွဲမတိုင်ခင် ကွင်းထဲမှာ အာသာရဲ့ ကြီးမားတဲ့ပုံကို ပြသကာ ဂုဏ်ပြုခဲ့သလို တခြားပွဲတွေမှာလည်း ဂုဏ်ပြုနှုတ်ဆက်သွားပါတယ်။

#ချဲလ်ဆီး #ဝက်စ်ဟမ်း #ဘာမင်ဂမ်