ရှေ့သို့
Image

ဝုဗ်နဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းပေးခဲ့တဲ့ အိုရီဂီကို ဂန္တဝင်တစ်ဦးအဖြစ် ဂျာဂင် ကလော့ပ် ချီးကျူး

10:40 AM, 5 December

ဂျာဂင် ကလော့ပ်ဟာ ယမန်နေ့က ဝုဗ်နဲ့ပွဲစဉ်မှာ လီဗာပူးအသင်း အနိုင်ရအောင် ထပ်မံကူညီပေးခဲ့တဲ့ တိုက်စစ်မှူး အိုရီဂီကို တွေ့ဖူးသမျှထဲ အဆုံးသတ်အကောင်းဆုံး ကစားသမားအဖြစ် ချီးကျူးခဲ့ပါတယ်။ လီဗာပူးတို့ ယခုနှစ်ရာသီ ပထမဆုံးအကြိမ်အဖြစ် ဂိုးမသွင်းနိုင်တဲ့ပွဲ ကြုံတွေ့ရဖို့ များနေချိန် အိုရီဂီ ဝင်လာပြီး ၉၄မိနစ်မှာ အနိုင်ဂိုး သွင်းပေးသွားခဲ့တာ ဖြစ်ပြီး ဝုဗ်ကို အသည်းခွဲခဲ့ပါတယ်။

ဘယ်လ်ဂျီယံသားက ဆာလက်ရဲ့ ဖြတ်တင်ဘောကနေ အနီးကပ် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးတို့ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့မှုအပေါ် အကောင်းဆုံး အခွင့်အရေး ယူနိုင်ခဲ့ပါတယ်။ ဆာလက်၊ ဂျိုတာ၊ မာနေး၊ ဖာမီနိုတို့ ရှိနေတဲ့ လီဗာပူးတိုက်စစ်မှဦ အိုရီဂီတစ်ယောက် ပွဲထွက်ခွင့် သိပ်မရပေမဲ့ ဘာစီလိုနာ၊ တော့တင်ဟမ်၊ အဲဗာတန်တို့နဲ့ ပွဲစဉ်တွေမှာ အသင်းအတွက် လိုအပ်နေတဲ့ သွင်းဂိုးတွေကို သွင်းယူပေးကာ ကူညီခဲ့ပါတယ်။

နွေရာသီအတွင်း ဥရောပကလပ်တွေက အိုရီဂီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပေမဲ့ ကလော့ပ်ကတော့ ရောင်းချခဲ့ခြင်း မရှိပဲ ဇန်နဝါရီမှာလည်း လက်မလွှတ်လိုဘူးလို့ ဆိုခဲ့ပါတယ်။ ကလော့ပ်က “ဒီဗော့ အိုရီဂီ ဂန္တဝင်တစ်ဦးဖြစ်ပြီး အဆုံးသတ်သွားကာ အရမ်းကောင်းတဲ့ ပုံပြင်ဖြစ်ခဲ့ပါတယ်။ သူ ဝင်လာတဲ့အချိန် ဒါကသူ့ပွဲပဲလို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒီလိုဂိုးမျိုးက လေ့ကျင့်ရေးကွင်းမှာ ကျွန်တော်တို့ အများကြီး မြင်ပြီးပါပြီ”

“၉၅မိနစ်မှာ အနိုင်ဂိုးရခဲ့တာက ကောင်းပေမဲ့ အိုရီဂီ သွင်းတဲ့ဂိုးက ပိုကောင်းပါတယ်။ သူ အသင်းသမိုင်းတစ်လျောက် အရေးပါဆုံး သွင်းဂိုးအချို့ကို သွင်းယူပေးခဲ့ပါတယ်။ သူက ကြီးကျယ်တဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး သူ သိပ်မကစားရပေမဲ့ တစ်နေ့မှာ သူ့ကို ပိုပြီးပေးကစားမယ့် နည်းပြတစ်ဦး ရှာတွေ့မယ်လို့ မျှော်လင့်ပါတယ်”

“သူက ကျွန်တော့်ဘ၀မှာ မြင်ဖူးသမျှထဲ အကောင်းဆုံး အဆုံးသတ်သူတွေထဲက ၁ဦးပါ။ ဒီအသင်းကောင်း၁သင်းနဲ့ တိုက်စစ်အတွဲ ၃ယောက်ရှိတဲ့ အခြေအနေမှာ သူ အမြဲမကစားရပေမဲ့ အရမ်းအကောင်းမြင်တတ်သူ တစ်ဦးဖြစ်ကာ အသင်းကို ချစ်သူတစ်ယောက် ဖြစ်ပါတယ်။ သူ အသင်းကို ကူညီချင်ပြီး အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်” “ကျွန်တော်သာ အခြားအသင်းနည်းပြဆိုရင် သူ့ကို ခေါ်မှာပါ။ လီဗာပူးမှာ မကစားရင် ကောင်းမလာဘူးဆိုတာကို ကျွန်တော် မယုံပေမဲ့ သူ ဒီမှာရှိနေလို့ ကျွန်တော် ဝမ်းသာပါတယ်”လို့ ပြောခဲ့ပါတယ်။

လီဗာပူးအသသင်း အခွင့်အရေး အများကြီး လွဲချော်ပြီးချိန် ၃မှတ်ရအောင် ယူနိုင်ခဲ့လို့ အသက်ရှူချောင်ခဲ့ကြောင်း ကလော့ပ်က ဆိုပါတယ်။ “နိုင်ပွဲက တကယ် အရေးပါပြီး ကြီးကျယ်တယ်လို့ ခံစားရပါတယ်။ ပွဲအပြီးမှာ ကျွန်တော်တို့ အဲ့ဒါကို ပြောခဲ့ပြီး လွန်ခဲ့တဲ့ ၂နှစ် ကျွန်တော်တို့ နိုင်ပွဲ လိုအပ်နေတုန်းကလိုမျိုး ပြန်ခံစားရပါတယ်။ နောက်ဆုံးချိန်ထိ အကောင်းမြင်တတ်ဖို့ လိုပါတယ်။ ဒီလိုပွဲမျိုးက ဒီနှစ်ရာသီ မကြာခဏ မလိုအပ်ပေမဲ့ ဒါကကောင်းမွန်တဲ့ အရည်အချင်းဖြစ်ပြီး ဒီလို ပြသနိုင်ခဲ့လို့လည်း ကျေးဇူးတင်ပါတယ်”

“ဒါကကံကောင်းလို့ နိုင်တာ မဟုတ်ပဲ အခွင့်အရေးတွေ ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့တာပါ။ ၁မှတ်ရသွားရင် ဝုဗ်အတွက် ကံကောင်းတယ်လို့ ထင်ပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။

#လီဗာပူး #အိုရီဂီ #ဝုဗ် #ကလော့ပ်