ရှေ့သို့
Image

အင်တာကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ပြီးနောက် သတင်းထောက်တွေအပေါ် ဒေါသပုံကျ ပေါက်ကွဲခဲ့တဲ့ မော်ရင်ဟို

9:43 AM, 5 December

ဟိုဆေး မော်ရင်ဟိုဟာ ယမန်နေ့ည အင်တာမီလန်ကို ၃ဂိုးပြတ် ရှုံးခဲ့ပြီးနောက် သတင်းထောက်တွေအပေါ် ဒေါသပုံထ ပေါက်ကွဲသွားခဲ့ပါတယ်။ ကယ်ဟန်နိုဂလူ၊ ဒီဇီကို၊ ဒမ်ဖရီးစ်တို့ရဲ့ ဂိုးတွနဲအတူ အင်တာတို့ ပွဲချိန် ၃၉မိနစ်ကတည်းက ၃ဂိုးပြတ် ဦးဆောင်နိုင်ခဲ့တာပါ။

ဗုဒ္ဓဟူးနေ့ကလည်း ဘိုလော့ဂ်နာကို ၁-၀ဂိုးနဲ့ ရှုံးခဲ့ပြီးနောက် ရိုးမားဟာ အဆင့်၅နေရာမှာ ရှိနေပေမဲ့ အဆင့်၄နေရာနဲ့ ၉မှတ်အထိ ကွာဟသွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မော်ရင်ဟိုတစ်ယောက် ဒေါသပုံထခဲ့ပြီး သတင်းထောက်တွေထံကနေ မေးခွန်းတစ်ခုမှ ဖြေခဲ့ခြင်း မရှိပါဘူး။

မော်ရင်ဟိုက “မင်းတို့အလုပ်က ငါတို့အလုပ်ထက် အများကြီး ပိုလွယ်နေလို့ ငါတို့က လစာပိုများနေတာပေါ့”လို့ ပြောခဲ့ပါတယ်။ ရိုးမားအသင်း ရှုံးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး မော်ရင်ဟိုက နောက်ထပ်မေးခွန်းတစ်ခုမှ ဖြေကြားခဲ့ခြင်း မရှိခဲ့ပါဘူး။ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေမယ့်အစား မော်ရင်ဟိုက ရိုးမားအသင်းကို ကာကွယ်ခဲ့ပြီး အင်တာရဲ့ အခွင့်အရေး ၃ကြိမ်ကိုသာ တားဆီးနိုင်ခဲ့ရင် ဂိုးမရှိသရေသာ ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။

မော်ရင်ဟိုက “အင်တာက ကျွန်တော်တို့ထက် ပိုကောင်းတဲ့နေ့တစ်နေ့ကို ပိုင်ဆိုင်ခဲ့ပါတယ်။ အင်တာက ကျွန်တော်တို့ထက် ရည်မှန်းချက် ပိုကောင်းပါတယ်။ မပါနိုင်သူတွေ များတာကြောင့် ဒီပွဲက အလွန်ခက်ခဲတဲ့ ပွဲ၁ပွဲ ဖြစ်ခဲ့ပါတယ်” “သူတို့ မနှစ်က ကျွန်တော်တို့ထက် ၂၉မှတ် ပိုသာခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေး ၃ကြိမ် ရခဲ့ပြီး ဝင်ခဲ့ရင် သရေပဲ ဖြစ်မှာပါ”လို့ ပြောခဲ့ပါတယ်။

မော်ရင်ဟိုဟာ ဧပြီလက တော့တင်ဟမ်ကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် နွေရာသီမှာ ရိုးမားကို ကိုင်တွယ်ခဲ့ပြီး အီတလီကို ပြန်လာစဉ် ရလဒ်တွေက အတက်အကျများနေခဲ့ပါတယ်။ မော်ရင်ဟိုက အေဘရာဟမ်၊ ကာစ်ဒေါ့၊ ပယ်လီဂရီနီတို့ မပါဝင်နိုင်ခြင်းကို ထောက်ပြကာ ဂိုးပြတ်ရှုံးပွဲကို ကာကွယ်သွားခဲ့ခြင်း ဖြစ်ပါတယ်။

#ရိုးမား #အင်တာမီလန် #မော်ရင်ဟို #အေဘရာဟမ်