ရှေ့သို့
Image

ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး ယူနိုက်တက် ကမ်းလှမ်းမှုကိုလက်ခံခဲ့တဲ့ ရန်နစ်

4:09 PM, 4 December

ယူနိုက်တက်နည်းပြသစ် ရန်နစ်က သူဟာ လမ်းပတ်အထုတ်ခံရတုန်းက ချဲလ်ဆီးရဲ့ကမ်းလှမ်းမှု ရရှိခဲ့တယ်လို့ အတည်ပြုလိုက်ပါတယ်။ အင်္ဂလန်သားဟောင်းဟာ ရလဒ်တွေ ဆက်တိုက်ဆိုးဝါးခဲ့တာကြောင့် အထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ လမ်းပတ်နေရာအတွက် ယာယီနည်းပြအဖြစ် ရန်နစ်ကို ချဉ်းကပ်ခဲ့ပေမယ့် ဂျာမန်သားက ချဲလ်ဆီးနည်းပြအလုပ်ကို စိတ်မဝင်စားခဲ့တာဖြစ်ပါတယ်။ ရန်နစ်ဟာ လိုကိုမိုးတစ်မော်စကိုအသင်းကို ပြောင်းခဲ့ပေမယ့် ယူနိုက်တက်ကကမ်းလှမ်းလာချိန်မှာ ယူနိုက်တက်နည်းပြအလုပ်ကို လက်ခံခဲ့ပါတယ်။

"တစ်ချိန်တည်းမှာ ချဲလ်ဆီးက ချိတ်ဆက်လာပါတယ်။ ကျွန်တော်တို့ စကားပြောဖြစ်ကြပါတယ်။ ဒါမေယ့် ဘာမှဆက်မဖြစ်ခဲ့ပါဘူး။ ယူနိုက်တက်မှာ ယာယီပြီးရင် ကျွန်တော်အကြံပေးအဖြစ် ၂ နှစ်ဆက်လုပ်မှာပါ"လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။ တူချယ်ဟာ ချဲလ်ဆီးကိုရောက်လာပြီးချိန်မှာတော့ ချန်ပီယံလိဂ်ဖလားရယူပေးနိုင်ခဲ့သလို အခုလည်း ပရီးမီးယားလိဂ်ချန်ပီယံလောင်းဖြစ်လာအောင် ပြောင်းလဲပေးနေပါတယ်။

"အဓိကက ပွဲကိုအနိုင်ရရှိဖို့ပါ။ ပထမဆုံး ကစားသမားတွေကို ကျွန်တော်မိတ်ဆက်ရပါမယ်။ အသင်းကို ပြောင်းလဲပေးဖို့ ကျွန်တော့်မှာအတွေ့အကြုံရှိပါတယ်။ အသင်းကို အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်အောင် ပြောင်းလဲပေးချင်ပါတယ်"လို့ ရန်နစ်က ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #ရန်နစ်