ရှေ့သို့
Image

မေဂျာလိဂ်နည်းပြကို ရန်နစ်ရဲ့ လက်ထောက်နည်းပြ အဖြစ် ခေါ်ယူဖို့ ယူနိုက်တက် စိတ်ဝင်စား

4:02 PM, 4 December

ယူနိုက်တက်နည်းပြသစ် ဖြစ်လာတဲ့ ရာ့ဖ်ရန်နစ်ကတော့ သူ့ရဲ့နည်းပြအဖွဲ့ကို ကိုယ်တိုင်ဖွဲ့ဖို့ စီစဉ်နေပြီး လိုကိုမိုတစ်မှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြလားစ်ကော်နက်ကာကို ယူနိုက်တက်မှာလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ရန်နစ်ကို ရုရှားကလပ်ရဲ့ အားကစားဖွံ့ဖြိုးရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ကော်နက်ကာကလည်း ရုရှားကလပ်ရဲ့ နည်းပြအဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သတင်းတွေအရတော့ ယူနိုက်တက်ဟာ လက်ကျန်ရာသီအတွက် ကော်နက်ကာကို လက်ထောက်နည်းပြအဖြစ် အလိုရှိနေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ လက်ရှိ နယူးရော့ခ်ရက်ဘူးလ်အသင်းရဲ့ နည်းပြ ဂါဟတ်စထရူဘာကိုလည်း ဆက်သွယ်ထားပြီ စထရူဘာကိုတော့ ရန်နစ်ရဲ့ ညာလက်ရုံးအဖြစ် ရည်ရွယ်ထားပါတယ်။

စတူဘာဟာ ဘန်စလေအသင်းကို တာဝန်ယူခဲ့ဖူးတာကြောင့် ယူကေမှာ နည်းပြအဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။ စတုဘာက ဘာတွေတော်လည်း သေချာမသိရပေမယ့် ရန်နစ်ကတော့ သူတာဝန်ယူရမယ့် ၆ လအတွင်း လက်ထောက်နည်းပြတွေအဖြစ် ဒီနည်းပြနှစ်ယောက်ကို ယူနိုက်တက်ထံ တောင်းဆိုထားပါတယ်။ စထရူဘာဟာ ရန်နစ်ဆဲလ်ဘတ်အသင်းကို တာဝန်ယူစဉ်က လူငယ်အသင်းနည်းပြ ဖြစ်ခဲ့ဖူးပါတယ်။ ပထမအသင်း နည်းပြအဖြစ်တော့ သြစတီးယားကလပ် FC Liefering နဲ့ Wolfsberger AC တို့ကို တာဝန်ယူခဲ့ပါတယ်။

စထရူဘာဟာ လက်ရှိနယူးရော့ခ်ကလပ်နဲ့ စာချုပ်ရှိနေတာကြောင့် စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူဖို့လိုအပ်ပေမယ့် ရန်နစ်ရဲ့အဓိကလက်ရုံးတစ်ဆူ ဖြစ်လာဖို့ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်နစ်