ရှေ့သို့
Image

ဇူးမား ထွက်ခွာသွားရတဲ့အကြောင်းရင်းကို တူချယ် ရှင်းပြ

12:36 PM, 4 December

ခြင်္သေ့ပြာတွေအသင်းမှာ ၇နှစ်တာ နေခဲ့တဲ့ နောက်ခံလူ ဇူးမားကို လက်လွတ်လိုက်ရတာက စွန့်စားမှုဖြစ်ကြောင်း ချဲလ်ဆီးနည်းပြ တူချယ်က ဝန်ခံပြောကြားလိုက်ပါတယ်။

ဝက်စ်ဟမ်းအသင်းက ဇူးမားကို ကမ်းလှမ်းလာတဲ့အချိန်မှာ ကစားသမားက ပွဲထွက်ခွင့်ရလိုတဲ့အတွက် ချဲလ်ဆီးကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ ရာသီကြိုမှာ ချာလိုဘတ်ရဲ့ စွမ်းဆောင်ရည်ကောင်းမှုတွေကြောင့် ဇူးမားကို ထွက်ခွာခွင့် ပြုခဲ့တာလို့တူချယ်က အကြောင်းရင်းကို ပြောပါတယ်။

“ကျွန်တော်တို့သူနေရာမှာ  ထရီဗော့ (ချာလိုဘတ်) နဲ့အစားထိုးခဲ့တယ်။ ဘာလို့လဲဆိုတော့ ထရီဗော့ကို ယုံကြည်လို့ပါ။ အဲဒီအချိန်အထိ ဇူးမားကို မလွတ်ပေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အသင်းမှာ တောင့်တင်းတဲ့လူစာရင်း ရှိဖို့အတွက် ကျွန်တော်တို ့တကိုယ်ကောင်း ဆန်သင့်ဆန်ရပါမယ်။ ဒါပေမဲ့ ကာတ် (ဇူးမား) ရဲ့ အခြေအနေနဲ့သူရဲ့ အမြင်တွေကို သင်သိရမှာပါ။ သူက သန်မာတယ်။ အတွေ့အကြုံရှိ ပရီးမီးယားလိဂ်ကစားသမားတစ်ယောက် ဖြစ်တယ် သူနေရာမှာ ခရစ္စတန်ဆန်၊ ရူဒီဂါ၊ အဇ်ပီလီကျူတာတို့နဲ့ယှဉ်ပြိုင်ရတယ် ဒါကြောင့် သူ ပွဲထွက်ခွင့်က မိနစ်အများကြီး မရဘူး။ သူက ကစားသမားဘဝမှာ ကစားခွင့်တွေ ရချင်ခဲ့တယ်။ ရာသီကြိုမှာ ဒီအကြောင်းတွေ ဆွေးနွေးခဲ့တယ်”

ထရီဗော အကြောင်း “ကျွန်တော်တို့သိလာတဲ့နောက်မှာ ဇူးမားက အသင်းကနေ ထွက်ခွာချင်တဲ့ ဆန္ဒရှိတဲ့အခါ သူသွားနိုင်တယ်လို့ကျွန်တော်တို့တွေးမိခဲ့ပါတယ်။ ရက်သတ္တပတ်များစွာ သူ့ကို ကမ်းလှမ်းတဲ့အသင်း မရှိခဲ့ဘူး။ ကျွန်တော့်အတွက်ကတော့ ကာတ်ကို ချစ်တယ်။ သူကို နှစ်သက်တယ်ဆိုတာလည်း ပြောပြထားခဲ့တယ်။ ဆက်နေမယ်ဆိုရင် ထရီဗော လူစာရင်းထဲ ရှိနေရင်တောင်မှ ကျွန်တော်ပျော်တယ် ဒါကြောင့် ထွက်ခွာဖို့ဆွေးနွေးထားတာတွေ မလိုအပ်ဘူးလို့တောင် ပြောခဲ့တယ်။ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်လို့သင့်နေရာအတွက် တိုက်ပွဲဝင်နိုင်ရမယ် အမြဲတမ်းလည်း အခွင့်အရေးရမှာပါ ဒါပေမဲ့ ယှဉ်ပြိုင်မှုက ခက်ခဲပါတယ်။ သူက အမြဲတမ်း အဝတ်စားလဲခန်းမှာ ထိပ်တန်းအဆင့်ရှိသလို ကွင်းထဲမှာလည်း အလားတူပါဘဲ။ ကျွန်တော်ဆိုလိုတာက သူရဲ့ နာမည်ပြောင်က Happyပါ ဒါကြောင့် ပြောရခြင်းဖြစ်တယ်။ သူမှာ သင်မြင်ယောင်လို့ရတဲ့ တောက်ပတဲ့ အပြုံး ရှိတယ်။ သူပြုံးလိုက်ရင် သင်ကိုယ်တိုင်တောင် တခဏတာ ပျော်ရွှင်သွားလိမ့်မယ်”

“ကစားသမားတွေကြားမှာ ကြီးမားတဲ့ လွှမ်းမိုးမှုလည်း ရှိတယ်။ အရမ်းကို လေးစားခံရတဲ့ သူတစ်ယောက်ပါ ပြီးတော့ နောက်ကျတယ်ဆိုပေမယ့် ဝက်စ်ဟမ်းက ကမ်းလှမ်းမှု လုပ်လာတယ် သူလည်း နောက်ကျမှ ဆုံးဖြတ်ခဲ့တယ် ကျွန်တော့်ဆီဖုန်းဆက်ပြီး ဆွေးနွေးကြတယ်။ ကမ်းလှမ်းမှုကလည်း ကျွန်တော့်အတွက် ပြီးပြည်စုံမှု ဖြစ်နိုင်တယ်လေ။ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချခဲ့ရတယ် သူရဲ့ဆန္ဒကို လေးစားတယ် သူက အချိန်အတော်ကြာ အသင်းမှာ နေခဲ့ရတာ ဖြစ်တယ် အဲဒီတုန်းက တည်ငြိမ်တဲ့ခြေစွမ်းရနိုင်မလား မသိတဲ့ ထရီဗော့ကို ကျွန်တော်တို့ယုံကြည်ခဲ့ပြီး အနည်းငယ် စွန့်စားမှု လုပ်ခဲ့တယ် ကျွန်တော်တို့ဇူးမားကို လက်လွတ်ခဲ့ပြီး ဒီအတွက်လည်း ဆုလာဘ်တစ်ခု ပြန်ရခဲ့တယ် ကျွန်တော်မှာ ပြောစရာသိပ်မရှိပေမယ့် ကာတ်အတွက်တော့ စကားလုံးအနည်းငယ်ရှိပါတယ်။ သူရဲ့နည်းပြဖြစ်ခဲ့တဲ့အတွက် ကျွန်တော်ပျော်တယ်။ သူ ဝက်စ်ဟမ်းအတွက် ခြေစွမ်းပြပေးနေတာတွေက အံ့သြစရာတစ်ခုတော့ မဟုတ်ပါဘူး”ဟု တူချယ်က ပြောကြားသွားခဲ့ပါတယ်။

#ဇူးမား #ချဲလ်ဆီး #ဝက်စ်ဟမ်း #တူချယ်