ရှေ့သို့
Image

ပရီးမီးယားလိဂ်ရဲ့ ကြံခိုင်မှုနှင့် လျင်မြန်မှုပိုင်းကို ဝါနာနဲ့ ကိုင်ဟားဗက်ဇ်တို့ စရောက်ခြင်းမှာ အံ့သြတုန်လှုပ်ခဲ့ကြတယ်လို့ လမ်းပတ် ဝန်ခံ

10:44 AM, 4 December

ချဲလ်ဆီးနည်းပြဟောင်း ဖရန့်လမ်းပတ်က သူခေါ်ယူခဲ့တဲ့ ကစားသမားနှစ်ယောက် တီမိုဝါနာနှင့် ကိုင်ဟားဗက်ဇ်တို့ဟာ စတန်းဖို့ဘရစ်ချ်ထံ ရောက်လာချိန်တွင် ပရီးမီးယားလိဂ်ရဲ့ ကြံခိုင်မှုပိုင်းကို အံ့သြတုန်လှုပ်ခဲ့ကြကြောင်း ဖွင့်ဟပါတယ်။

ဂျာမန်နှစ်ယောက်ဟာ ၂၀၂၀ နွေရာသီကာလက အင်္ဂလန်သို့ရောက်လာခဲ့ပြီး ဝါနာက လိုက်ပ်ဇစ်ကနေ ပေါင်၄၇.၅သန်း၊ ဟားဗက်ဇ်က လေဗာကူဆင်ကနေ ပေါင်၇၁သန်းဖြင့် အသီးသီး ချဲလ်ဆီးထံ အခြေချလာခဲ့ပါတယ်။ မြောက်လန်ဒန်ကလပ်မှာ ဝါနာနနှင့် ဟားဗက်ဇ်နှစ်ယောက်လုံး အခြေချဖို့ရုန်းကန်ခဲ့ရပြီး ဝါနာဆိုရင် အဆုံးသတ်ပိုင်းတွေ ညံ့ဖျင်းလို့မကြာခဏဝေဖန်မှု ခံနေရသလို ဟားဗက်ဇ်ကလည်း ချန်ပီယံလိဂ်ဖိုင်နယ်မှာ အနိုင်ဂိုးသွင်းခဲ့သော်လည်း တစ်ပွဲနှင့်တစ်ပွဲ ခြေစွမ်းပုံမှန်မရှိနေတာ ဖြစ်ပါတယ်။

နိုင်ငံခြားက ကစားသမားတွေ အသားကျဖို့ရုန်းကန်ရတာ မျှော်လင့်ထားခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ကြံခိုင်မှုပိုင်းနှင့် ချဲလ်ဆီးရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာဝါနာနှင့် ဟားဗက်ဇ်တို့ အံအားသင့်ခဲ့ရတယ်လို့လမ်းပတ်က ဆိုခဲ့ပါတယ်။

“တီမိုက ကြီးမားတဲ့ ခေါ်ယူမှု ဖြစ်ပါတယ် ဘာလို့လဲဆိုတော့ လီဗာပူးကလည်း သူကို လိုချင်ခဲ့ပါတယ် ယူနိုက်တက်လည်း သူကို လိုက်ခဲ့တယ်” ဟု ယခုနှစ်အစပိုင်းမှာ ချဲလ်ဆီးကနေ အထုတ်ခံခဲ့ရတဲ့ လမ်းပတ်က ဆိုပါတယ်။

“ဝါနာကို ထိပ်သီးကလပ် ၃၊ ၄သင်းလောက်က လိုက်ခဲ့တာကို ကျွန်တော်တို့သိခဲ့ပါတယ် ဒါကြောင့် တီမိုနဲ့ စကားပြောတ့အခါ ကျွန်တော်အနေဖြင့် သူ့ကို ရောက်လာအောင် ပွဲထွက်ခွင့်ပေးရမယ်ဆိုတာ နားလည်ခဲ့ပါတယ်။ တီမိုနှင့် ကိုင်က သေချာပေါက် အသားကျဖို့ကိစ္စမှာ ရှင်းရှင်းလင်းလင်း သဘောပေါက်ခဲ့ကြပါတယ် ဘာလို့လဲဆိုတော့ သူတို့လေ့ကျင်ရေးမှာ ရှိတဲ့ ပြေးအားတွေ ပွဲအတွင်း တောင်းဆိုမှုများတဲ့ ကြံခိုင်မှုပိုင်းတွေကို သူတို့နှစ်ယောက် အံ့သြ တုန်လှုပ်ခဲ့ကြတယ်။ ချဲလ်ဆီးကို ရောက်လာတဲ့ ပထမဆုံးနှစ်က ဟာဇက်ကို မှတ်မိပါတယ် သူက ချဲလ်ဆီးရဲ့ အကောင်းဆုံးကစားသမားတစ်ဦး ဖြစ်ခဲ့တာပါ ဒါပမေဲ့ သူ့ကို ရာသီကြိုမှာ ကြည့်လိုက်ရင် လမ်းလျှောက်နေတာပါဘဲ။ တကယ့်ကောင်းတဲ့ မည့်သည်ကစားသမားမဆို ဒီလို အခက်အခဲကာလကို ဖြတ်ကျော်နိုင်တယ် တီမိုနှင့် ကိုင်တို့လည်း အစောပိုင်းနေ့တွေမှာ အဲဒီလိုကြုံခဲ့ရတယ် ကိုင်က ကိုဗစ်လည်း ဖြစ်သွားတော့ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ အချိန်အတော်လိုခဲ့တယ်”ဟု ဆိုသည်။

ချဲလ်ဆီးကနေ နည်းပြအဖြစ်က  ထုတ်ပယ်ခံရတာနဲ့ပတ်သက်လို့ လမ်းပတ်က ဖွဟရာမှာ“အက်ဖ်အေဖလား စတုတ္ထအဆင့်မှာ ကျွန်တော်တို့ လူတန်တောင်းနဲ့ ကစားခဲ့ရမှာပါ။ နောက်တော့ အမူဆောင်ချုပ် ဘရူစ်ဘတ်ဆီကနေ မက်ဆေ့ချ်ရတယ် သင်အနေနဲ့ လေ့ကျင်ရေးချိန်ကို ရွေ့လိုက်ပြီး ဘုတ်အဖွဲ့အခန်းကို ကျွန်တော်တို့နှင့် လာတွေ့လို့ ရမလားလို့ မေးတယ်။ ချက်ချင်း ကျွန်တော်သိလိုက်တယ်။ ကျွန်တော်ပြောသလိုဘဲ ဒီလိုလုပ်တာက သိပ်ကောင်းတဲ့ နည်းလမ်းမဟုတ်ဘူး တခြားမတူညီတဲ့ လမ်းတွေ ရှိတယ် ဒါပေမဲ့ အဆုံးသတ်မှာ ရလဒ်ကတူတူဘဲ ဖြစ်ခဲ့တယ် ဘရူစ်နှင့် မာရီနာတို့ကို တွေ့တဲ့အချိန်မှာ သူတို့က လှိုက်လှဲစွာနဲ့ဖော်ရွှေတယ် ဘာတွေဖြစ်လာမလဲ သိလိုက်တယ် တစ်ချိန်တည်းမှာဘဲ တာဝန်ယူတဲ့တစ်လျောက်လုံး ကျေးဇူးတင်ပါတယ်လို့ပြောပါတယ်။ ဒီအတိုင်းဘဲ ဖြစ်သွားတယ် သူတို့ဆက်သွားတယ် ဒါနဲ့ပတ်သက်လို့ ဘာမှလုပ်လို့မရဘူး ကျွန်တော် ဒီအခြေအနေမျိုး တစ်ခါမှ မကြုံရဖူးဘူး ဆိုတော့ ဒီအနေအထားမျိုးက အနည်းငယ်တော့ ဆန်းကျယ်ပေမယ့် အလုပ်ဝင်တဲ့အခါမျိုးမှာ အလုပ်ထုတ်တာမျိုးလည်း ဖြစ်နိုင်တယ်ဆိုတာ နားလည်ထားရမှာပါ။ ချဲလ်ဆီးမှာက သင့်အနေနဲ့ အမှတ်ပေးဖလားကို မဆွတ်ခူးနိုင်ဘူးဆိုရင် သင်ထင်ထားသလိုတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု ပြောကြားသွားခဲ့ပါတယ်။

#ချဲလ်ဆီး #လမ်းပတ် #ဟားဗက်ဇ် #ဝါနာ