ရှေ့သို့
Image

မန်စီးတီး လူစာရင်းကို အဆက်မပြတ် ပြောင်းနေတာနဲ့ ပတ်သက်ပြီး ဝန်ခံမှုပြုလုပ်ခဲ့တဲ့ ဂွါဒီယိုလာ

9:25 AM, 4 December

ပက် ဂွါဒီယိုလာက မန်စီးတီး လူစာရင်းကို ရူးသွပ်လောက်စရာကောင်းတဲ့ ပြောင်းလဲရွေးချယ်မှုတွေ ပြုလုပ်နေတာဟာ ကစားသမားတွေအားလုံး ခြေစွမ်းထက်မြက်နေစေဖို့ ဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

လူစာရင်းရွေးချယ်မှုအချို့ဟာ ကစားသမားတွေနဲ့ ပရိသတ်တွေကို အံ့အားသင့်စေနိုင်တယ်ဆိုတာ သိပေမဲ့ ကစားသမားတွေအကုန် ခြေသွေးနိုင်အောင် ခုလို ပြုလုပ်နေတာလို့ ဂွါဒီယိုလာက ဆိုပါတယ်။ မန်စီးတီးအသင်းဟာ ယနေ့ညမှာ ရာနီရေရီရဲ့ ဝက်ဖို့ဒ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အဆိုပါ ပွဲမတိုင်ခင် ဂွါဒီယိုလာက လူစာရင်း ပြောင်းလဲမှုတွေဟာ ထူးခြားတဲ့ အကြောင်းအရာကြောင့် ပြုလုပ်ရခြင်း ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

ဂွါဒီယိုလာက “အခုအချိန်မှာ ကျွန်တော်အခြားရွေးချယ်စရာ မရှိပဲ ဘာဖြစ်လာမယ်ဆိုတာလည်း မသေချာပါဘူး။ ဘယ်သူမှလည်း မသိနိုင်ပါဘူး။ ကျွန်တော် အိမ်ကို ပြန်ပြီး ဘာကြောင့်အခြားဆုံးဖြတ်ချက် မချခဲ့မိပါလိမ့်ဆိုပြီး ပြောနေမှာ မဟုတ်ပါဘူး”“ကျွန်တော် ဒီ holding midfielderကို ထုတ်ပြီး ဒီ တစ်ယောက်ကို သုံးရင် နိုင်သွားမလား။ ဘယ်သူမှ မသိသလို ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော် အမှားလုပ်မိတဲ့အခါ ဝန်ခံရတာကို ကြိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အရမ်းကြီး မသေချာပါဘူး။ ကျွန်တော် ဆုံးဖြတ်ခဲ့တာတွေက အကြောင်းအရာ အများကြီးပါပြီး ရည်ရွယ်ချက်နဲ့ပဲ လုပ်တာ သေချာပါတယ်”

“ကျွန်တော် အကောင်းဆုံး မဖြစ်နိုင်တဲ့ အသင်းကို ဘယ်တော့မှ ပွဲထုတ်ခြင်း မရှိပဲ အကြောင်းအရာတွေ အများကြီးကို တွေးထားပါတယ်။ တစ်ခါတစ်လေ ဒီလူစာရင်းနဲ့ ဒီကစားသမားကို ပေးကစားမယ်ပေါ့။ အဲ့ဒီအချိန်မှာပဲ နောက်တစ်ယောက် ထည့်ရင် ပိုကောင်းမလားဆိုပြီး ဖြစ်သွားတာပေါ့။ တစ်ခါတစ်လေ မဟုတ်သေးဘူး။ နောက်တစ်ယောက်ပေါ့။ အကြောင်းအရာတွေ အများကြီးကို စဉ်းစားရပြီး ဒီကစားသမားက အရည်အချင်း သိပ်မရှိလို့လားဆိုတော့ အဲ့လိုလည်း မဟုတ်ပါဘူး။ အခုအချိန်မှာ ကျွန်တော် နေ့တိုင်း မြင်နေရတဲ့ အကြောင်းအရာများစွာရှိပြီး ဒါကြောင့် ကျွန်တော် ဆုံးဖြတ်ချက်တွေ ချတာပါ။ အဲ့ဒါပါပဲ”လို့ ပြောခဲ့ပါတယ်။

ဂွါဒီယိုလာ ပြီးခဲ့တဲ့ပွဲ ၃ပွဲဆက် ပွဲမထုတ်ခဲ့တဲ့ ကစားသမားကတော့ ကွင်းလယ်လူ ဖိုဒန်ပဲ ဖြစ်ပြီး ဗီလာနဲ့ပွဲမှာဆိုရင် အရန်ခုံမှာသာ ထိုင်ခိုင်းထားခဲ့ပါတယ်။ ဂွါဒီယိုလာကတော့ “သူက အတွေ့အကြုံရှိ ကစားသမားတစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ အတူတကွ နားလည်းထားပါတယ်။ သူ့မှာ နာကျင်မှု ရှိပေမဲ့ အဲ့ဒါက ဘာမှမဖြစ်ပဲ ကစားချင်နေပါတယ်။ သူ သိပ်အဆင်မပြေဘူးလို့ ပြောတဲ့အခါ သူ အဆင်မပြေလို့ပဲ ဖြစ်ပြီး အဲ့ဒါပဲ ဖြစ်ခဲ့တာပါ။ အဲ့ဒါက ကြီးမားတဲ့ ဒဏ်ရာမဟုတ်ပေမဲ့ ဒါကြောင့်ပဲ ပီအက်စ်ဂျီနဲ့ပွဲမှာ မကစားခဲ့ရတာပါ”

“အဲ့ဒါက အသေးစားဒဏ်ရာသာ ဖြစ်ပေမဲ့ သူက ကောင်းကောင်းသည်းခံနိုင်တဲ့သူပါ။ ပုံမှန်အားဖြင့် နာကျင်မှုနဲ့ လေ့ကျင့်ခန်းဆင်းတဲ့အခါ မနက်ထဖို့က မဖြစ်နိုင်ပဲ အားလုံးအဆင်ပြေရမှာ ဖြစ်ပေမဲ့ သူကတော့ အဲ့ဒီလို ပြဿနာ မရှိပါဘူး။ သူ ဘောလုံးကစားဖို့ အရမ်းနှစ်ခြိုက်ပါတယ်။ ဆိုးရွားတဲ့ အခြေအနေမှာတောင် သူ ပွဲကစားချင်နေပြီး အားလုံးက သူ့လိုတော့ မဟုတ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

#မန်စီးတီး #ဂွါဒီယိုလာ