ရှေ့သို့
Image

စမစ်ရိုရဲ့ သွင်းဂိုးက အရမ်းကို ထူးခြားတယ်လို့ ကာရစ် ဝန်ခံ

1:07 PM, 3 December

အာဆင်နယ်ကိုအနိုင်ရခဲ့ပြီးနောက် ယူနိုက်တက်အသင်းနဲ့ ချက်ချင်းလမ်းခွဲသွားပြီဖြစ်တဲ့ ယာယီနည်းပြဟောင်း မိုက်ကယ်ကာရစ်က အာဆင်နယ်ကွင်းလယ်တိုက်စစ်သမား စမစ်ရိုရဲ့ဦးဆောင်ဂိုးက အရမ်းကိုထူးခြားတယ်လို့ ဝန်ခံသွားပါတယ်။

အာဆင်နယ်ဟာ အဲဒီပွဲမှာ စောစောစီးစီးဦးဆောင်ဂိုးရခဲ့ပြီး အသင်းဖော်ဖရက်ဒ်နဲ့ ထိမိလို့ ယူနိုက်တက်ဂိုးသမား ဒီဂီယာ လဲကျနေချိန်မှာ စမစ်ရိုက အဝေးကနေ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်က ဖာနန်ဒက်စ်နဲ့ ရော်နယ်ဒို(၂ဂိုး)တို့ရဲ့ဂိုးတွေကြောင့် ပွဲအပြီးမှာ ၃-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီး ကာရစ်လည်း ယူနိုက်တက်ယာယီနည်းပြဘ၀ ၃ပွဲမှာ ၂ပွဲနိုင်၊ ၁ပွဲသရေ မှတ်တမ်းကောင်းရယူနိုင်ခဲ့ပါတယ်။

''အနည်းဆုံးတော့ စမစ်ရိုရဲ့ဂိုးနဲ့ပတ်သက်လို့ ကျွန်တော် အများကြီးပြောစရာတော့မရှိပါဘူး။ တကယ်လို့ အဲဒီဂိုးကသာ အနိုင်ဂိုးဖြစ်နေမယ်ဆိုရင် ပြောစရာတွေကလည်း ကွဲပြားခြားနားသွားမှာပါ။ ဒီဂိုးက အရမ်းကို ထူးဆန်းပါတယ်''လို့ ကာရစ်က ပြောပါတယ်။

ချေပဂိုးသွင်းယူခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ''သာမန်အားဖြင့်တော့ ဂိုးသမားတစ်ဦး ဒဏ်ရာရလို့ လဲကျနေချိန်မှာ ပွဲကို ရပ်လိုက်သင့်ပါတယ်။ ဒါပေမဲ့ အမှားတွေကလည်း ဖြစ်နိုင်တာပဲလေ။ ဒိုင်လူကြီးက အမှားကျူးလွန်ခဲ့လားဆိုတာ ကျွန်တော်မသိပေမယ့် ကိုယ်တွေဘက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဆက်သွားရမှာပါ''လို့ ပြောပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ ''သူတို့ ဘာတွေမျှော်လင့်နေတာလဲဆိုတာ ကျွန်တော်မသိပေမယ့် ဒိုင်လူကြီးနဲ့ VAR တို့က ဒီဖြစ်ရပ်ကို စစ်ဆေးပြီး ဂိုးပေးခဲ့တာပါ''လို့ ပြောပါတယ်။ ကာရစ်က ချဲလ်ဆီးနဲ့ပွဲမှာ အံ့အားသင့်ဖွယ်အဖြစ် ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့တဲ့ ရော်နယ်ဒိုကို ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပြီး ယာယီနည်းပြ ရန်းနစ်က ဒီနေ့မှာ အသင်းကို စတင်တာဝန်ယူမှာဖြစ်ပါတယ်။

#အာတီတာ #အာဆင်နယ် #စမစ်ရို #ကာရစ်