ရှေ့သို့
Image

ကာရစ် အံ့အားသင့်ဖွယ် ထွက်ခွာခဲ့မှုအပေါ် ယူနိုက်တက် အဝတ်လဲခန်းမှ ခံစားချက်နဲ့ တုံ့ပြန်မှုများ

12:32 PM, 3 December

မိုက်ကယ် ကာရစ်က ယူနိုက်တက်မှ ထွက်ခွာမယ်ဆိုပြီး ကစားသမားတွေကို ပြောပြခဲ့ပြီးနောက် အဝတ်လဲခန်းမှ တုံ့ပြန်မှုဟာ ခံစားချက်အပြည့်နဲ့ ဖြစ်နေခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ယာယီနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ကာရစ်ဟာ အိုးထရက်ဖို့ဒ်ကနေ ၁၅နှစ်အကြာမှာ ထွက်ခွာခဲ့တာ ဖြစ်ပြီး ရန်းနစ်က ယာယီနည်းပြအဖြစ် ဆက်လက် တာဝန်ယူသွားဖို့ ရှိနေပါတယ်။

ကာရစ်ဟာ ယမန်နေ့ည အာဆင်နယ်ကို ၃-၂ဂိုးနဲ့ နိုင်ခဲ့ပြီးနောက် အသင်းက ထွက်ခွာခဲ့တာဖြစ်ပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ကာရစ်က ကစားသမားတွေဟာ ပွဲအပြီးမှာမှ သူထွက်တော့မယ်ဆိုတာ သိခဲ့ကြတာဖြစ်ပြီး ခံစားချက်အပြည့်နဲ့ မြင်ကွင်းတွေကို မြင်ခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

အသင်းက ထွက်မှာ ကစားသမားတွေ ကြိုသိလားလို့မေးတဲ့အခါ ကာရစ်က“သူတို့ မသိပါဘူး။ ကျွန်တော် လွန်ခဲ့တဲ့ ၅မိနစ်ကမှ သူတို့ကို ပြောခဲ့တာပါ”လို့ ဆိုပါတယ်။ အဲ့ဒီလို ပြောလိုက်လို့ စိတ်ဓာတ်ကျသွားစေလားလို့ မေးတဲ့အခါ ကာရစ်က “သူတို့ တုန်လှုပ်ပြီး အံ့အားသင့်သွားတာ ဖြစ်နိုင်ပါတယ်။ အဝတ်လဲခန်းထဲ ခံစားချက်အပြည့်နဲ့ ဖြစ်သွားပါတယ်။ အဲ့ဒါကို ကျွန်တော် မျှော်လင့်ထားပြီးသားပါ။ ဒါကိုရက်အနည်းငယ်ထဲနဲ့ တိတ်ဆိတ်သွားအောင် လုပ်ဖို့က မလွယ်ပေမမဲ့ ကျွန်တော့်မှာ လုပ်စရာ ရှိပါသေးတယ်”“ကျွန်တော်က ဒီမှာ အရေးပါတဲ့သူ တစ်ဦးမဟုတ်ပါဘူး။ ကျွန်တော် ကစားသမားတွေနဲ့ ပရိသတ်တွေအတွက် နိုင်ပွဲတွေပဲ ရှာဖွေပေးချင်တာပါ။ ဒါကကျွန်တော်တို့အတွက် ကြီးကျယ်တဲ့ ညတစ်ညပါ”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်က ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကာရစ်က “ဒါကလွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ မှန်ကန်တာ လုပ်ခဲ့တယ်လို့ ခံစားရပါတယ်။ ကျွန်တော် ကစားပြီးချိန် အနည်းငယ် အနားယူမလို့ပါပဲ။ ကျွန်တော် မိသားစုကို အတူနေမယ်လို့ ကတိပေးခဲ့ပြီး တကယ်တမ်းမှာ ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော် ဒါကြောင့် ပျောက်ကွယ်သွားမှာတော့ မဟုတ်ပါဘူး။ ခုလို အဆုံးသတ်ခဲ့တာက မှန်ကန်တဲ့အချိန်လို့ ထင်ပါတယ်”“ဒါကကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ဆိုတာ ၁၀၀% သေချာပါတယ်။ ကျွန်တော်တို့ အတူတကွ ကြိုးစားခဲ့ပြီး အောင်မြင်မှုတွေ သိပ်မရတဲ့အခါ ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် လူကောင်းတွေနဲ့ အမှတ်တရကောင်းတွေ ရခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကာရစ်