ရှေ့သို့
Image

ရော်နယ်ဒိုကို ဝေဖန်ခဲ့တဲ့ ကာရေဂါ ကိုယ့်နေရာမှာပဲ ကိုယ်နေသင့်တယ်လို့ အီဗရာ ပြန်လည်တုံ့ပြန်

10:42 AM, 3 December

ယမန်နေ့ညက အာဆင်နယ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒို စံချိန်တင် ၈၀၁ ဂိုးအထိ မှတ်တမ်းတင်နိုင်ခဲ့ပြီးနောက် ယူနိုက်တက်ဂန္ထဝင်နောက်ခံလူ အီဗရာက ရော်နယ်ဒိုကို ဝေဖန်ခဲ့တဲ့ လီဗာပူးဂန္ထဝင် ကာရေဂါအနေနဲ့ ကိုယ့်နေရာမှာပဲ ကိုယ်နေသင့်တယ်လို့ တုံ့ပြန်သွားပါတယ်။

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက ပြီးခဲ့ဲတဲ့အပတ်အတွင်း ယူနိုက်တက်အသင်းခေါင်းဆောင် ရွိုင်ကိန်းနဲ့ အချေအတင်ဖြစ်ခဲ့ရာမှာ ရော်နယ်ဒိုအနေနဲ့ အရင်တုန်းကလိုမဟုတ်တော့ဘဲ ယူနိုက်တက်အတွက် ကြီးမားတဲ့ပြဿနာဖြစ်လာနိုင်တယ်လို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်နဲ့ပွဲမှာ ရော်နယ်ဒို ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အီဗရာက ရော်နယ်ဒိုကို ကာရေဂါက ဗြောင်ကြီးမုန်းနေတာဖြစ်ကြောင်း ထောက်ပြခဲ့ပြီး ပရီးမီးယားလိဂ် ဂန္ထဝင်တိုက်စစ်မှူးတွေဖြစ်တဲ့ အလန်ရှီးယားနဲ့ အွန်နရီတို့ကလည်း ပေါ်တူဂီအသင်းခေါင်းဆောင်ကို ချီးကျူးသွားပါတယ်။

''ရော်နယ်ဒိုနဲ့ ပတ်သက်လို့ ပြောတာတွေကတော့ အများကြီးပဲ။ ဘာလို့ ဒီလိုတွေပြောတာလဲဆိုတာ ကျွန်တော်လည်း နားမလည်ဘူး။ ကာရေဂါဆို ၇၇၅ပွဲကစားခဲ့တယ်။ ဒီနေ့မှာ ရော်နယ်ဒိုက ၈၀၁ ဂိုးမြောက်သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီလိုလူမျိုးတွေက ရော်နယ်ဒိုကို ဝေဖန်နေကြတာပါ။ တစ်ခါတလေမှာ ကျွန်တော်စဉ်းစားမိတာက အဲဒီလူတွေအနေနဲ့ ကိုယ့်နေရာမှာပဲ ကိုယ်နေသင့်တယ်ဆိုတာပါပဲ။ ရော်နယ်ဒိုကို သူတို့ ဘာလို့မုန်းနေတာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး''လို့ အီဗရာက ပြောပါတယ်။

ရော်နယ်ဒိုဟာ ရက်ရှ်ဖို့ဒ်ရဲ့ပေးပို့မှုကနေ အသင်းအတွက် ၂-၁ ဂိုးဖြစ်စေမယ့် ဒုတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့သလို ဖရက်ဒ်ကို အိုဒီဂတ် ဥပဒေပကစားလို့ ရလာတဲ့ပင်နယ်တီကို အနိုင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

ရှီးယားက ''တကယ်လို့ ကျွန်တော်နဲ့ အွန်နရီတို့သာ ထရိန်နင်မှာ သွင်းယူတဲ့ဂိုးတွေကိုပါ ထည့်ပေါင်းမှ ဂိုး ၈၀၀ ပြည့်မယ်ထင်ပါတယ်''လို့ ရော်နယ်ဒိုကို ချီးကျူးပါတယ်။

#မန်ချက်စတာယူနိုက်တက် #အီဗရာ #ရော်နယ်ဒို #ကာရေဂါ