ရှေ့သို့
Image

နည်းပြ ဘီယဲလ်ဆာနဲ့ ဘာပြဿနာမှ မရှိပါဘူးလို့ ဆိုလာတဲ့ ကယ်ဗင် ဖီးလစ်

11:14 AM, 1 December

ကယ်ဗင် ဖီးလစ်က လိဒ်စ်ယူနိုက်တက်နည်းပြ မာဆယ်လို ဘီယဲလ်ဆာနဲ့ သူ့ကြားမှာ ဘာအချင်းများမှုမှ မရှိပါဘူးလို့ ငြင်းဆိုသွားခဲ့ပါတယ်။ ကယ်ဗင် ဖီးလစ်နဲ့ ဘီယဲလ်ဆာကြား အချင်းများမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေက ဆိုခဲ့ပြီး ဘရိုက်တန်နဲ့ပွဲစဉ် ပထမပိုင်းအပြီးမှာ အင်္ဂလန်သားတစ်ယောက် လူစားလဲခံခဲ့ရပါတယ်။

ဘရိုက်တန်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲအတွင်း ဖီးလစ်ဟာ ခံစစ်မှူးအဖြစ် ပွဲထွက်လာခဲ့ပြီးမှ ကွင်းလယ်လူအဖြစ် ပြန်ကစားခဲ့ရပါတယ်။ ဒါပေမဲ့ ဖီးလစ်က ပဲလေ့စ်ကို ၁-၀ဂိုးနဲ့ နိုင်ခဲ့ပြီးနောက် ဝါရင့်နည်းပြကြီးနဲ့ ဘာပြဿနာမှ မရှိပါဘူးလို့ တုံ့ပြန်သွားခဲ့ပါတယ်။

ဖီးလစ်က “ကျွန်တော် နည်းပြတောင်းဆိုတဲ့ ဘယ်နေရာမှာမဆို ကစားသွားမှာပါ။ သူ ကျွန်တော့်ကို ခံစစ်မှူးအဖြစ် ကစားစေချင်ရင်လည်း ကစားပေးမှာ ဖြစ်သလို ဂိုးသမားဆိုလည်း ဂိုးသမားပေါ့။ ကျွန်တော် သူ့ကို အရမ်းလေးစားတာကြောင့် သူနဲ့ ဘာပြဿနာမှ ဖြစ်စရာ မရှိပါဘူး”

“ကျွန်တော် လူမှုကွန်ရက်နဲ့ တီဗီမှာ နည်းပြနဲ့ ပြဿနာ ဖြစ်ခဲ့တယ်ဆိုပြီး ရေးနေတာကြတာ တွေ့ပြီး အဲ့ဒီလို လံး၀ မဖြစ်ခဲ့တာကြောင့် ကျွန်တော် ပြန်ဖြေရှင်းရတာပါ”လို့ ပြောခဲ့ပါတယ်။ တနင်္လာနေ့ကလည်း ဘီယဲလ်ဆာက ကယ်ဗင် ဖီးလစ်နဲ့ ဘာပြဿနာမှ မရှိပဲ နည်းစနစ်ပိုင်းအရသာ လူစားလဲခဲ့တာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဘီယဲလ်ဆာက “ကစားသမားတစ်ယောက်ကို လုံး၀လူစားမလဲရဘူးဆိုတာ တွေးကြည့်ဖို့တောင် ခက်ပါတယ်။ ဘောလုံးပွဲလော့ဂျစ်အရ ပွဲတိုင်းမှ‌ြ ကစားသမားတိုင်းကို လဲလို့ ရပါတယ်။ ကျွန်တော် ဒုတိယပိုင်းမှာ ကွင်းလယ်ခံစစ်ပိုင်းအတွက် စထရူဂျစ်က ပိုအဆင်ပြေမယ်ထင်ခဲ့လို့ လဲခဲ့တာပါ”

“ခုလို လုပ်ခဲ့တာက ကျွန်တော် မှန်တယ်လို့ ပြောချင်တာ မဟုတ်ပေမဲ့ အကောင်းဆုံးဖြစ်မယ်ထင်တာကို လုပ်ခဲ့တာပါ။ ဒါပေမဲ့ ဒီလိုလူလဲတာက တစ်ယောက်ယောက်နဲ့ ပြဿနာရှိလို့ မဟုတ်ပါဘူး”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

#ဘရိုက်တန် #လိဒ်စ်ယူနိုက်တက် #ကယ်ဗင်ဖီးလစ် #ဘီယဲလ်ဆာ