ရှေ့သို့
Image

ဂျရတ်ရဲ့ နည်းစနစ်တွေကို ကြိုက်နှစ်သက်တယ်လို့ဗီလာကစားသမားတွေဆီက သတင်းပြန်ကြားရကြောင်း ဖာဒီနန်ပြော

2:29 PM, 30 November

နည်းပြသစ် စတီဗင်ဂျာရတ်ရဲ့ လေ့ကျင်ရေးစနစ်တွေကို အက်စတွန်ဗီလာကစားသမားတွေကို နှစ်ခြိုက်သဘောကျနေကြောင်း ပြန်ကြားသိရတယ်လို့ ဖာဒီနန်က ပြောပါတယ်။ လီဗာပူး အသင်းခေါင်းဆောင်ဟောင်းဟာ ဒင်းစမစ်နေရာ ယခုလအစောပိုင်းက အစားထိုးဝင်လာသူ ဖြစ်ပြီး ပရီးမီးယားလိဂ်တွင် ၂ပွဲကိုင်တွယ်ထားရာမှာ ၂ပွဲလုံး အနိုင်ရထားခဲ့ပါတယ်။

ဂျာရတ်မရောက်မီ ဗီလာဟာ ၅ပွဲဆက် ရှုံးထားခဲ့ပြီး ယခုအခါတွင် ပြီးခဲ့တဲ့အပတ်က ဘရိုက်တန်ကို အိမ်ကွင်းမှာ ၂ဂိုးပြတ် နိုင်ခဲ့သလို ခရစ္စတယ်ပဲလေ့စ်ပွဲမှာလည်း ၂-၁ဂိုးဖြင့် ပြီးခဲ့တဲ့ စနေနေ့က အနိုင်ရထားပါတယ်။ ဆဲလ်ဟာ့ပါ့ခ်တွင် အနိုင်ရရှိမှုကြောင့် ဗီလာဟာ တန်းဆင်းဇုန်နဲ့၇မှတ်အကွာရောက်လာပြီး အမှတ်ပေးဇယား အဆင့်၁၃နေရာ ရောက်ရှိလာခဲ့ပါတယ်။

ဒီလိုအနေအထားမျိုးတွင် ဂျာရတ်ရဲ့ နည်းစနစ်ပိုင်းတွေကို ကစားသမားတွေက သဘောကျနေတယ်လို့ကြားရကြောင်း ဖာဒီနန်က ဖွင့်ဟပါတယ်။ “ဗီလာကစားသမားတွေဆီက အကောင်းမြင်လက္ခဏတွေကို ကျွန်တော်ကြားရတယ် သူတို့လေ့ကျင်ရေးဆင်းတဲ့ ပုံစံနဲ့ပေါ့။

ကစားသမားတွေက နည်းပြအဖွဲ့နဲ့ပက်သက်ပြီး အတော်သဘောကျနေကြတယ်။ သူတို့လေ့ကျင်ရေးမှာက ရှင်းလင်းမှု ရှိတယ် ဘယ်လိုအရာတွေ လုပ်ရမလဲဆိုတာကို နားလည်စွာ သိရတယ်။ လေ့ကျင်ရေးမှာ ပျော်ရွှင်နေတာက လက်ရှိမှာ ရလဒ်ကောင်းတွေ ရစေပါတယ် ဒါကြောင့် အခုကတော့ အပြုသဘောဆောင်တဲ့ အရာတွေ ရှိနေပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

ဗီလာပါခ်တွင် ရောက်ရှိတာ ၃ပတ်ဘဲ ရှိနေသေးပေမယ့် ဂျာရတ်ဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ လုပ်ဖို့တွန့်ဆုတ်ခြင်း မရှိခဲ့ပါဘူး။ ဘရိုက်တန်နဲ့ပွဲတုန်းက ဂိုးတစ်ဂိုး ဖန်တီးပေးခဲ့တဲ့ အသက်၃၆နှစ်အရွယ် ဝါရင့်ကစားသမား အက်ရှ်လေယန်းကို ပြီးခဲ့တဲ့စနေနေ့က ပထမဆုံးပွဲထွက်ခွင့် ပေးခဲ့ပါတယ်။

ဘရိုက်တန်နဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ပြီးခဲ့တဲ့နွေရာသီက နှစ်ယောက်ပေါင်း၆၈သန်းအထိ ပေးကာ ခေါ်ခဲ့ရတဲ့ ဒန်နီအင့်စ်နှင့် ဘွန်ဒီယာတို့ကို ပဲလေ့စ်ပွဲမှာ ချန်လှပ်ဖို့တွန့်ဆုတ်ခြင်းမရှိခဲ့ဘဲ အရန်ခုံ ထိုင်စေခဲ့ပါတယ်။ ဂျရတ်ရဲ့ လုပ်ရည်ကိုင်ရည်က ဗုဒ္စဟူးညမှာ မန်စီးတီးအသင်းအား ဧည်ခံရာတွင် ကြီးမားတဲ့ စိန်ခေါ်မှုအဖြစ် တွေ့နိုင်ပါတယ်။ ပဲလေစ်ကို ၂-၁ဂိုးဖြင့် နိုင်တဲ့ ပွဲအပြီးတွင် ရလဒ်ကောင်းတွေ ဆက်လက်ရရှိသွားဖို့အာရုံစိုက်ထားရမယ်လို့ဂျရတ်က ပြောပါတယ်။

“ကျွန်တော်တို့အာရုံစူးစိုက်မှု အပြည့်နဲ့ရလဒ်ကောင်းတွေကို ဆက်ထိန်းထားဖို့လိုအပ်ပါတယ် ကျွန်တော်တို့လုပ်မှာမဟုတ်တဲ့ အရာတစ်ခုက နိုင်ပွဲ၂ပွဲကို အဝေးကို တွန်းပို့သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်အနေဖြင့် ဒီလိုအနေအထားရောက်အောင် အများကြီး ကြိုးစားနေတယ် ဒါကြောင့် ပုဂ္ဂိုလ်ရေးအမြင်အရပြောရရင် ကျွန်တော်ကတော့ အကောင်းဆုံးအနေအထားရောက်အောင် အသင်းကို ပေးဆပ်သွားချင်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

#လီဗာပူး #ဖာဒီနန် #အက်စတွန်ဗီလာ #ဒင်းစမစ် #ဂျရတ်