ရှေ့သို့
Image

အိုမီခရွန်ကိုဗစ်ပိုးသစ်ကြောင့် ယန်းဘွိုင်းလ်နဲ့ ချန်ပီယံလိဂ်ပွဲကို ကြားကွင်းမှာကစားရဖွယ်ရှိနေတဲ့ ယူနိုက်တက်

2:16 PM, 30 November

သတင်းတွေအရ ရန်နစ်ရဲ့ ပထမဆုံးချန်ပီယံဖြစ်တဲ့ ယန်းဘွိုင်းလ်နဲ့ ပွဲကို အိုးထရက်ဖို့ဒ်မှာ မကစားရပဲ ကြားကွင်းမှာပဲ ကစားရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အသက် ၆၃ နှစ်သားဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဆိုးလ်ရှားနေရာမှာ ယာယီနည်းပြအဖြစ် အစားဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ပထမဆုံးဥရောပပွဲကိုတော့ အိုမီခရွန်ကိုဗစ်အခြေအနေကြောင့် အိုးထရက်ဖို့ဒ်မှာ မကစားရပဲ ကြားကွင်းမှာ ကစားရဖွယ် ရှိနေပါတယ်။ ယူအီးအက်ဖ်အေကတော့ ယန်းဘွိုင်းလ်နဲ့ပွဲအတွက် ကြားကွင်းတစ်ကွင်းရှာဖွေနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ကြားကွင်းမှာကစားရဖွယ်ရှိနေပါက ပရိသတ်တွေကို ဝင်ခွင့်ပေးမလား မပေးဘူးလားဆိုတာတော့ မသချောတာဖြစ်ပါတယ်။ ဆွစ်ဇာလန်မှာ တနလာၤနေ့တုန်းက အိုမီခရွန်ကိုဗစ်ပိုးသစ်ပထမဆုံး တွေ့ရှိခဲ့တာကြောင့် ဆွစ်ဇာလန်လွှတ်တော်အမတ်တွေက အစိုးရရဲ့ကိုဗစ်အစီအစဉ်တွေကို ထောက်ခံမဲပေးခဲ့ကြပါတယ်။

ဆွစ်ဇာလန်အစိုးရကတော့ အိုမီခရွန်ပိုးသစ်ကိုထိန်းချုပ်နိုင်ဖို့အတွက် တားမြစ်ပိတ်ပင်မှုတွေပြုလုပ်ဖွယ်ရှိနေပါတယ်။ ကိုဗစ်ပိုးသစ်ကို တောင်အာဖရိကနေ ဆွစ်ဇာလန်ကိုပြန်လာတဲ့လူတစ်ဦးနဲ့ ဆက်စပ်စေတယ်လို့ ဖက်ဒရစ်ကျန်းမာရေးအဖွဲ့က တွစ်တာက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဗီလာရီးရဲလ်အသင်းကိုအနိုင်ရရှိခဲ့တာကြောင့် အုပ်စုကနောက်တစ်ဆင့်တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဆိုးလ်ရှား #ချန်ပီယံလိဂ် #ယန်းဘွိုင်းလ် #ရန်နစ်