ရှေ့သို့
Image

ယမန်နှစ်ဒါဘီပွဲက ဖြစ်ရပ်တွေကို ပြန်မြင်ယောင်နေမှာမဟုတ်ဘူးလို့ လီဗာပူးကွင်းလယ်လူ သီယာဂိုပြော

1:54 PM, 30 November

ယမန်နှစ်က အဲဗာတန်အသင်းနဲ့ဒါဘီပွဲစဉ်တွင် နောက်ခံလူ ဗန်ဒိုက်နှင့် ၎င်းကိုယ်တိုင် ဒဏ်ရာရခဲ့တာနဲ့ပက်သက်ပြီး ယခုနှစ်မှာ ဆက်လက်ဖြစ်လာဖို့မရှိကြောင်း မာဆေးဆိုက်ဒ်ဒါဘီပွဲမတိုင်ခင် သီယာဂိုက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ဂူဒီဆင်ပါ့ခ်တွင် ရစ်ချာလီဆန်ရဲ့ ဖျက်ထုတ်မှုကြောင့် သီယာဂို ဒဏ်ရာရရှိကာ ၃လခန့်အနားယူခဲ့တာ ဖြစ်ပြီး နောက်ခံလူ ဗန်ဒိုက်ဟာလည်း အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်ရဲ့ မဆင်မခြင် ဖျက်ထုတ်ရာတွင် ပြင်းထန်တဲ့ ဒူးဒဏ်ရာရကာ တစ်ရာသီလုံး နားခဲ့ရပါတယ်။

ဗုဒ္စဟူးနေ့ မာဆေးဆိုက်ဒ်ပွဲမတိုင်မီ သီယာဂိုက ပြောရာမှာ “ဒီပွဲက ဒါဘီဖြစ်တဲ့အတွက် အမြဲတမ်း စပယ်ရှယ်ဖြစ်နေမှာပါ ဒါပေမဲ့ ကျွန်တော်တို့အရာအားလုံး ပေးဆပ်ကစားရမယ့် နောက်ထပ်ပရီးမီးယားလိဂ်ပွဲတစ်ပွဲဘဲ ဆိုတာ စိတ်ထဲမှာ ရှိရပါမယ်။ ကျွန်တော်တို့အဲဒီလို စိတ်မျိုး ပြင်ဆင်ထားရပါမယ်။ ပရိသတ်တွေအတွက် ကစားရမယ် ဒါဘီပွဲတစ်ပွဲပါ ကျွန်တော်တို့အတွက် အဝေးကွင်းမှာ ကစားရမယ့် ပွဲဖြစ်တယ်”

“၃ရက်တစ်ခါ ကစားဖို့က ကွျွန်တော်တို့စောင့်ဆိုင်းနေတဲ့ ကာလတစ်ခုပါဘဲ လေ့ကျင်ရေးဆင်းတာ နည်းပေမယ့် ဘောလုံးကစားရတာဖြစ်တဲ့အတွက် အဆင်ပြေပါတယ် ပွဲကစားရတာက တစ်ရက်ဖြစ်စေ ၃ရက်ဖြစ်စေ ကိစ္စမရှိပါဘူး။ အရင်ကဘယ်လိုဖြစ်ဖြစ်ပါ ဒါက ခေါင်းကြီးသတင်းဖြစ်လာလင့်ကစား သူတို့ဘာဘဲလုပ်လုပ် ကျွန်တော်တို့ ကတော့ ဘောလုံးနဲ့ဘဲ ပြန်ပေးဆပ်မှာပါ” ဟု ဆိုသည်။

အဲဗာတန်အသင်းဟာ နောက်ဆုံးကစားခဲ့ဲတဲ့ ၁၀ပွဲတွင် ၁ပွဲသာ နိုင်ခဲ့ရခဲ့ပြီး ဒဏ်ရာပြဿနာများစွာဖြင့် ရလဒ်ကောင်းဖို့ရုန်းကန်နေရပါတယ်။ လီဗာပူးအသင်းကတော့ ချဲလ်ဆီး၊ မန်စီးတီးတို့နှင့်အပြိုင် ယခုနှစ်မှာ အမှတ်ပေးချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေရတဲ့ အသင်းဖြစ်ပါတယ်။

#ဒါဘီ #လီဗာပူး #သီယာဂို #ရစ်ချာလီဆန်