ရှေ့သို့
Image

ဘာစီလိုနာပစ်မှတ်ကို ချိတ်ဆက်မှုတွေပြုလုပ်လာတဲ့ မန်စီးတီး

1:22 PM, 30 November

သတင်းတွေအရ မန်စီးတီးအသင်းဟာ ဘာစီလိုနာအသင်းပစ်မှတ် ဒန်နီအိုလ်မိုကို ချိတ်ဆက်မှုတွေပြုလုပ်လာတယ်လို့ သိရပါတယ်။ ကတ္တလန်သတင်းဌာနတစ်ခုကတော့ အိုလ်မိုဟာ မန်စီးတီးရဲ့ပစ်မှတ်ဖြစ်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။

အိုလ်မိုဟာ လိုက်ပ်ဇစ်ကို ၂၀၂၀ ဇန်နဝါရီတုန်းက ဒိုင်နမိုဇာဂရက်ကနေ ပြောင်းလာခဲ့တာဖြစ်ကာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ကလပ်အသင်း နဲ့ နိုင်ငံအသင်းမှာ ပုံမှန်နေရာရလာပြီးနောက် စပိန်သားဟာ ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။

အသက် ၂၃ နှစ်သားဟာ ဒီရာသီလိုက်ပ်ဇစ်အတွက် ၆ ပွဲပါဝင်ကစားခဲ့ကာ ၁ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပေမယ့် ဥရောပရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ပစ်မှတ်ထားနေပေမယ့် အိုလ်မိုကို မန်စီးတီးကလည်း ပစ်မှတ်ထားလာခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ ဘာစီလိုနာအသင်းဟာစပိန်သားထက် ဖာရန်တောရက်စ်ကို ပိုစိတ်ဝင်စားလာတယ်လို့ သတင်းတစ်ခုက ဖော်ပြခဲ့ပါတယ်။ မန်စီးတီးကလည်း ဖာရန်တောရက်စ်ကိုရောင်းထုတ်ပြီး အိုလ်မိုကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ ဂွါဒီယိုလာကလည်း အိုလ်မိုကိုစိတ်ဝင်စားနေပြီး ကွင်းလယ်ပိုင်းမှာ အားဖြည့်ချင်နေပါတယ်။

#ဘာစီလိုနာ #မန်စီးတီး #ဂွါဒီယိုလာ #အိုလ်မို