ရှေ့သို့
Image

ရော်နယ်ဒိုအတွက် အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်ထားတဲ့ နည်းပြသစ် ရန်းနစ်

10:20 AM, 30 November

မန်ချက်စတာယူနိုက်တက်ဟာ ဝါရင့်နည်းပြကြီး ရန်းနစ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဂျာမန်သားနည်းပြကြီးဟာ လက်ရှိရာသီ အကုန်ထိ ယူနိုက်တက်ကို တာဝန်ယူသွားမှာဖြစ်ပြီး လက်ရှိရလဒ်တွေ မတည်မငြိမ်ဖြစ်နေတဲ့ ယူနိုက်တက်ကို ဘယ်လိုမျိုးပြောင်းလဲ ပေးနိုင်မလဲဆိုတာကို အားလုံးက စောင့်ကြည့်နေကြပါတယ်။

ယူနိုက်တက်မှာ ဆောင်ရွက်ရမယ့် အဓိကတာဝန်တစ်ခုကတော့ ကြယ်ပွင့်တိုက်စစ်မှူးကြီး ခရစ္စတီယာနိုရော်နယ်ဒိုကို ဘယ်လိုမျိုးအသံုံးချမလဲဆိုတာ ဖြစ်ပြီး သူ့ရဲ့ပထမဆုံး စကားတွေမှာတင် ပေါ်တူဂီလက်ရွေးစင်အတွက် သူ့ရဲကအစီအစဉ်တွေကို ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက် ကစားသမားတွေဟာလည်း အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာမယ့် ရန်းနစ်ကို ကြိုဆိုခဲ့ကြသလို အဓိကကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာကလည်း ရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မယ့် စာချုပ်ကိစ္စကို တစ်ဖန်ပြန် စဉ်းစားသွားဖွယ် ရှိနေပါတယ်။

ပေါ့ဂ်ဘာရဲ့ အပြောင်းအလဲ
==========
မန်ချက်စတာယူနိုက်တက်အနေနဲပ ရန်းနစ်လက်အောက် ကစားဖို့ စိတ်အားထက်သန်နေတဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားဖို့လိုပါတယ်။ ပေါ့ဂ်ဘာရဲ့ စာချုပ်ဟာ ရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်လို့ ဥရောပထိပ်သီးအသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်စ်၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီတို့နဲ့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။

ဒါပေမယ့် နည်းပြသစ်ရန်းနစ်ရောက်လာပြီး ပေါ့ဂ်ဘာကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေပြီး ယူနိုက်တက်ကို ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းထဲ ပြန်ရောက်အောင် ဆွဲတင်ပြီးချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်း ဖြစ်လာအောင် ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ကစားသမားတွေ ရန်းနစ်ကိုကြိုဆို
===============
အိုလ်းထရက်ဖို့ဒ်ကို နည်းပြသစ်ရောက်ရှိတော့မှာ ဖြစ်ကြောင်း ကြေညာပြီးတာနဲ့ ယူနိုက်တက် ကစားသမားတွေဟာလည်း သူတို့ရဲ့ နည်းပြသစ်ကို ကြိုဆိုခဲ့ကြပါတယ်။ ရန်းနစ်ကို ကြိုဆိုခဲ့တဲ့ ပထမဆုံး ကစားသမားကတော့ ဂျက်ဆီလင်ဂတ်ဖြစ်ပြီး သူ့ရဲ့အင်စတာဂရမ် အကောင့်မှာ နည်းပြသစ်ရဲ့ တရားဝင်ကြေညာမှုကို ပြန်လည်ဝေမျှထားတာ ဖြစ်ပါတယ်။

လင်ဂတ်ကလည်း ယူနိုက်တက်ကနေ ဇန်နဝါရီအပြောင်းအရွှေ့မှာ ထွက်ခွာဖို့ သတင်းကြီးနေသူဖြစ်ပြီး သူ့ရဲ့စာချုပ်က ရာသီကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းလယ်လူဟာ စာချုပ်သက်တမ်း တိုးဖို့ကိုလည်း စိတ်ဝင်စားခြင်း မရှိပါဘူး။ အင်္ဂလန်လက်ရွေးစင်ဟာ နည်းပြသစ် လက်အောက်မှာရော ဘယ်လိုမျိုး အခြေအနေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီ၊ အသင်းမှာနေရာ ရမရအပေါ် မူတည်ပြီး ဆက်နေမနေ ဆိုတာကလည်း အဖြေထွက်လာမှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက် အစီအစဉ်
==========
ရာ့ဖ်ရန်းနစ်ရဲ့ မန်ချက်စတာယူနိုက်တက် နည်းပြဘ၀ ပထမဆုံး စကားတွေကနေ ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုအတွက် သူ့ရဲ့အစီအစဉ်တွေကို အရိပ်အမြွတ်ပြသွားခဲ့ပါတယ်။ ရန်းနစ်ကို ယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်လိုက်ကြောင်းကို တနင်္လာနေ့ကမှ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဂျာမန်သားနည်းပြကြီးဟာ high-pressing ကစားဟန်ကြောင့် ကျော်ကြားသူဖြစ်ပြီး ကြံ့ခိုင်မှုအသားပေး ကစားတဲ့ သူ့ရဲ့ကစားကွက်မှာ အသက် ၃၆ နှစ်အရွယ် ကစားသမားကို ဘယ်လိုမျိုးအသုံးချမလဲဆိုတဲ့ မေးခွန်းတွေလည်း များလာခဲ့ပါတယ်။ ဒါပေမယ့် ရန်းနစ်က ရော်နယ်ဒိုကို သူ့ရဲ့ကစားကွက်မှာ အထောင်တိုက်စစ်မှူးအဖြစ် ဆက်လက်အသုံးပြုသွားမယ်လို့ ပြောခဲ့တာကြောင့် ယူနိုက်တက် ပရိသတ်တွေအတွက် စိတ်အေးသွားခဲ့ရပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ရန်းနစ်