ဒီနှစ်ပရီးမီးယားလိဂ် ချန်ပီယံဘယ်သူ ဖြစ်မလဲဆိုတာခန့်မှန်းခဲ့ကြတဲ့ ရွိုင်ကိန်းနဲ့ကာရေဂါ
4:18 PM, 29 November
ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ချဲလ်ဆီးနဲ့ လီဗာပူးတို့ကို ကျော်ပြီး မန်ချက်စတာစီးတီးပဲ ရလိ့မ်မယ်လို့ ရွိုင်ကိန်းရော ဂျေမီကာရေဂါကပါ ရွေးချယ်ခဲ့သွားခဲ့ပါတယ်။ တနင်္ဂနွေညက အဆင့် ၁ နေရာက ချဲလ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ ၁-၁ သရေကျသွားခဲ့ပြီး မန်စီးတီးကတော့ ခြေစွာနေတဲ့ ဝက်စ်ဟမ်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် အဆင့် ၁ နဲ့ ၂ ရဲ့ အမှတ်ကွာဟမှုက ၁ မှတ်သာ ရှိပါတော့တယ်။
လီဗာပူးကတော့ စနေညမှာ ဆောက်သမ်တန်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အဆင့် ၁ က ချဲလ်ဆီးနဲ့ ၂ မှတ်သာ ကွာဟပါတော့တယ်။ ဒါပေမယ့် အဆင့် ၄ နေရာက ဝက်မ်ဟမ်းနဲ့တော့ ၅ မှတ်ကွာဟနေတာကြောင့် ထိပ်ဆုံးသုံးသင်းက ဒီရာသီမှာ ဘယ်သူချန်ပီယံဖြစ်မလဲဆိုတာ ပြောလို့မရနိုင်သေးပါဘူး။ ကိန်းနဲ့ ကာရေဂါကတော့ လက်ရှိချန်ပီယံလိဂ် ချန်ပီယံချဲလ်ဆီးနဲ့ ၂၀၂၀ ချန်ပီယံ လီဗာပူးတို့ကို သဘောကျပေမယ့် ပက်ဂွာဒီယိုလာရဲ့ စီးတီးကိုည်း ၈ ကြိမ်မြောက် အင်္ဂလန်ချန်ပီယံ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။
မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကြီး ကိန်းက ချဲလ်ဆီးဟာ လက်ရှိအချိန်ထိ ကျန်အသင်းအားလုံးထက် ပိုကောင်းနေသလို တနင်္ဂနွေည ပွဲမှာလည်း ပိုကောင်းခဲ့ပေမယ့် သူ့ရဲ့အသင်းဟောင်းအနေနဲ့ ဒီသရေပွဲကနေ ရှေ့ဆက်တက်ဖိုပ အရှိန်ရသွားစေချင်ကြောင်း ပြောခဲ့ပါတယ်။ ကိန်းက “ ဒါက အရေးပါတဲ့ အချိန်မှာ ချဲလ်ဆီးက လက်ရှိအချက်အလက်တွေအရလည်း အားလုံးထက် ပိုကောင်းတဲ့ အသင်းဖြစ်နေပါတယ်။ သူတို့ပိုကောင်းအောင် ကစားပြီး နိုင်ခဲ့သင့်ပါတယ်။
ယူနိုက်တက်ကတော့ စိတ်ဓာတ်နဲ့ ကစားသွားရုံပါပဲ၊ ချဲလ်ဆီးရဲ့ ကန်ချက်အတော်များများကိုလညး ကာကွယ်သွားတယ်။ ဒါက ဒီပွဲရဲ့ အရေးအကြီးဆုံး တစ်စိတ်တစ်ပိုင်းပါပဲ။ အထူးသဖြင့် ယူနိုက်တက်က ဒီပွဲမှာ သိပ်အကောင်းကြီး မဟုတ်ခဲ့ပေမယ့် ဒီပွဲကစပြီး ရာသီကုန်ထိ အရှိန်လေးတစ်ခုလောက် ရသွားရင်ကောင်းမယ်။ ဥရောပပွဲတွေမှာလည်း နိုင်ထားတော့ သူတို့တိုးတက်လာဖို့ မျှော်လင့်ပါတယ် ” လို့ ပြောခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဗုဒ္ဓဟူးညမှာ ဝက်ဖို့ဒ်နဲ့ ကစားရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကတော့ နည်းပြသစ်ရက်နစ်ရဲ့ ပထမဆုံး ဖြစ်လာနိုင်တဲ့ အာဆင်နယ်နဲ့ပွဲကို ကြာသပတေးညမှာ ကစားသွားမှာ ဖြစ်ပါတယ်။
#ချဲလ်ဆီး #ရွိုင်ကိန်း #ကာရေဂါ