ရှေ့သို့
Image

ကာရစ်ပေးလိုက်တဲ့ နည်းစနစ်ပိုင်းစာရွက်လေးနဲ့ ဖရက်ဒ်ကို ဟာသလုပ်

2:14 PM, 29 November

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်တစ်ယောက် နည်းပြကာရစ်ဆီက ရခဲ့တဲ့ နည်းစနစ်ပိုင်း စာရွက်လေးကို ကြည့်နေတဲ့ ပုံဟာ ဆိုရှယ်မီဒီယာမှာ လူကြိုက်များသွားပြီး memes တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ် အဆင့် ၁ နေရာက ချဲလ်ဆီးအသင်းနဲ့ ၁-၁ သရေကျခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင်လာတဲ့ ဒွန်ဗန်ဒီဘိခ်က နည်းပြကာရစ်ပေးလိုက်တဲ့ စာရွက်ပိုင်းလေးကို ဖရက်ဒ်ဆီ လာပေးခဲ့ပါတယ်။ အဲ့ဒီစာရွက် မရခင်လေးတင်ကမှ ချဲလ်ဆီးဂိုးသမား အက်ဒွာမန်ဒီရဲ့ အမှားကနေ ၂၈ နှစ်အရွယ် ဘရာဇီးသားဟာ ဦးဆောင်ဂိုးရရှိနိုင်မယ့် အဖိုးတန်အခွင့်အရေးကြီးတစ်ခုကို ဆုံးရှုံးထားတာ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာက troller တွေကတော့ ဖရက်ဒ်က ကာရစ်ရဲ့ စာကိုဖတ်နေတဲ့ပုံနဲ့ memes တွေ လုပ်ခဲ့ကြပါတယ်။ RoyHBT လို့ခေါ်တဲ့ တွစ်တာအသုံးပြုသူက “ဖရက်ဒ်က မန်ဒီကို ကျော်ပြီးဂိုးသွင်းဖို့ လုပ်တာ မအောင်မြင်တဲ့နောက် ကာရစ်ရဲ့ ပြောစကား “သောက်တလွဲတွေ ထပ်မလုပ်တော့နဲ့” Konate_FPL ဆိုတဲ့သူကလည်း “ ကာရစ် ဖရက်ဒ်ကို ရေးပေးလိုက်တဲ့ စာကတော့ “မင်းသေဖို့သာပြင်ထား ” ပဲ ဖြစ်ပါတယ် ”  UTDFan ဆိုတဲ့ အကောင့်ကလည်း “ ဗန်ဒီဘိခ်ယူလာတဲ့ စာက ဖရက်ဒ်ကို ကာရစ်က ဒီလိုပြောထားတာပါ “ ဒါမျိုးထပ်လုပ် ငါအသင်းမှာ ရှိသရွေ့ အရန်ခုံထိုင်ရမယ်”တဲ့” စတဲ့ memes တွေ မျိုးစုံ တက်လာခဲ့ပါတယ်။

ဖရက်ဒ်ရဲ့ တစ်ကိုယ်ကောင်းဆန်ဆန် ကန်သွင်းမှုကြောင့် တစ်ဖက်မှာ လွတ်လွတ်ကျွတ်ကျွတ် ရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုလည်း တော်တော်လေး ဒေါသထွက်သွားခဲ့ပါတယ်။ ဒုတိယပိုင်း မိနစ် ၆၀ လောက်မှ လူစားဝင်လာတဲ့ ရော်နယ်ဒိုတစ်ယောက် ပွဲပြီးချိန်ထိ ဒေါသထွက်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ မျက်မြင်တွေ့သူရဲ့ အဆိုအရလည်း ရော်နယ်ဒိုဟာ အဝေးကွင်း ပရိသတ်တွေကိုတောင် မနှုတ်ဆက်တော့ပဲ ဥမင်ထဲတန်းဝင်သွားခဲ့တယ်လို့ သိရပါတယ်။

#မန်ချက်စတာယူနိုက်တက် #ကာရစ် #ဖရက်ဒ်