ရှေ့သို့
Image

ရော်နယ်ဒိုကို အရန်ခုံပို့ခဲ့တာ ဘယ်သူ့ပယောဂမှ မပါဘဲ သူကိုယ်တိုင်ဆုံးဖြတ်ခဲ့တာလို့ ကာရစ် ရှင်းလင်း

1:07 PM, 29 November

ယူနိုက်တက်အသင်းနည်းပြ မိုက်ကယ်ကာရစ်က ချဲလ်ဆီးနဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာ ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒိုကို အရန်ခုံပို့ခဲ့တာက မကြာခင် ယာယီနည်းပြအဖြစ် တာဝန်ယူတော့မယ့် ရန်းနစ်ရဲ့ရွေးချယ်မှုမဟုတ်ဘဲ မိမိကိုယ်တိုင်ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း အခိုင်အမာပြောပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က ချဲလ်ဆီးနဲ့ပွဲမှာ လူစာရင်းရွေးချယ်မှုမှာ ရန်းနစ်ရဲ့လွှမ်းမိုးမှုတွေ ပါဝင်နိုင်တယ်လို့ သုံးသပ်ခဲ့ပေမယ့် ကာရစ်ကတော့ သူ့အသင်းဖော်ဟောင်းရဲ့မှတ်ချက်ကို ပယ်ချသွားပါတယ်။

''ရန်းနစ်ကြောင့် ရော်နယ်ဒိုကို အရန်ပုံပို့ခဲ့တာမဟုတ်ပါဘူး။ စတမ်းဖို့ဒ်ဘရစ်ချ်ကို ကျွန်တော်တို့ ပလန်အသေအချာချပြီး လာခဲ့တာပါ။ ချဲလ်ဆီး ဘယ်လိုကစားမလဲဆိုတာ ကျွန်တော် ကြိုသိခဲ့ပါတယ်။ ဒါကြောင့်လည်း ဂျော်ဂျင်ဟိုနဲ့ လော့ဖ်တပ်ချိဖ်တို့ဆီကနေ ဘောလုံးတွေ ထွက်မလာအောင် လုပ်ခဲ့တာပါ။ အသင်း လန်းဆန်းနေစေဖို့ အပြောင်းအလဲအနည်းငယ်လုပ်ခဲ့တာပါ''လို့ ကာရစ်က ပြောပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဗီလာရီးရဲလ်ကို ဝ-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဦးစားပေး ကစားသမားအဖြစ် ပါဝင်ကာ ဦးဆောင်ဂိုးပါ သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ပွဲချိန် ၆၄ မိနစ်မှာ ဆန်ချိုအစား ဝင်ကစားခွင့်ရခဲ့ပြီး ဆန်ချိုက ၂ပွဲဆက်ဂိုးသွင်းနိုင်မှုအဖြစ် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #ရော်နယ်ဒို #ကာရစ်