ရှေ့သို့
Image

အပိုင်အခွင့်အရေးတွေကို လွဲလို့ကောင်းနေဆဲလို့ ဝါနာကို ဝေဖန်လိုက်တဲ့ ဟက်စ်ဆယ်ဘိန့်

12:56 PM, 29 November

တနင်္ဂနွေညက မန်ချက်စတာယူနိုက်တက်နဲ့ ၁-၁ သရေကျတဲ့ပွဲတွင် တီမိုဝါနာရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သူ ဟက်စ်ဆယ်ဘိန့်က သဘောကျနှစ်သက်ခြင်း မရှိခဲ့ပါဘူး။

ချဲလ်ဆီးဟာ ဂျော်ဂျင်ဟိုရဲ့အမှားကနေ ဆန်ချို ရဲ့ ဦးဆောင်ဂိုးသွင်းယူခြင်း ခံခဲ့ရပြီး နောက်ကနေ လိုက်ကစားခဲ့ရာ ပင်နယ်တီရရှိရာကနေ ဂျော်ဂျင်ဟိုက ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ပွဲထွက်တွင် ပူလီဆစ်အစား ဝါနာ  ပါဝင်လာခဲ့ပြီး ဂျူဗင်တပ်စ်ကို ၄ဂိုးပြတ်နိုင်တဲ့ပွဲက လူစာရင်းကို တူချယ်အနေဖြင့် အပြောင်းအလဲ လုပ်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်က ဦးဆောင်ဂိုးရသွားပြီးချိန်မှာ ဂျာမန်သားဝါနာဟာ ချေပဂိုးပြန်ရဖို ့အခွင့်အရေးကောင်းတွေ ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲချိန်၅၇မိနစ်မှာ စည်းအတွင်း အပိုင်ကန်သွင်းချက် ရခဲ့ပြီး ဂိုးပေါက်မတည့်ခဲ့တာကြောင့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ပွဲအပြီး ဘာတန်နည်းပြဖြစ်သူ ဟက်စ်ဆယ်ဘိန့်က ဝါနာဟာ အခွင့်အရေးကောင်းတွေ ဆက်လက်လွဲချော်နေတုန်းဘဲလို့ပြောပါတယ်။

“ဘောလုံးရှိရှိ မရှိရှိ သူကစားပုံက ညံ့ပါတယ်” ဟု စကိုင်းစပေါ့တ်သို့ပြောပါတယ်။ “နံပါတ်၉တစ်ယောက်ဆိုရင် အဆုံးသတ်မှာ သူရဲ့ ပြေးအားတွေက တကယ့်ကို ကောင်းတာပါ ဒါပေမဲ့ ခုတော့ အခွင့်အရေးရတဲ့အပေါ်မှာ အသုံးမချနိုင်တဲ့အပေါ် ဝေဖန်ခံရတော့မှာပါ။ သူရဲ့ ကစားပုံက လုံလောက်မှု မရှိခဲ့ဘူး အနည်းဆုံး အခွင့်အရေး၂ကြိမ်ရခဲ့တာကနေ ဂိုးသွင်းဖို့လိုအပ်ခဲ့ပါတယ် တစ်လုံးက သူရဲ့ ညာခြေနဲ့ကန်တယ် အမှန်ဆိုရင် ဘယ်ခြေဖြင့် ကန်လိုက်ရမှာပါ သူဂိုးသွင်းမယ်ဆိုရင် ခံစားချက်လည်း ပိုကောင်းသွားမယ် ဒါပေမဲ့ သူက အခွင့်အရေးကောင်းတွေ ဆက်လွဲနေတုန်းဘဲ ကြီးမားတဲ့ အခွင့်အရေးတွေပေါ့”ဟု ဆိုပါတယ်။

ဟက်စ်ဆယ်ဘိန့်ရဲ့ မှတ်ချက်ကို ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကိန်းကလည်း သဘောတူခဲ့ပါတယ်။ “သူရဲ့ တစ်ချို့အလုံးတွေက ဂိုးပေါက်တောင်မတည့်ခဲ့ဘူး အနည်းဆုံးတော့ ဂိုးသမားကာကွယ်လောက်တဲ့ ကန်ချက်တွေ ဖြစ်ရမှာပါ”ဟု ပြောကြားသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #ဝါနာ