ရော်နယ်ဒိုကို ပွဲထွက်ခွင့် ထည့်သင့် မထည့်သင့်နဲ့ ပတ်သက်လို့ ရွိုင်ကိန်းနှင့် ကာရေဂါတို့ အငြင်းပွား
12:51 PM, 29 November
ချဲလ်ဆီးနဲ့ ပွဲမှာ အရန်ခုံမှသာ ရော်နယ်ဒို ထိုင်နေခဲ့ရပြီးနောက် ၎င်းရဲ့ ပွဲထွက်ခွင့်နဲ့ပက်သက်ပြီး ရွိုင်ကိန်းနှင့် ကာရေဂါတို့ကြား အချင်းများခဲ့ကြသည်။ စတန်းဖို့ဘရစ်ချ်တွင် ချဲလ်ဆီးအသင်းကို ၁-၁ သရေကစားခဲ့ရာတွင် ယူနိုက်တက်ဟာ ပွဲထွက်စာရင်းတွင် ရော်နယ်ဒိုကို အံ့အားသင့်ဖွယ် ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။
၆၄မိနစ်မှာ လူစားဝင်လာပေမယ့် ရော်နယ်ဒိုဟာ ဒိုင်လူကြီးက အဝါကတ်ပြတာနဲ့ ပတ်သက်လို့စိတ်ပျက်နေခဲ့ပြီး နောက်ဆုံးခရာမှုတ်ချိန်မှာလည်း ခေါင်းငိုက်စိုက်နဲ့ ဥမင်လှိုဏ်ခေါင်းထဲ ဝင်သွားခဲ့ပါတယ်။ ပွဲအပြီး ရွိုင်ကိန်းက ရော်နယ်ဒိုကို အရန်ခုံမှာ ထိုင်ခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ပြီး တဖက်မှာ ကာရေဂါကတော့ ထိုသို့မယူဆခဲ့ပါဘူး။
ကာရေဂါက သူအမြင်ကို ပြောရာမှာ“ရော်နယ်ဒိုက အရင်ကလို မဟုတ်တော့ဘူး သူက ဂိုးတွေ ရယူနေတာ မှန်ပေမယ့် ပွဲတိုင်း သူပါသင့်မလား ဒါမှမဟုတ် လူစားလဲခံရမလားဆိုတာ ကိစ္စကြီးတစ်ခုအဖြစ် ငြင်းခုန်နေရတာ မဖြစ်သင့်ပါဘူး။ ကိန်းက ပြန်လည်ပြောရာမှာ ပွဲတိုင်းတော့ မဟုတ်ဘူး ဂျေမီ ဒါပေမဲ့ ဒီပွဲက ချဲလ်ဆီးနဲ့လေ ဒီပွဲက ယူနိုက်တက်အတွက် ပွဲကောင်းတစ်ပွဲပါ။ ချန်ပီယံလိဂ်ပွဲတွေမှာ နောက်တဆင့်တက်ထားတဲ့အချိန်မှာ မပါဘူးဆိုရင် လက်ခံပါတယ်။ ဒါပေမဲ့ ရော်နယ်ဒိုကျတော့ သူက ပွဲအတွင်းမှာ ရှိတဲ့ အရာတွေအားလုံး အနိုင်ယူခဲ့သူပါ ကလပ်ကို တွန်းတင်ဖို့သူပြန်လာခဲ့တာ သေချာတာပေါ့ ဒီလိုပွဲမျိုးတွေမှာ သူ ကစားချင်ပါတယ်”ဟု ဆိုသည်။
ကာရေဂါကလည်း စပြီး ငြင်းဆန်ရာမှာ “ပွဲထွက်ကစားချင်တယ်ဆိုတာ ကစားသမားတိုင်းဘဲလေ” ဟု မေးသည်။ ကိန်းက ပြန်လည်ပြောရာမှာ သူတို့အားလုံးက ကမ္ဘာ့အဆင့်တွေ မဟုတ်ပါဘူး ကစားသမားဘ၀ ရော်နယ်ဒိုက ပွဲပေါင်း၈၀၀ကျော်ကစားပြီးပြီ ဒီနေ့ မန်ချက်စတာယူနိုက်တက် ကစားပုံကိုကြည့်ရင် ဘောလုံးသာ ကျလာမယ်ဆိုရင် အသက်၃၆အရွယ်ဖြစ်လင့်ကစား ရော်နယ်ဒိုအတွက်က အသုံးချနိုင်တယ်။ ကလပ်ကို သူပြန်လာတာက ဒီလိုပုံစံမျိုးနဲ့မဟုတ်ဘူး သူက ပြေးအားတွေနဲ့ ရုန်းကစားဖို့မဟုတ်ဘူး သူ ပွဲကို သေချာကြည့်တယ် စိတ်ဝင်စားတယ် အားလုံးက ဖိအားပေးကစားဟန်အတွက် သူ့ကို ဝေဖန်ကြတယ်။ သူ ဖိအားပေးမကစားတာ ၄နှစ်ကနေ ၆နှစ်လောက်ရှိပြီ ရော်နယ်ဒိုက ယူနိုက်တက်ရဲ့ ပြဿနာတွေကို ဖြေရှင်းသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ မန်ချက်စတာမှာ အရန်ခုံထိုင်ခိုင်းဖို့ရော်နယ်ဒိုကို သင်ခေါ်လိုက်တာ မဟုတ်ပါဘူး ပွဲတိုင်း သူ ပါဝင်ကစားရမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ဒီပွဲက ချဲလ်ဆီးနဲ့အဝေးကွင်းလေ သင်အနေနဲ့ တန်ပြန်တိုက်စစ်ကစားရာမှာ ဧရိယာအတွင်း ဘောလုံး၂ကြိမ်ခန့်ရနိုင်တဲ့ အနေအထားပါ”ဟု ပြောသည်။
ကာရေဂါက ပြန်လည်မေးရာမှာ “ဒါဆိုရင် ဘာကြောင့်များ ရော်နယ်ဒိုကို ခေါ်လိုက်သလဲ ? မန်စီးတီးခေါ်မှာကို သူတို့တားဆီးချင်လို့လား?? ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ဖို့အစီအစဉ်လုံး၀ မရှိခဲ့ဘူးလေ”ကိန်းက ပြန်ဖြေရာမှာ “သူ အမြဲတမ်း ပွဲထွက်ကစားနေခဲ့ရတာလေ မန်စီးတီးမှာ သွားမကစားချင်လို့ မန်ချက်စတာကို ပြန်လာခဲ့တာ မဟုတ်ဘူး ဒါပေမဲ့ အရန်ခုံမှာ ထိုင်နေရတယ်”“ငါ အဲဒီလို မပြောပါဘူး ငါပြောတာက မန်ချက်စတာယူနိုက်တက်မန်နေဂျာတွေက ရော်နယ်ဒိုကို အရန်ခုံမှာ ထားခွင့်မရဘူးလား”ဟု ကာရေဂါ မေးသည်။
“သေချာတာပေါ့ ရပါတယ် မန်ချက်စတာကို ပြန်လာကတည်းက ရော်နယ်ဒိုရဲ့ အချက်အလက်တွေက ကောင်းနေတာဘဲလေ ပွဲက ဘာအကြောင်းဖြစ်မလဲ ၊ သွင်းဂိုးတွေပေါ့ဗျ”ဟု ကိန်းက ဖြေပါတယ်။ ကာရေဂါက ရော်နယ်ဒိုနဲ့မက်ဆီ အခြေအနေကို ရှင်းပြရင်း သူ့အမြင်ကို ပြောပါတယ်။ “ကျွန်တော် ရော်နယ်ဒိုကို ကစားသမားတစ်ဦးအနေနဲ့ ဝေဖန်နေတာမဟုတ်ပါဘူး သူက ထူးခြားတဲ့ ကစားသမားပါ မက်ဆီနဲ့ပြောရမယ်ဆိုရင် ပီအက်စ်ဂျီက မက်ဆီကို ခေါ်တယ် ရော်နယ်ဒိုကို ယူနိုက်တက်က ခေါ်တယ် သူတို့နှစ်ယောက်လုံးက သမိုင်းတလျောက် အကောင်းဆုံးကစားသမားတွေပါ။ ယူနိုက်တက်က မနှစ်ကထက် အမှတ်ပေးဖလား ရယူနိုင်ဖို့ပိုနီးစပ်လာသလား? နိး မဟုတ်ပါ ပီအက်စ်ဂျီကရော ချန်ပီယံလိဂ်ရဖို့နီးစပ်သွားပြီလား?? မဟုတ်ပါဘူး။ သင်ပြောနေတာက ဂိုးသွင်းတဲ့အကြောင်းတွေ ပြောနေတယ် သင်အနေနဲ့ အသင်းမှာ ကိုယ်ပိုင်အကြံဉာဏ်တွေ ပေါင်းထည့်နိုင်ပါတယ်။ ဒါပေမဲ့ ဘောလုံးဆိုတာ အသင်းလိုက်ကစားအားဘဲလေ။ အသက်၃၆နှစ်အရွယ်မှာ ရော်နယ်ဒိုကို ခေါ်ယူတယ်ဆိုတာက ၄နှစ်အတွင်းမှာ ဆုလားရဖို့မဟုတ်ဘူး အသက်၃၆ ၃၇နှစ် ကစားသမားကို ခေါ်တယ်ဆိုတာ ချက်ချင်းလက်ငင်း အောင်မြင်မှု ရဖို့ဖြစ်တယ် ချန်ပီယံလိဂ်၄ကြိမ်ရ ကမ္ဘာ့ဖလားဆုရ ကစားသမား ဗာရာနီကို ခေါ်တယ်ဆိုတာ လက်ရှိကို အောင်မြင်ချင်လို့ဖြစ်တယ် ဒါပေမဲ့ သူတို့အမှတ်ပေးဖလားရယူဖို့ နီးစပ်လာရဲ့လား?”ဟု ဖြေကြားသွားခဲ့ပါတယ်။