ရှေ့သို့
Image

ရန်းနစ် ရောက်ရှိလာတော့မှာကို ကစားသမားတွေထံ အသင်းက ဖွင့်ဟထားပြီးပြီလို့ ဘိုင်လေ ဖွင့်ဟ

10:27 AM, 29 November

ယာယီနည်းပြ ရန်းနစ်ရောက်ရှိလာတော့မှာကို အသင်းက ကစားသမားတွေထံ ဖွင့်ဟပြောထားပြီးပြီလို့နောက်ခံလူ ဘိုင်လေက အတည်ပြု ပြောကြားထားခဲ့ပါတယ်။

ရန်းနစ်ဟာ သရဲနီတွေနဲ့ယာယီနည်းပြဖြစ်လာရန် ရာသီအကုန်အထိ စာချုပ်နဲ့အတူ သဘောတူညီမှု ရရှိထားပြီး အဲဒီနောက်မှာလည်း အတိုင်ပင်ခံအဖြစ် ၂နှစ် ဆက်လုပ်သွားမည် ဖြစ်ပါတယ်။ အသက်၆၃နှစ်အရွယ် ဂျာမနီနည်းပြဟာ လိုကိုမိုးတစ်အသင်းတွင် အားကစားနှင့် ဖွံဖြိုးတိုးတက်မှုအကြီးအကဲအဖြစ် လုပ်ကိုင်နေရာကနေ  ပရီးမီးယားလိဂ်ထိပ်သီးကလပ်ထံ ရောက်ရှိလာမှာ  ဖြစ်ပါတယ်။

အသက်၂၇နှစ်သားဟာ မကြာခင် ရန်းနစ်က အသင်းထံ ရောက်လာတော့မှာကို  အတည်ပြုခဲ့ပါတယ်။ “ကျွန်တော်တို့နည်းပြသစ် ရောက်လာတော့မယ်အကြောင်းကို အသင်းက ဖွင့်ဟထားပါတယ်”ဟု ဆိုသည်။

ရန်းနစ်ဟာ စာရွက်စာတမ်းကိစ္စများနှင့် ဗီဇာကိစ္စများကြောင့် ယူနိုက်တက်ထံ ချက်ချင်းရောက်လာဦးမှာ မဟုတ်ဘဲ မနေ့က စတန်းဖို့ဘရစ်ချ်တွင် ချဲလ်ဆီးအသင်းနဲ့ ၁-၁ သရေကျရာတွင် ယူနိုက်တက်အသင်းကို ယာယီနည်းပြအဖြစ် ကာရစ်က ကိုင်တွယ်သွားခဲ့သည်။ ကာရစ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပွဲထွက်စာရင်းတွင် ရော်နယ်ဒိုကို ထည့်သုံးသွားခြင်း မရှိဘဲ ပရိသတ်တွေကို အံ့အားသင့်စေခဲ့သည်။ အဆိုပါကိစ္စနဲ့ပက်သက်ပြီး နဗီးလ်က လူစာရင်းကို ယာယီနည်းပြဖြစ်လာမယ့် ရန်းနစ်က ရွေးချယ်ခဲ့တာ ဖြစ်နိုင်တယ်လို့ဆိုခဲ့ပါတယ်။

“ကျွန်တော်ကတော့ ဒီလူစာရင်းကို ယာယီနည်းပြ ရန်းနစ်ရွေးချယ်ခဲ့တာလို့ခံစားနေရပါတယ် ကြားရက်က နည်းပြ ထွက်ခွာသွားပေမယ့် သူတို့လုပ်ခဲ့တဲ့ အပြောင်းအလဲက အကြီးကြီးပါ”ဟု သုံးသပ်ပြောကြားခဲ့ပါတယ်။ နဗီးလ်ရဲ့ ယူဆချက်ကို ဂယ်ရီလိုင်ကာက အဆိုပါလူရွေးချယ်မှုကို ရန်းနစ်လုပ်တာ မဖြစ်နိုင်ကြောင်း ပြန်လည်သုံးသပ်သွားခဲ့ပါတယ်။

ပွဲအပြီး ကာရစ်က ပွဲအကြောင်းပြောရာမှာ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ဂုဏ်ယူရပေမယ့် မိမိတို့နိုင်ပွဲရသင့်တယ်လို့ခံစားရတာကြောင့် သရေသာ ရခဲ့တဲ့အပေါ် အနည်းငယ် စိတ်ပျက်မိတယ်လို့ပြောဆိုသွားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘိုင်လေ #ရန်းနစ်