ရှေ့သို့
Image

သရေပဲ ကစားနိုင်ခဲ့ပေမဲ့ ယူနိုက်တက်ရဲ့ ကစားပုံက ရန်းနစ် အသင်းနဲ့ လုံး၀မတူပါဘူးလို့ တူချယ် ဆို

8:44 AM, 29 November

သောမက်စ် တူချယ်က ယမန်နေ့ည ယူနိုက်တက်ကို အိမ်ကွင်းမှာ ၁ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပေမဲ့ သူတို့အသင်းက ရန်းနစ်ရဲ့ အသင်းနဲ့ လုံး၀မတူပါဘူးလို့ ပြောခဲ့ပါတယ်။

ရန်းနစ်ဟာ ယူနိုက်တက် ယာယီနည်းပြအဖြစ် ကိုင်တွယ်ဖို့ စောင့်ဆိုင်းနေပြီး ကောလာဟလတွေနဲ့ ဂယ်ရီနဗီးလ်ရဲ့ အဆိုအရ မိုက်ကယ် ကာရစ်ရဲ့ လူစာရင်းရွေးချယ်မှုမှာ ဂျာမန်သားရဲ့ လွှမ်းမိုးမှုရှိတယ်လို့ ဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ ခရစ္စတီယာနို ရော်နယ်ဒိုကို အရန်ခုံမှာသာ ထားခဲ့ပြီး ကွင်းလယ်မှာ ခံစစ်အားသန် ဖရက်၊ တိုမီနေးနဲ့ မာတစ်တို့ကို ပွဲထုတ်ခဲ့ပါတယ်။

ကာရစ်က ပွဲကို ကိုင်တွယ်တာ ဖြစ်ပေမဲ့ နည်းစနစ်ဒါရိုက်တာ ဖလက်ချာဟာ ပွဲကြည့်စင်ပေါ်ကနေ နားကျပ်တပ်ထားပြီး ရန်းနစ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေဟန်ရှိနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ တူချယ်ကတော့ ယူနိုက်တက်ဟာ သူ့ဆရာဟောင်း ရန်းနစ် အတွေးအခေါ်နဲ့ အသင်း မဟုတ်သေးပါဘူးလို့ ပြောခဲ့ပါတယ်။

တူချယ်က "သူတို့ကစားပုံက ရန်းနစ်နဲ့ လုံး၀မတူပါဘူး"လို့ ပြောခဲ့တာပါ။ ပွဲအကြောင်း ပြောရာမှာ တူချယ်က "ကျွန်တော်တို့ရဲ့ ပြင်းထန်တဲ့ ကစားပုံ၊ ဟန်ချက်၊ နိုင်လိုစိတ်၊ ခံစစ်ပိုင်းတို့အတွက် ကျေနပ်ပါတယ်။ ကျွန်တော်တို့ ဘောလုံး ဆယ်ယူမှုတွေ အများအပြား ပြုလုပ်နိုင်ခဲ့ပြီး မြင်သာတဲ့ အခွင့်အရေးတွေ မရခဲ့တာကြောင့် ရလဒ်နဲ့ ပတ်သက်လို့ တော်တော် အံ့အားသင့်မိပါတယ်"

"ဒါပေမဲ့ ကြီးမားတဲ့ အားထုတ်မှု၊ ပြင်းထန်တဲ့ စိတ်ဓာတ်၊ ပြိုင်ဘက်ဧရိယာထဲ ဘောလုံးဆယ်ယူမှု အများအပြား ပြုလုပ်နိုင်ခဲ့လို့ ဒီအသင်းအတွက် ကျွန်တော် ကျေနပ်ပါတယ်။ သူတို့ တန်ပြန်တိုက်စစ် မစခင်ကတည်းက ကျွန်တော်တို့ ထိန်းချုပ်ထားနို်ငခဲ့ပြီး ကျွန်တော်တို့ ရဲရင့်ခဲ့ပါတယ်"လို့ ဆိုခဲ့ပါတယ်။

ခံစစ်ပိုင်းအားသန်တဲ့ ယူနိုက်တက်နဲ့တွေ့ချိန် အဆုံးသတ်ပိုင်း အားနည်းခဲ့တဲ့ ချဲလ်ဆီးတိုက်စစ်အပေါ် တူချယ်က ညည်းညူခဲ့ပါတယ်။ "သူတို့ ခံစစ်အထိုင်ထားတာကြောင့် ဦးဆောင်ဂိုး ရဖို့လိုအပ်ခဲ့ပြီး အဲ့ဒါမှ နောက်ဂိုးတွေ သွင်းနိုင်မှာ ဖြစ်ပါတယ်။ ဂိုးမသွင်းနိုင်တဲ့အခါ ပြိုင်ဘက် ကွင်းဘက်ခြမ်းမှာ အခွင့်အရေးတွေ ဖန်တီးနိုင်ဖို့ လိုပါတယ်"

"ကျွန်တော်တို့ အသုံးချနို်ငခဲ့သင့်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမဲ့ ယေဘူယျအားဖြင့် အသင်းကစားပုံကို ကျွန်တော် ကျေနပ်ပါတယ်"လို့ ပြောခဲ့ပါတယ်။ အဆိုပါ သရေပွဲကြောင့် ချဲလ်ဆီးတို့ နောက်က အသင်းတွေနဲ့ အမှတ်အနည်းငယ်သာ ကွာတော့ပေမဲ့ တူချယ်ကတော့ ရလဒ်အပေါ် စိတ်ပျက်ဟန် မပြခဲ့ပါဘူး။ ကျွန်တော်တို့ အံ့ဩနေလို့မရပဲ ဒီလိုရလဒ်တွေက ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ အစွမ်းကုန်အားထုတ်ခဲ့ပြီး ဘန်လေ၊ ယူနိုက်တက်တို့နဲ့ပွဲတွေမှာ ကောင်းကောင် ကစားနိုင်ခဲ့ပေမဲ့ သရေပဲရလို့ စိတ်ပျက်သလို ခံစားရပါတယ်"

"ရာသီတစ်ခုအတွင်း အမှတ်တွေ လျော့တယ်၊ စိတ်ပျက်စရာ ဖြစ်တယ်ဆိုရင် ရလဒ်ကောင်းဖို့ ပြန်ကြိုးစားရပါမယ်။ ၄ပွဲနိုင်၊ ၁ပွဲကျရှုံးတဲ့အခါ ရလဒ်တွေက သိပ်အရေးပါပါဘူး။ ကျွန်တော်တို့က လိုချင်တဲ့နေရာမှာ ရှိနေပါတယ်"လို့ ဆိုခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တူချယ် #ရန်းနစ်